Myat Tun Oo
ဓမ္မအတွက်ကျေး ဇူးတင်ထိုက်သူများ

အားလုံးသိတဲ့အတိုင်း ယုန်လေးကလဲ သူ့အဘတွေနဲ့ စစချင်းမှာ ပွဲဆူအောင် စလုပ်ခဲ့ပါတယ်။ မဲမပေးရေး လှုပ်ရှားမှုလဲ လုပ်ခဲ့သလို လုပ်နေဆဲပါ။ ဒါပေမယ့် ရွေးကောက်ပွဲ နီးလာချိန်မှာ ရုပ်ရှင်၊ ဂီတ၊သဘင်အဖွဲ့များရဲ့ ဒီမိုအပေါ် ထောက်ခံမှုဟာ မဲပေးလိုသူတွေကို များလာစေခဲ့သလို NLD ကို မဲပေးဖို့လဲ များလာမယ်လို့ စာရေးသူ ပိုမိုယုံကြည်လာခဲ့ပါတယ်။
ပထမဆုံးက ရုပ်ရှင်ပါ။ ရုပ်ရှင်မှာကတော့ ကိုမိုက်တီးတို့အဖွဲ့သာ ကိုလူမင်းတို့လို သရုပ်ဆောင်တွေနဲ့ထွက်ခဲ့ပါတယ်။ အခြားနာမည်ကြီး သရုပ်ဆောင်တွေမပါပါ။ မပါသူတွေမှာလဲ အကြောင်းရှိမှာပါ။ ပါချင်ပေမယ့် ဇတ်လမ်းသဘောအရ ပါခွင့်မရတာဖြစ်နိုင်သလို အချို့သရုပ်ဆောင်တွေကလဲ အဘသမီးကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနုပညာသာ အဓိကပါ။ ခေတ်ဝန်ကိုထမ်း_ခေတ်လမ်းကိုလျှောက် ဇတ်လမ်းရဲ့ ပြောဆိုချက်တွေဟာ ပြည်သူတွေကြား ခေတ်စားခဲ့တာတွေ့ရပြီး ပြည်သူတွေရဲ့ အသိတရားကို နှိုးဆွပေးခဲ့ပါတယ်။ သူတို့ဟာ NLD ရဲ့ အမာခံပုရိတ်သတ်ကို ခိုင်စေခဲ့ပါတယ်။
https://www.facebook.com/watch/?v=270070387580397
နောက်က ခီမောင်နှံပါ။ သူတို့ကြောင့် NLD အစိုးရအပေါ် အမြင်ပြောင်းတာကို စာရေးသူကိုယ်တိုင်တပ်ထဲမှာ တွေ့လိုက်ရလို့ပါ။ Kyi မောင်နှံဟာ MRTV မဟုတ်လို့ Documentary မှတ်တမ်းတင်ဇတ်လမ်းခေါ်တဲ့ တိုးတက်မှုတွေကို ရိုက်ပြတာမှာ တော်ပါတယ်။ သူက ကယား၊ ချင်း၊ ရှမ်း၊ ကရင်၊ မကွေး လို နေရာတွေမှာ ပြည်သူတွေကိုမေး တိုးတက်မှုတွေကို ရိုက်ပြခဲ့တာပါ။ စာရေးသူနဲ့ သိသူအချို့ဆို ကယားမှာတိုးတက်တာ၊ ချင်းမှာတိုးတက်တာကို သူတို့ရိုက်ပြမှသိပြီး မယုံနိုင်အောင်ဖြစ်ကြပါတယ်။ ဟာ NLD အစိုးရ တကယ်လုပ်နိုင်တယ်ပေါ့။ သူတို့ရိုက်တဲ့ဟာတွေက တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင်လိုဟာမျိုးနဲ့ ကြီးပြင်းလာသူများအတွက် ငါတို့ခေတ်ထက် ပိုတိုးတက်လာပါလားဆိုတာကို မြင်စေနိုင်ခဲ့ပါတယ်။
https://www.facebook.com/100044481277593/posts/206774410815267/
ဒါဆို နယ်ကလူတွေကရော။ သူတို့တွေက ဇတ်တွေ၊ အငြိမ့်တွေ ကြိုက်ကြပါတယ်။ ဒီအတွက်က NLD အောင်နိုင်ရေးအငြိမ့်ကနေ စွဲဆောင်နိုင်ခဲ့ပါတယ်။ ကိုပန်းသီးနဲ့ သူ့အဖွဲ့ရဲ့ ပျက်လုံးတွေ အထူးသဖြင့်အစိမ်းသရဲကို မောင်းထုတ်တဲ့ ကမ္ဘာမကျေဘူးဟေ့ ဂါထာဟာ ရွာကအမျိုးတွေ အကြိုက်တွေ့စေခဲ့ပါတယ်။ ဒါက ဇတ်ကြိုက်သူများအတွက်ပါ။
https://www.facebook.com/nldparty/videos/3432147816823635/
သီချင်းတွေမှာတော့ NLD အောင်နိုင်ရေးသီချင်းတွေက အများကြီးပါ။ စည်သူမင်းကအစ အေးမြတ်သူ၊ သံသာဝင်း၊ မနောနဲ့ လေးဖြူအထိပါ။ ဒါပေမယ့် ဒီနေ့ထွက်လာတဲ့ Kyar Pauk နဲ့ G. Fatt ရဲ့ သီချင်းတွေကတော့ ၁၈ နှစ်ကျော် မဲပေးမယ့် စာရေးသူရဲ့ တူအရွယ်တွေအတွက် အသိဉာဏ်ပွင့်စေတာ တွေ့ရပါတယ်။ သူတို့က NLD ကို တိုက်ရိုက်မဲဆွယ်တာ မဟုတ်ပေမယ့် ဓမ္မနဲ့ အဓမ္မကို ကွဲကွဲပြားပြား သိစေခဲ့ပါတယ်။
G. Fatt
https://www.facebook.com/668146429904339/posts/3573388226046797/
Kyar Pauk ရဲ့ ကြောက်ခေတ်
https://www.facebook.com/122983145957362/posts/159515205637489/
ကြံဖန်ကျေးဇူးတင်ရမယ်ဆိုရင် အဘပုရဲ့ မိန့်ခွန်းတွေဟာလဲ NLD အတွက် တအားဖြစ်စေခဲ့ပါတယ်။ တွေဝေနေတဲ့ ပြည်သူအချို့အတွက် ကိုမောင်မောင်ရဲ့ စစ်တလင်းဖြစ်သွားချင်လား ခြိမ်းခြောက်မှုနဲ့ ကိုကြီး နာဂေးတစ်ရဲ့ သတင်းစာရှင်းလင်းပွဲဟာလဲ ပြည်သူတွေကို အတိတ်မမေ့အောင် သတိပေးနေလို့ ကျေးဇူးတင်စရာပါ။
အကျဉ်းချုပ်ရရင် ယခုနှစ် ၂၀၂၀ မှာ NLD ကို ပေါ်တင်မထောက်ခံတဲ့ အဘသမီးနဲ့ စာချုပ်ချုပ်ထားတဲ့ နာမည်ကြီး သရုပ်ဆောင်တွေရှိပါတယ်။ ဒါက တိုင်းပြည်ရဲ့ ပကတိ အခြေအနေပါ။ အချို့ ပါတီအသစ်ကို ပြောင်းထောက်ခံသူ အနုပညာရှင်လဲ ရှိပါတယ်။ ဒါပေမယ့် ထွက်လာတဲ့ NLD ထောက်ခံတဲ့အနုပညာတင်ပြချက်များအရ NLD ဟာ ၁၈ နှစ်မှသည် အသက် ၈၀ ကျော်အထိကို စည်းရုံးနိုင်မယ်လို့ယုံကြည်ပါတယ်။
အားလုံးသော အမှန်တရားဘက်က ရပ်တည်ရဲတဲ့ အနုပညာရှင် အားလုံးကိုလဲ ပြည်သူများကိုယ်စားကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။