top of page
Search

ဓာတ်ခဲရဲ့လက်နက်လမ်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 8, 2019
  • 1 min read

ဓာတ်ခဲရဲ့လက်နက်လမ်း

အားလုံးသိတဲ့အတိုင်းဓာတ်ခဲကတိုက်လာတာယခုဆိုရင်၉လထဲဝင်လာပါပြီ။ဓာတ်ခဲကလစာထောက်ပံ့နိုင်တဲ့ဝင်ငွေရှိသလိုထူးဆန်းတာကလက်နက်ကမပြတ်သွားတာပါ။ဓာတ်ခဲပစ်တဲ့လက်နက်အချို့ဟာကပစထုတ်ပါ။ဒါကြောင့်ရွာထဲကိုကျည်ကျရင်တောင်ကျည်ဆန်ကိုမြင်နေပေမယ့်ဘယ်သူပစ်လဲပြောရခက်လာတဲ့အထိဖြစ်လာခဲ့ပါတယ်။နောက်ဓာတ်ခဲရဲ့လက်နက်အချို့ကတရုတ်ထုတ်တွေပါ။ဒီနေရာမှာမေးစရာမေးခွန်းကဒီလက်နက်တွေ၊ကျည်ဆန်တွေကိုဓာတ်ခဲဘယ်ကရခဲ့လဲ။ဘယ်လိုပြန်ဖြည့်နေလဲဆိုတာမေးစရာဖြစ်လာပါတယ်။

ဓာတ်ခဲအနေနဲ့ရခိုင်ပြည်ထဲကိုလက်နက်သွင်းစရာလမ်းကြောင်းကနယ်စပ်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကသွင်းတာ၊ဒါမှမဟုတ်ချင်းပြည်နယ်ကိုဖြတ်သယ်တာ၊ရေကြောင်းကသယ်တာနဲ့၊နောက်ဆုံးကပြည်မကိုဖြတ်သယ်တာတို့ဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်းလွန်ခဲ့တဲ့သုံးနှစ်လောက်ကဓာတ်ခဲကိုဘိန်းနဲ့ဆေးပြားလုပ်ပေးသူ၊လက်နက်ဝယ်ပေးသူဒုဗိုလ်မှူးကြီးအဆင့်ရှိသူကိုမတော်တဆသူအမူးလွန်ရာကနေမိခဲ့ပါတယ်။အဲ့ဒီအချိန်ကထဲကစရဖသာတော်ခဲ့ရင်သူ့ကိုသေချာစစ်ရင်ဓာတ်ခဲရဲ့လက်နက်သယ်ပုံကိုသိသင့်ပါတယ်။ဒါပေမယ့်ဓာတ်ခဲအဖွဲ့တွေဟာမဘသနဲ့ရောနေခဲ့ပါတယ်။ဘင်္ဂါလီဆန့်ကျင်ရေးမှာအဘတို့နဲ့အတူလက်တွဲခဲ့ပါတယ်။ဒါကြောင့်မိုလို့ဒီလူတွေဟာသူ့လူကိုယ့်ဖက်သားအနေနဲ့ရခိုင်ပြည်နယ်ထဲကိုကြိုက်တာပို့နေနိုင်ပြီးလွတ်နေခဲ့ပါတယ်။လက်နက်များဟာရန်ကုန်ကားဂိတ်တွေကနေရခိုင်ပြည်ကိုဘိန်း၊ဆေးပြားနဲ့အတူတင်နေပေမယ့်ဘာမှမမိခဲ့ပါ။

ဒါထက်ပိုဆိုးတာကဓာတ်ခဲဟာဆေးပြားရောင်းရငွေနဲ့ကပစထုတ်လက်နက်တွေကိုဝယ်ထားတာကိုလဲအိန္ဒိယထောက်လှမ်းရေးကလာပြောမှသိရတဲ့ဘဝဖြစ်နေပါတယ်။ဒီပြဿနာကမိမိလက်နက်နဲ့မိမိအပစ်ခံရုံတင်မဟုတ်ဘဲရန်သူကအဲ့ဒီကပစထုတ်လက်နက်သုံးပြီးသူ့လူမျိုးရွာထဲပြန်ပစ်ရင်တောင်တပ်ပါအမှုပတ်ပါမယ်။

ဒါကိုစရဖနဲ့လုံခြုံရေးသမားတွေသင်ခန်းစာမယူသေးမှန်းပြီးခဲ့တဲ့လကုန်ကရန်ကုန်မှာဘိန်း၊ဆေးပြားတွေဓာတ်ခဲတပ်ဖွဲ့ဝင်ထံကဖမ်းမိတာကသက်သေပြနေပါတယ်။ဒီနေရာမှာဓာတ်ခဲကလဲဖွတ်ပါတီလိုမိပြီးမကြာခင်မှာဒီအမျိုးသမီးဟာမိမိတပ်ကထွက်သွားတာကြာပြီဖြစ်ကြောင်းကြေညာချက်ထုတ်ပါတယ်။အားလုံးသိတဲ့အတိုင်းရခိုင်ပြည်မှာသူ့လူမျိုးနဲ့မသိဘဲစီးပွားရေးလုပ်ရတာခက်ပါတယ်။

ဒီလိုကုန်ကူးတဲ့အထဲမှာအောက်ခြေကလုံခြုံရေးတွေပါဝင်နိုင်သလိုအချို့ကဒီလူတွေဟာမဘသနဲ့ရောနေလို့အဘလူနဲ့မှားခဲ့တာလဲဖြစ်နိုင်ပါတယ်။ဟိုဘင်္ဂါလီကဖွတ်ပါတီထဲဝင်ခဲ့သလိုပေါ့။

ယခုဓာတ်ခဲကတိုက်လာတာ၉လကျော်မှာအိန္ဒိယလမ်းကြောင်းကဒီလောက်များတဲ့လက်နက်ခဲယမ်းကိုပြန်ဖြည့်ဖို့မလွယ်ပါ။ဘင်္ဂလားကအာဆာကနေအကူအညီရနိုင်ပေမယ့်ယခုလိုတရုတ်လက်နက်နဲ့ကပစလက်နက်ရဖို့မဖြစ်နိုင်ပါ။ချင်းပြည်ကနေတောလမ်းဖျက်ဖို့ဟာကလဲယခုတပ်တွေနဲ့ဖြတ်ထားတာခံနေရပါတယ်။ရေကြောင်းမှာကလဲရေတပ်ကပိတ်ဆို့ထားပါတယ်။ဒါဆိုရင်အဖြေကပြည်မကိုဖြတ်ပြီးကားနဲ့ပို့နေတာထင်ရှားပါတယ်။

အစိုးရအနေနဲ့ဘိန်းဖမ်းစက်တွေကိုရန်ကုန်အဝင်အထွက်၊ရခိုင်သွားကားလမ်းတွေမှာထားလိုက်ရင်ဘိန်းလဲမိ၊စစ်ဆင်ရေးလဲအောင်၊ငြိမ်းချမ်းရေးလဲရသွားပါမယ်။အားလုံးစဉ်းစားနိုင်အောင်ပါ။


Zawgyi version


ဓာတ်ခဲရဲ့ လက်နက်လမ်း

















 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page