top of page
Search

ဓာတ်ခဲ၊ အဘနဲ့ ဖွတ်ဟာ အတူတူလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 10, 2019
  • 1 min read

ဓာတ်ခဲ၊ အဘနဲ့ ဖွတ်ဟာ အတူတူလား

ဓာတ်ခဲအကြောင်းကိုရေးရင် တိုင်းရင်းသားအရေးမဖြစ်အောင် လူမျိုးရေးမဖြစ်အောင် သတိထားခဲ့ပါတယ်။ ယခုလဲ သတိထားနေဆဲပါ။

ပထမ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီမုန်းတီးရေးလုပ်ပြီး ANP ဟာ အင်အားကြီးလာခဲ့ပါတယ်။ ၂၀၁၇ မှာANP က ကိုအေးမောင်ခေါင်းဆောင်တဲ့အဖွဲ့က တပ်ကိုခေါ်ပြီး ဘင်္ဂါလီရှင်းလင်းရေးလုပ်ခဲ့ပါတယ်။ဘီဘီစီသတင်းထောက်လာချိန်မှာ အိမ်တွေကိုမီးရှို့တာ ဘယ်ပါတီဝင် ရွာသားတွေလဲ စဉ်းစားစရာပါ။

ဒါကထားလိုက်ပါ။ နောက်ဓာတ်ခဲကို ကပစလက်နက်တွေ ရောင်းခဲ့တာလား ပေးခဲ့တာလားမသိပေမယ့်လက်နက်တိုက်က ဗိုလ်မှူးကြီးကတော့ မိမိကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ သူသေသွားလို့ မသိလိုက်တာက သူကရောင်းစားတာလား အထက်အမိန့်အရ ပေးလိုက်တာလားပါ။ ကိုအေးမောင်ဟာ အဘနဲ့ပြဿနာတက်လို့ အဖမ်းခံခဲ့ရပေမယ့် သူအော်တာက ကာလုံခေါ်ပေးဖို့ ဖွတ်အသံလေးနဲ့ အော်သွားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ DASSK က ဓာတ်ခဲကို အပြတ်ရှင်းဖို့ ပြောပါတယ်ဆိုပြီး ဗိုလ်ချုပ်ထွန်းထွန်းညီပြောကထဲက ဂျင်းဆိုတာ သိသာပါတယ်။ ဒီစကားက တပ်ချုပ်ကြီးရဲ့ လေသံပါ။သူ့ရည်ရွယ်ချက်က တိုင်းရင်းသားနဲ့ DASSK ကို တိုက်ပေးခဲ့တာပါ။ လာပါပြီ။ ဂျပန်ရောက် ရခိုင်အဖွဲ့က DASSK ကိုဆန္ဒပြဖို့ တိုက်တွန်းရာမှာ ထွန်းထွန်းညီပြောတာတွေကို ယူသုံးထားပါတယ်။ ဒါတင်မဟုတ်ဘဲ ရခိုင်မှာသေသမျှကို မအလကို အပြစ်မတင်ဘဲ DASSK ကိုသာ အပြစ်တင်ထားတာဟာ ပထွေးကိုအကြောက်လွန်နေတဲ့ ဖွတ်လေသံနဲ့ တူနေပါတယ်။ ဒီနေရာမှာ ဓာတ်ခဲက ရဲကင်းစခန်းတွေဝင်တိုက်ရာက တိုက်ပွဲစခဲ့တာကို မေ့နေဟန်တူပါတယ်။

သူတို့ရဲ့ ထူးခြားချက်က DASSK ကို ဆန္ဒပြဖို့ပြင်နေပေမယ့် သူတို့ကို တကယ်တိုက်နေတဲ့ တပ်ချုပ်ကိုတော့ ဘယ်ဟိုတယ်မှာ တည်းခိုနေလဲသိတာတောင် ဆန္ဒမပြရဲတာပါ။ တစ်ဖွဲ့ထဲမိုလို့ မပြတာလဲ ဖြစ်နိုင်ပါတယ်။

ဓာတ်ခဲဟာ ရခိုင်လူမျိုး ဝကခကို လုပ်ကြံဖို့ အကြိမ်ကြိမ်ကြိုးစားတာ၊ သူနဲ့သဘောထားကွဲလွဲသူလူမျိုးတူကို အကြမ်းဖက်သတ်တာ(တပ်ချုပ်က ထောင်သာချ)၊ ယခု NLD ရုံးကို ဗုံးခွဲဖို့ ကြိုးစားတာဟာ အကြမ်းဖက်အဖွဲ့နဲ့ ပိုတူလာတာကို သတိပြုပါ။ စာရေးသူ စဉ်းစားမရတာက ဓာတ်ခဲကစစ်မြေပြင်မှာ နိုင်နေတယ်ဆို ဘာမှဒီလို အကြမ်းဖက်စရာလိုသလဲဆိုတာပါ။

ဂျပန်ရောက်မြန်မာများလဲ DASSK ကို အစွန်းရောက်အဖွဲ့ရန်က ကာကွယ်ပေးပါ။ လိုအပ်ရင်ဂျပန်ရဲကိုသတင်းပေးပါ။ သူတို့ကိုသိရင် ပုံနဲ့တကွ မြန်မာသံရုံးကို အကြောင်းကြားပေးပါ။

ဓာတ်ခဲအမျိုးများ စဉ်းစားရမှာက DASSK ရှိချိန်မှာ မိမိလိုတဲ့ ဖယ်ဒရယ်ရအောင် သူမနဲ့ ပူးပေါင်းပြီးလုပ်ဖို့ပါ။ သူမကို အာခံရင်တော့ အလုပ်ဖြစ်မည်မဟုတ်ပါလို့ ပြောပါရစေ။ ကျန်စစ်သား ဝင်ကယ်ချိန်မှာ အကယ်မခံဘဲ အော်ရင်တော့——

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page