ဓာတ္ခဲကအဘကိုရာဇသံေပးၿပီ
ယခုတေလာBBC၊RFA၊VOA တို႔မွာဓာတ္ခဲကတပ္ကဘယ္ယဥ္တန္းကိုဗံုးခြဲတာစစ္သား၂၀ေသတယ္ဘာညာေျပာပါတယ္။လႊတ္ေတာ္ကကိုေမာင္ေမာင္တို႔လုပ္ရပ္ကိုၾကည့္ၿပီးကိုေမာင္ေအာင္နဲ႔အဖြဲ႕ကိုမုန္းလို႔ဓာတ္ခဲေျပာတာကိုယံုသူ၊ယံုလိုသူမ်ားလဲရွိပါမယ္။တကယ္ေတာ့စစ္သား၂၀ေလာက္ကိုတခါထဲဗံုးခြဲၿပီးေသေအာင္လုပ္ဖို႔ဆိုတာမလြယ္ပါ။အေမရိကန္လိုေလယဥ္ေပၚကဗံုးႀကဲရင္ေတာ့တစ္မ်ိဳးပါ။
ယခင္ကယဥ္တန္းျဖတ္ရင္ရြာသားကဓာတ္ခဲကိုviberတို႔what’s app တို႔Facebook messenger တို႔ကေနပို႔လို႔ဓာတ္ခဲကျခံဳခိုတိုက္ရင္ခံရပါတယ္။သူေျပာသလိုေတာ့မေသပါ။ယဥ္တန္းေတြမွာဒီလိုအတိုက္ခံရရင္အမ်ားႀကီးမေသေအာင္သြားလာတဲ့ပံုစံရွိပါတယ္။ထို႔အတူဘဲဓာတ္ခဲစခန္းခ်တဲ့ေနရာကိုရွာေတြ႕ရင္လဲအေသဝုန္းလို႔သူအေသအေပ်ာက္မ်ားပါတယ္။အေျမႇာက္ေရာဗံုးႀကဲတာေရာပဇင္းလို႔ေခၚတဲ့ရဟတ္ယဥ္နဲ႔ပစ္တာေရာေပါ့။ဘယ္သူေသေသမိမိတိုင္းရင္းသားပါ။ဝမ္းသာစရာမရွိပါ။
ယခုအင္တာနက္ျဖတ္အၿပီးမွာအဲ့ဒီလိုအင္တာနက္သံုးမရလို႔ယခင္ကေလာက္လက္ဦးမႈမယူႏိုင္ေတာ့ပါ။ဒီၾကားထဲစင္ကာပူကဓာတ္ခဲေခါင္းေဆာင္ရဲ႕ညီကိုျပန္ပို႔လို႔ယခုအဖမ္းခံလိုက္ရပါတယ္။စင္ကာပူေထာက္လွမ္းေရးဟာယခင္အစိုးရကိုကန္႔ကြက္သူဒီမိုေတြကိုလဲယခုလိုေစာင့္ၾကည့္ခဲ့ေပမယ့္ျပည္ႏွင္ဒဏ္ေတာ့မေပးခဲ့ပါ။ယခုကေတာ့လက္နက္ကိုင္နဲ႔ဆက္သြယ္လို႔လုပ္လိုက္ပံုပါ။ဓာတ္ခဲေျပာသလိုအစိုးရကေျပာလို႔သူတို႔ကိုဝင္ဖမ္းတယ္ဆိုတာမဟုတ္ပါ။သူ႔တိုင္းျပည္မွာလူမ်ိဳးေရးလုပ္မွာစိုးလို႔လက္ဦးမႈရယူတဲ့ပံုပါ။အစိုးရကမဖမ္းခိုင္းတာေၾကာင့္သူတို႔ကိုျပန္ပို႔ခ်ိန္မွာရဲကမဖမ္းဘဲသတင္းတပ္ဖြဲ႕ကေနာက္ပိုင္းအၾကံရၿပီးစရဖအကူအညီနဲ႔လိုက္ဖမ္းပံုပါ။အစိုးရကသာဖမ္းခိုင္းတာဆိုေလဆိပ္အျဖတ္မွာထဲကစြဲစိလိုက္လို႔ရပါတယ္။
သူ႔ညီကိုဖမ္းစစ္တာသိခ်ိန္မွာဘဲဓာတ္ခဲကသူတို႔မွာတပ္ကရခိုင္မွာလူမ်ိဳးေပါင္းစံုကိုစစ္ရာဇဝတ္မႈက်ဴးလြန္တဲ့အေထာက္အထားရွိေၾကာင္းဘီဘီစီမွာေျပာသြားပါတယ္။ဘီဘီစီကထပ္ေမးခ်ိန္မွာသူကရခိုင္ျပည္ေနသူအားလံုးအေပၚက်ဴးလြန္တာလို႔ေျပာသြားပါတယ္။သူကအဘကိုၿခိမ္းေျခာက္တဲ့သေဘာပါ။ဘာေတြရွိလဲေတာ့မသိပါ။
ဓာတ္ခဲအေနနဲ႔အေထာက္အထားရွိရင္ကိုင္သာကိုင္လိုက္ပါ။အဘလဲျပတ္ျပတ္သားသားလုပ္ပါ။အဘနဲ႔ဓာတ္ခဲကိုင္မယ့္ေန႔ကိုေစာင့္ေမွ်ာ္လ်က္ပါ။ျပည္သူေတြကိုေတာ့ဒုကၡမေပးၾကပါနဲ႔။
Unicode version
ယခုတလောBBC၊RFA၊VOA တို့မှာဓာတ်ခဲကတပ်ကဘယ်ယဉ်တန်းကိုဗုံးခွဲတာစစ်သား၂၀သေတယ်ဘာညာပြောပါတယ်။လွှတ်တော်ကကိုမောင်မောင်တို့လုပ်ရပ်ကိုကြည့်ပြီးကိုမောင်အောင်နဲ့အဖွဲ့ကိုမုန်းလို့ဓာတ်ခဲပြောတာကိုယုံသူ၊ယုံလိုသူများလဲရှိပါမယ်။တကယ်တော့စစ်သား၂၀လောက်ကိုတခါထဲဗုံးခွဲပြီးသေအောင်လုပ်ဖို့ဆိုတာမလွယ်ပါ။အမေရိကန်လိုလေယဉ်ပေါ်ကဗုံးကြဲရင်တော့တစ်မျိုးပါ။
ယခင်ကယဉ်တန်းဖြတ်ရင်ရွာသားကဓာတ်ခဲကိုviberတို့what’s app တို့Facebook messenger တို့ကနေပို့လို့ဓာတ်ခဲကခြုံခိုတိုက်ရင်ခံရပါတယ်။သူပြောသလိုတော့မသေပါ။ယဉ်တန်းတွေမှာဒီလိုအတိုက်ခံရရင်အများကြီးမသေအောင်သွားလာတဲ့ပုံစံရှိပါတယ်။ထို့အတူဘဲဓာတ်ခဲစခန်းချတဲ့နေရာကိုရှာတွေ့ရင်လဲအသေဝုန်းလို့သူအသေအပျောက်များပါတယ်။အမြှောက်ရောဗုံးကြဲတာရောပဇင်းလို့ခေါ်တဲ့ရဟတ်ယဉ်နဲ့ပစ်တာရောပေါ့။ဘယ်သူသေသေမိမိတိုင်းရင်းသားပါ။ဝမ်းသာစရာမရှိပါ။
ယခုအင်တာနက်ဖြတ်အပြီးမှာအဲ့ဒီလိုအင်တာနက်သုံးမရလို့ယခင်ကလောက်လက်ဦးမှုမယူနိုင်တော့ပါ။ဒီကြားထဲစင်ကာပူကဓာတ်ခဲခေါင်းဆောင်ရဲ့ညီကိုပြန်ပို့လို့ယခုအဖမ်းခံလိုက်ရပါတယ်။စင်ကာပူထောက်လှမ်းရေးဟာယခင်အစိုးရကိုကန့်ကွက်သူဒီမိုတွေကိုလဲယခုလိုစောင့်ကြည့်ခဲ့ပေမယ့်ပြည်နှင်ဒဏ်တော့မပေးခဲ့ပါ။ယခုကတော့လက်နက်ကိုင်နဲ့ဆက်သွယ်လို့လုပ်လိုက်ပုံပါ။ဓာတ်ခဲပြောသလိုအစိုးရကပြောလို့သူတို့ကိုဝင်ဖမ်းတယ်ဆိုတာမဟုတ်ပါ။သူ့တိုင်းပြည်မှာလူမျိုးရေးလုပ်မှာစိုးလို့လက်ဦးမှုရယူတဲ့ပုံပါ။အစိုးရကမဖမ်းခိုင်းတာကြောင့်သူတို့ကိုပြန်ပို့ချိန်မှာရဲကမဖမ်းဘဲသတင်းတပ်ဖွဲ့ကနောက်ပိုင်းအကြံရပြီးစရဖအကူအညီနဲ့လိုက်ဖမ်းပုံပါ။အစိုးရကသာဖမ်းခိုင်းတာဆိုလေဆိပ်အဖြတ်မှာထဲကစွဲစိလိုက်လို့ရပါတယ်။
သူ့ညီကိုဖမ်းစစ်တာသိချိန်မှာဘဲဓာတ်ခဲကသူတို့မှာတပ်ကရခိုင်မှာလူမျိုးပေါင်းစုံကိုစစ်ရာဇဝတ်မှုကျူးလွန်တဲ့အထောက်အထားရှိကြောင်းဘီဘီစီမှာပြောသွားပါတယ်။ဘီဘီစီကထပ်မေးချိန်မှာသူကရခိုင်ပြည်နေသူအားလုံးအပေါ်ကျူးလွန်တာလို့ပြောသွားပါတယ်။သူကအဘကိုခြိမ်းခြောက်တဲ့သဘောပါ။ဘာတွေရှိလဲတော့မသိပါ။
ဓာတ်ခဲအနေနဲ့အထောက်အထားရှိရင်ကိုင်သာကိုင်လိုက်ပါ။အဘလဲပြတ်ပြတ်သားသားလုပ်ပါ။အဘနဲ့ဓာတ်ခဲကိုင်မယ့်နေ့ကိုစောင့်မျှော်လျက်ပါ။ပြည်သူတွေကိုတော့ဒုက္ခမပေးကြပါနဲ့။
Commentaires