top of page
Search

ဓာတ်ခဲဘာကြောင့်အမြစ်မပြတ်သလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 12, 2019
  • 1 min read

ဓာတ်ခဲဘာကြောင့်အမြစ်မပြတ်သလဲ

တပ်ထဲမှာ ရန်သူကိုအမြစ်ပြန်ချေမှုန်းတယ်ဆိုတာ နာမည်ကြီးတဲ့စကားပါ။ ယခုရေးမှာက စစ်ရေးသုံးသပ်ချက်ပါ။ ဘယ်သူ့ကိုမှ သာစေ နာစေလိုစိတ်မရှိပါ။

ပထမဆုံး ဓာတ်ခဲကတိုက်တာကို သောင်းကျန်းသူ insurgency လို့ အင်္ဂလိပ်လိုခေါ်ကြပါတယ်။ အီရတ်မှာလဲ Iraqi insurgency လို့ခေါ်သလို အာဖဂန်မှာက Taliban insurgency တာလီဘန် သောင်းကျန်းသူလို့ခေါ်ပါတယ်။

သောင်းကျန်းသူတွေဟာ မိုင်းစွဲတာ (improvised explosive device)၊ ခြုံခိုတိုက်တာ (ambushes)၊ စနိုက်ပါနဲ့ ပစ်တာ(sniper attack)၊ လက်နက်ငယ်တွေ အမြောက်တွေနဲ့ ပစ်တာ(mortar and rocket attack)၊ စစ်ဖက်မဟုတ်တဲ့ အရပ်ဖက်ပစ်မှတ်တွေကိုပစ်တာ (non military and civilian targets)၊ မိမိနဲ့ သဘောထားကွဲလွဲသူကို လုပ်ကြံသတ်ဖြတ်တာ၊ ပြန်ပေးစွဲတာ၊ ခေါင်းဖြတ်သတ်တာ (assassination, kidnappings and beheadings) တွေကို လုပ်လေ့ရှိပါတယ်။ ဒါကို အီရတ်မှာ ISIS ကလုပ်ပြီး အာဖဂန်မှာ တာလီဘန်ကလုပ်ပါတယ်။ ရခိုင်မှာ ဓာတ်ခဲကလုပ်နေပါတယ်။ သူမလုပ်တာ အသေခံဗုံးမခွဲတာသာရှိပါတယ်။ ဒါကြောင့်ရန်သူဟာ နိုင်ငံတကာအဆင့်မှီသောင်းကျန်းသူပါ။ သူ့ပြည်နယ်ထဲက မြောက်ဦး၊ မင်းပြား၊မြေပုံ၊ ဘူးသီးတောင်ထဲမှာ သူ့လူမျိုးက ကြောက်လို့သော်လည်းကောင်း ကြိုက်လို့သော်လည်းကောင်းထောက်ခံပါတယ်။ သူ့လွှတ်တော်အမတ်တွေကလဲ သူလူသတ်တာကို မရှုံ့ချပါ။

ဒီနေရာမှာ ပလက်ဝက ချင်းနဲ့ရခိုင် ရောနေပါတယ်။ ဓာတ်ခဲကလှုပ်ရှားရာမှာ ချင်းတွေရှိရာကနေသွားလာလို့ ပြဿနာဖြစ်တာပါ။ သူက သူ့ပြည်နယ်ထဲမှာလုပ်သလို ပလက်ဝက အခြားလူမျိုးကိုကြောက်အောင်သွားလုပ်ရာက ယခုလွှတ်တော်အမတ်ကိစ္စမျိုး ပြဿနာတက်လာတာပါ။

ဒီနေရာမှာ သောင်းကျန်းမှုကိုနှိမ်နင်းရာမှာ မြန်မာ့တပ်မတော်အနေနဲ့ ယခင်ကအတွေ့အကြုံများစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ယခင်ကရန်သူဟာ ယခုရန်သူလောက် အရပ်သားနဲ့ ရောထွေးမနေခဲ့ပါ။ ပထမအမှားက ရန်သူ့ကိုလူစုပေးလို့ ယခုအဖမ်းခံခဲ့ရသူများဟာ တပ်ချုပ်နားအထိ ဝင်ထွက်နိုင်ခဲ့ပါတယ်။အစပိုင်းမှာ တပ်အနေနဲ့ သူတို့ဟာ တကယ့်ရန်သူလား အဘက မွေးစားထားတာလား မသဲကွဲခဲ့ပါ။ ဒါကြောင့်ထောက်လှမ်းရေးသတင်းလဲ အများကြီးမရခဲ့ပါ။ ဒုတိယက ရန်သူရဲ့ ငွေကြေးထောက်ပံ့မှုဟာဘင်လာဒင်လုပ်သလို သူ့ရဲ့အမျိုးအရင်းတွေကို အခြေခံထားတာတွေ့ရပါတယ်။ ဒါကြောင့်ထောက်လှမ်းရေးရဲ့ ထိုးဖောက်နိုင်မှုအားနည်းခဲ့ပါတယ်။ နောက်ပိုင်း စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းအကူအညီနဲ့ ဓာတ်ခဲခေါင်းဆောင်ရဲ့ ညီ ညီမတွေရဲ့ ထောက်ပို့ကွန်ရက်ကို သိလာရတာပါ။ ဒါရဲ့သက်ရောက်မှုကရှိမှာဖြစ်ပေမယ့် ယခင်ပို့ထားတဲ့ငွေကြေးတွေ ခမ်းခြောက်ပြီးမှပါ။

နောက်စစ်ရေးအနေနဲ့က တပ်မှာ ကြည်းတပ်က ဗိုလ်မှူးကြီးအများစုဟာ ၁၉၉၂ လောက်ကမှ တပ်ထဲစဝင်ကြသူတွေပါ။ သူတို့ရဲ့ အတွေ့အကြုံဟာ ရှမ်း၊ ကချင်နဲ့ ကရင်ဘက်မှာများခဲ့ပြီး ရခိုင်ကို မကျွမ်းကြပါ။ ရန်သူကတိုက်ပြီး ရွာထဲဝင်ပြေးချိန်မှာ ပြဿနာတက်ပါတယ်။ ယခုအချိန်ကလဲ ဘင်္ဂါလီအရေးအပြီးမိုလို့ သူတို့ကို တအားထိန်းခိုင်းထားလို့ ယခင်ကလို ကြမ်းလို့မရတော့ပါ။ နောက်ပြီးသူတို့နည်းနည်းမှားတာနဲ့ ရခိုင်အမတ်နဲ့ သတင်းသမားတွေကအော်လို့ သတိကြီးစွာတိုက်နေရပါတယ်။အကျဉ်းချုပ်ပြောရရင် တပ်ဟာ ဒီမိုစနစ်နဲ့ စစ်မတိုက်တတ်သေးတာကို သွားတွေ့ရပါတယ်။ကြည်းတပ်ဟာ မြေပြင်မှာစခန်းချထားတဲ့ ရန်သူ့တပ်ကို ဘယ်လိုချမလဲ ကျင့်ထားပေမယ့် ပစ်ပြေးသွားတဲ့ အားကစားဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ခဲကိုတိုက်ရာမှာ ထင်သလောက်ပြင်ဆင်ထားမှုမရှိတာသွားတွေ့ရပါတယ်။

နောက်ဟာက လက်နက်ဆိုင်ရာ ပြင်ဆင်မှုပါ။ လက်ရှိတပ်မှာ လေယဉ်အသစ်တွေ၊ သင်္ဘောအသစ်တွေဝယ်ဖြည့်တင်းဖို့ စီမံချက်တွေရှိပေမယ့် တကယ့်သောင်းကျန်းသူနှိမ်နင်းရာမှာ အသုံးဝင်မယ့် ရဟတ်ယဉ်တွေ မိုင်းစွဲခံနိုင်တဲ့ သံချပ်ကာလူသယ်ယဉ်တွေကို မဝယ်သေးတာဟာလဲ အားနည်းချက်ပါ။


နောက်ဆုံးမှာတော့ သောင်းကျန်းသူကိုနှိမ်နင်းရာမှာ နိုင်ငံရေးအရအဖြေရှာရမှာပါ။ ရေရှည်မှာ ၂၀၀၈ခြေဥကိုပြင်မှ သူတို့ကို နိုင်ငံရေးအရ ဖွင့်ပေးရာ ရောက်ပါမယ်။ ဒါပေမယ့် ဒီကြားထဲကတော့ တိုက်ရမှာပါ။အကျဉ်းချုပ်ရရင် ဓာတ်ခကို အမြစ်မပြတ်နိုင်တာက သူကသူ့လူမျိုးထောက်ခံမှုနဲ့ အရပ်သားနဲ့ ရောတိုက်နိုင်ပြီး မိမိတပ်က အဲ့ဒီလိုစစ်ပွဲမျိုးကိုတိုက်တာ အတွေ့အကြုံနည်းနေသေးလို့ရယ် မတိုက်တတ်တာရယ်နဲ့ ပြင်ထားတာနဲ့ တကယ်ဖြစ်နေတာက ကွာနေလို့ပါ။ နောက်ပိုင်း တပ်ထဲမှာ ဖားသူတွေနေရာရတာ မဟုတ်ဘဲနဲ့ တကယ်တိုက်တတ်သူတွေ နေရာရလာရင်လဲ ဗျူဟာပြောင်းပြီး အဆင်ပြေသွားနိုင်ပါတယ်။ အာဆီယံမှာ လေ့လာလိုရင်တော့ ဖိလစ်ပိုင်ကို လေ့လာပါလို့ အဘကိုအကြံပေးလိုပါတယ်။ အမြန်အမြစ်ပြတ်လိုရင်တော့ တပ်ကို အရပ်သားအစိုးရအောက်ထားလိုက်ရင် ခြေဥလဲပြင်ပြီးသားဖြစ်လို့နိုင်ငံရေးအရလဲ ဖြေရှင်းပြီးသားဖြစ်သလို လက်မခံတဲ့ သောင်းကျန်းသူကိုလဲ အစိုးရနဲ့တပ်က ပြည်သူနဲ့လက်တွဲပြီး အမြစ်ပြတ်နိုင်မှာပါ။ အရာရာဟာ ပြည်သူပါဖို့လိုပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page