top of page
Search

ဓာတ်ငွေ့မှပြောသော စီးပွါးရေးသတင်း

Writer: Myat Tun OoMyat Tun Oo

ဓာတ်ငွေ့မှပြောသော စီးပွါးရေးသတင်း

အားလုံးသိတယ့်အတိုင်း အသစ်တွေ့ရှိထားတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းတွေကနေ ၂၀၂၃နောက်ပိုင်း သဘာဝဓာတ်ငွေ့တွေကို စီးပွါးဖြစ် ထုတ်လုပ်ရောင်းချနိုင်တော့မှာပါ။

ကမ္ဘာပေါ်မှာက အထည်ချုပ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေကနေ အလုပ်အကိုင်ဖန်တီးပေးနိုင်သလို ဝင်ငွေလဲ ရရှိနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါလုပ်ငန်းတွေဟာ စီးပွါးရေးပိတ်တို့မှုဒဏ်ကို ခံရနိုင်ပါတယ်။ အစိုးရတွေက စီးပွါးရေးမပိတ်ဆို့ခဲ့ရင်တောင် လူ့အခွင့်အရေး လှုပ်ရှားသူများရဲ့ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။ အမေရိကန်နဲ့ အနောက်ဥရောပရဲ့ဖိအားဟာ ဘင်င်္ဂါလီမပြန်ရရင် ဖြည်းဖြည်းချင်းကျပ်လာမှာပါ။ ဒါပေမယ့် မြန်မာဟာ အီရန်လို မြောက်ကိုရီးယားလို အမေရိကန်ကို ရန်လိုနေတာမဟုတ်လို့ အဲ့ဒီလောက်တော့ စီးပွါးရေးပိတ်ဆို့ဖို့ မဖြစ်နိုင်ပါ။ အထူးသဖြင့် အမေရိကန်မှာ ထရမ့်ဆက်တက်ရင် နောက် ၅ နှစ်လောက်တော့ အဆင်ပြေပါမယ်။

ဒီဓာတ်ငွေ့တွေဟာ အနောက်တိုင်းကမယူရင်လဲ အိမ်နီးချင်းတွေကို ရောင်းလို့ရသလို စာရေးသူတို့တိုင်းပြည်မှာ လျှပ်စစ်ဓာတ်အားနဲ့ အခြားဖွံ့ဖြိုးမှုတွေအတွက်လဲ သုံးနိုင်မှာပါ။

ဒါဆို ဒီဓာတ်ငွေ့ကနေ ဘာထူးမလဲ။ ဓာတ်ငွေ့ထွက်ရုံနဲ့တော့ တိုင်းပြည်မတိုးတက်လာနိုင်ပါ။ ဘရွှေလက်ထက်ကလဲ ဓာတ်ငွေ့ထွက်ပေမယ့် သူတို့ခိုးတာနဲ့ တိုင်းပြည်အတွက်မတိုးတက်ခဲ့ပါ။ ပြည်သူက၂၀၂၀ မှာ NLD အစိုးရကို ဆက်မဲပေးခဲ့ရင်တော့ ဒီဓာတ်ငွေ့တွေဟာ ပြည်သူ့အတွက် အကျိုးရှိလာပါမယ်။

ဘာကြောင့်လဲ။ ဥပမာ ဘရွှေလက်ထက်ကလဲ သဘာဝဓာတ်ငွေ့ရောင်းတာက တစ်နှစ်ကို ဒေါ်လာ ၂.၅ဘီလီယံ ရတယ်ဆိုပါစို့။ သူတို့က အဲ့ဒီငွေကို မြန်မာငွေပြောင်းကတဲက စခိုးပါတယ်။ ဒါကြောင့် ဝင်ငွေဒေါ်လာသန်း ၂၅၀၀ ဟာ သူတို့ငွေလဲအပြီးမှာ သန်း ၂၀၀၀ လောက်ဖြစ်သွားပါပြီ။ ဒါကို မလိုအပ်တဲ့စီမံကိန်းတွေမှာ ငွေဖြုန်းတာ(နေပြည်တော်ဆောက်တာ၊ ဗိုလ်ရှုခံသဘင်မျိုးတွေလုပ်ပြီး ဖြုန်းပါတယ်။ဒါကြောင့် ကျောင်းဆောက် လမ်းဖောက်ရာမှာ ငွေနည်းသွားပါတယ်။ နောက် ဖောက်တဲ့လမ်း၊ကျောင်း၊ ဆေးရုံ၊ ရထားလမ်းကို ထပ်ခိုးတော့ ပြည်သူက မတိုးတက်နိုင်ခဲ့ပါ။ ဒီလိုခိုးတဲ့ပိုက်ဆံနဲ့ သူတို့သားသမီးတွေ ပြိုင်ကားပုံတင်တာ၊ ဟိုတယ်ဆောက်တာတွေကြည့်ရင် သိနိုင်ပါတယ်။

ယခု NLD အစိုးရသာ ၂၀၂၀ မှာ ဆက်နိုင်ခဲ့ရင် ဘာမှထူးထူးခြားခြား ထ မလုပ်တတ်ရင်တောင်တိုးတက်လာတဲ့ ဝင်ငွေကို ဘရွှေတို့လို မဖြုန်းလို့ ပြည်သူတွေက အကျိုးရှိရှိသုံးနိုင်မှာပါ။ ဥပမာဒေါ်လာသန်း ၂၅၀၀ ဟာ ဘရွှေတို့လက်ထက်ကလို မခိုးလို့ သန်း ၂၅၀၀ လုံးကျန်ပါမယ်။ နောက်ဘရွှေတို့လို မဟုတ်တဲ့နေရာမှာ မဖြုန်းလို့ အကုန်လုံးကို ပြည်သူ့အတွက် သုံးနိုင်ပါမယ်။ ဘရွှေတို့ ဘစိန်တို့လုပ်ခဲ့တာက အဖြုန်း စီမံခန့်ခွဲမှုအသုံးမကျခြင်း(mismanagement) လို့ ခေါ်ပါတယ်။ အဆိုပါ ပိုငွေကိုကျောင်း၊ ဆေးရုံ၊ မီးနဲ့ လမ်းဖောက်ရာမှာ သုံးနိုင်လို့ ဘရွှေ ဘစိန် ၁၀ နှစ်နေမှ ဆောက်နိုင်တဲ့ လမ်းအကွာအဝေးကို NLD အစိုးရ ၂ နှစ်အတွင်း လုပ်နိုင်ခဲ့ပါတယ်။ ဆောက်တာတွေရဲ့ အရည်အသွေးကလဲ စစ်အစိုးရလက်ထက်ကထက် ၁၀ ဆသာခဲ့ပါတယ်။ ခိုးပြီးပြိုင်ကားဝယ်၊ဟိုတယ်ထောင်နိုင်သူတွေတော့ နည်းလာပါတယ်။

ဒါ့အပြင် ပိုလျှံငွေတွေကို အသက်ကြီးသူတွေထောက်ပံ့တာ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ထောက်ပံ့တာကိုလုပ်လာနိုင်ပါတယ်။ တပ််မတော်မှာလဲ NLD အစိုးရလက်ထက်မှာမ ရေငုပ်သင်္ဘာတွေ နောက်ဆုံးပေါ်တိုက်လေယဉ်တွေ ဝယ်လာနိုင်ခဲ့ပါတယ်။ ယခုလို သဘာဝဓာတ်ငွေ့ ပိုထွက်လာရင် တိုင်းပြည်အတွက်ဝင်ငွေများလာမှာဖြစ်သလို စီးပွါးရေးပိတ်ဆို့မှုကနေလဲ အထိုက်အလျောက်သက်သာနိုင်ပါတယ်။ပြည်သူတွေအနေနဲ့လဲ ၂၀၂၀ မှာ NLD ကို မဲဆက်ပေးရင် တိုင်းပြည်ဘဏ္ဍာ အခိုးမခံရဘဲ အရှိန်အဟုန်နဲ့ တိုးတက်လာမယ်လို့ ပြောပါရစေ။

News credit: Irrawaddy and Myanmar times

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page