top of page
Search

ဓားမြကိုမဖမ်းရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 15, 2021
  • 1 min read

လက်နက်ကိုင်ဓားမြတွေက အိမ်ထဲအဝင်ခံပြီး သူတောင်းတာပေးလိုက် မပေးရင် ဓားမြတိုက်လိမ့်မယ်ပြောရင် အဆိုပါဓားမြနဲ့ ဓားမြထောက်ခံသူတွေကို ရဲလက်အပ်မလား? ဒါမှမဟုတ် ဓားမြကိုအိမ်ထဲမဝင်အောင် သူက ကိုယ့်သမီးကိုတောင်းရင် ပေးမလား? ဓားမြတွေဆိုတာကအကြမ်းဖက်သမားတွေပါ။ အဆိုပါ ဓားမြကို လက်နက်နဲ့ ပြန်ခုခံ ဒါမှမဟုတ် ဥပဒေအရ ရဲခေါ်ရှင်းမှရမှာပါ။ အထူးသဖြင့်အဆိုပါဓားမြဟာ ရုံးတစ်ခုက ဖမ်းဝရမ်းထုတ်ခံထားရရင် ပိုလို့တောင် ရဲခေါ်ဖို့ ကြိုးစားသင့်ပါတယ်။ နာဇီဟစ်တလာကိုအင်္ဂလိပ်ဝန်ကြီးချုပ် ချိန်ဘာလင်က ငြိမ်းချမ်းရေးအတွက်အလျှော့ပေး ညှိဖို့ ကြိုးစားခဲ့ပါတယ်။ ဟစ်တလာက ပိုတောင်းဆိုလာခဲ့ပါတယ်။ နောက်ဆုံး ချာချီက ပြန်တိုက်မှ နာဇီစနစ်ပျောက်သွားခဲ့တာပါ။ သမိုင်းက သင်ခန်းစာယူစရာလေးတွေပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page