top of page
Search

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်မှာလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 7
  • 1 min read

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်မှာလား

ဒေါ်အောင်ဆန်းစုကြည်သတင်းတွေက ကျန်းမာရေးအကြောင်းထွက်လာလိုက် လွတ်ငြိမ်းနဲ့ထွက်မယ်လို့ထွက်လာလိုက်နဲ့ ကောလဟာလမျိုးစုံထွက်နေတာတွေ့ရပါတယ်။ အချို့ကိစ္စတွေက မအလအစိုးရကိုဖိအားပေးချင်လို့ဖြစ်လို့ ဟုတ်တယ် မဟုတ်တယ် ဝင်ရေးဝင်ပြောနေလို့ အကျိုးမရှိလို့ ဘာမှမရေးခဲ့ပါ။ ယခုကငြိမ်းချမ်းရေးကိစ္စဘာညာလေးပြောလာလို့ အခြေအနေလေးကို သိသင့်သလောက်သိရအောင် သတင်းရင်းမြစ်ကို မသိစေဘဲ တတ်နိုင်သလောက် ကြိုးစားရေးပါမယ်။

ပထမဆုံးကဒေါ်အောင်ဆန်းစုကြည်ကိုဘယ်မှာထားလဲဆိုတာပါ။

တိုတိုရှင်းရှင်းပြောရရင်အများစုအချိန်က ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ထဲမှာထားပါတယ်။ တစ်ခါတလေ အရေးကြီးသူတွေမလာခင်မှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ နေပြည်တော်စစ်ရုံးချုပ်ထဲက ဒုတိုင်းမှူးယခင်ကနေတဲ့အဆောင်မှာထားလေ့ရှိပါတယ်။ တစ်ခါတလေလည်း ဘယ်နေရာမှန်းမသိတဲ့နေရာကိုခေါ်သွားလေ့ရှိပါတယ်။ စစ်ဆေးရုံဖြစ်နိုင်ပါတယ်။ ထိုအခြေနေမှအကြောင်းပြချက်က ဆေးစစ်ဖို့ပါ။ ဒါကဟိုးယခင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့အပြီးမှာလုပ်တဲ့ လှည့်စားကွက်ပါ။


ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်သူတွေနဲ့ပေးတွေ့လဲ။

အတိုချုပ်က ဘယ်သူနဲ့မှ ပေးမတွေ့ပါ။ ယခင်က NLDက စန္ဒာမင်းတို့နဲ့အခြားလူအချို့နဲ့ ပေးတွေ့ခဲ့တာရှိပါတယ်။ ရာပြည့်လဲ ပြည်ထဲ‌ရေးရာထူးမယူခင်က အစ်မကြီးနေကောင်းလားဘာညာ မေးတာတင်ပြတာ အနည်းငယ်ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးဖြစ်ပြီး ထောင်စစ်တဲ့အချိန်တစ်ခါတွေ့တာကလွဲရင် ကျန်တဲ့အချိန်တွေက အောက်ခြေအဆင့်သမားတွေ သွားတွေ့ပြီးနေကောင်းလားမေးတာလောက်သာရှိပါတယ်။


ကျန်းမာရေး

DASSK သွားပြဿနာ တစ်ခါတလေဖြစ်ပါတယ်။ နောက်ပြီး သွေးအားနည်းတဲ့ရောဂါဖြစ်လို့ မူးဝေတာတွေဘာတွေရှိတတ်ပါတယ်။ ဘာမှအကြီးကျယ်မဖြစ်ဘူးဆိုတာက ဘာမှအကြီးအကျယ်မစစ်ပေးလို့လည်းဖြစ်နိုင်ပါတယ်။  သူမကိုဆေးသွားစစ်ခဲ့သူတွေရှိပါတယ်။ ဘယ်သူလဲဆိုတာသိသိ မသိသိ မပြောတော့ပါ။ မသိဘူးလို့ပဲ မှတ်လိုက်ပါ။


ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိနိုင်ငံရေးသဘောထား

ဒေါ်အောင်ဆန်းစုကြည်ယခင်က သတင်းနားထောင်တာ မအလထုတ်သတင်းစာဖတ်တာရှိပါတယ်။ နောက်ပိုင်းကတော့မရှိတော့ဘူးလို့သိပါတယ်။ သတင်းစာတော့ ရနေပါသေးတယ်။ သူတို့သတင်းစာတောင် ရက်တိုင်းမပေးပါ။ သတင်းထဲမှာ သန်းခေါင်စာရင်းကောက်တာက ၁၄၅ မြို့သာ ကောက်နိုင်တယ်ဆိုရင် သူမအနေနဲ့  မအလအုပ်ချုပ်နိုင်တာကတော့ ၁၄၅ မြို့သာ ရှိတယ်ဆိုတာကို ကောက်ချက်စွဲနိုင်မှာပါ။ မီးမလာတာတွေသိနိုင်သလို လျှပ်စစ်ကား၊ ရထား၊ သင်္ဘောတွေအကြောင်း ဖတ်ရမှာပါ။


အချို့လူတွေစိုးရိမ်သလို သူမက အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစလုပ်နိုင်မလား

ဒေါ်အောင်ဆန်းစုကြည်က မအလတောင်းဆိုတာကိုသဘောမတူခဲ့ကတည်းက သူမအနေနဲ့ အဆုံးစွန်အထိသွားမယ်ဆိုတာကို ဆုံးဖြတ်ခဲ့ပြီးသားပါ။ သူမအနေနဲ့ အံ့ဩတာနှစ်ခုတော့ရှိနိုင်ပါတယ်။ ဒါက အထောက်အထားပေါ်မူတည်ပြီးပြောတာပါ။ သူမအနေနဲ့ မအလက ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာ‌သော်တို့ကို သတ်တဲ့အထိလုပ်မယ်လို့ မထင်ခဲ့လောက်ပါ။ ဒါကသူမထိုနှစ်ဦး ကြိုး‌ပေးအသတ်ခံရတယ်ဆိုတာကိုကြားလိုက်တဲ့အချိန်မှာ တုန့်ပြန်မှု၊ ငိုမှု၊ တန်ပြန်မေးခွန်းမေးမှုက ပြသနေပါတယ်။ ဒါ့အပြင် ကွီးဖြိုးကိုပထမလာထွက်ချိန်မှာမုန်းတီးမှုနဲ့ ကိုဂျင်မီတို့ ကြိုးပေးသတ်ခံရတယ်ဆိုတာသိပြီးအချိန်နောက်ပိုင်း သူမပြောဆိုမှုတွေက မအလရဲ့သူမထင်တာထက် စိုးရွားမှုကို သဘောပေါက်သွားပုံရပါတယ်။

နောက်တစ်ခုက မျိုးဆက်သစ် လူငယ်လေးတွေရဲ့ ဒီမိုကရေစီအတွက် မိမိလွတ်လပ်ခွင့်အတွက် အသက်ကိုပဓာနမထားဘဲ ယခုလောက်အထိ မအလကို ပက်ပက်စက်စက် ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ လက်နက်ဆွဲကိုင်တော်လှန်လိမ့်မယ်လို့ သူမ မထင်ခဲ့နိုင်ပါ။ ဒါကသူမရဲ့ရှောင်တာနဲ့ကိုပြောဆိုချက်တွေ သူမရဲ့သူမနဲ့ရှေ့နေတွေ့ဆုံချိန်ပြောဆိုချက်လေးတွေ သူမကိုတွေ့ခွင့်ရတဲ့ NLD အချို့ကို သူမက ပြောလိုက်တာတွေက ဖော်ပြနေပါတယ်။

ဒါ့အပြင် မအလကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးမယ့်ပုံမရပါ။ မအလရဲ့နိုင်ငံရေးအကျဉ်းသားစာရင်းက သင်ဇာဝင့်ကျော်၊ မိုးမြင့်ထွန်းတို့လောက်၊ ယခင်ရှမ်းမြောက်ကပြေးလာတဲ့ စစ်တိုင်းမှူးဟောင်းတွေရဲ့သေဒဏ်ကိုတစ်သက်တစ်ကျွန်းပြောင်းတာလောက်ပါ။ မအလက တကယ်ပြင်းထန်တဲ့ဖိအားမရှိရင် ဘာမှလွှတ်မယ့်သဘောမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ အောက်ကnld CEC နဲ့ ကျန်တဲ့ဝန်ကြီးချုပ်တွေကိုတောင် မလွှတ်တာကို ဥပမာအနေနဲ့ကြည့်ပါ။ သူမကို သဘောထားထုတ်ခိုင်းစဉ်ကလဲ NLD CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့သာ ထုတ်မယ်လို့ ပြောခဲ့သူပါ။


ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုံးဖြတ်ချက်ချပြီးရင် အဆုံးအထိလျှောက်လှမ်းတတ်သူပါ။ ရင်ကြား‌စေ့ရေးကိုလည်း သူမဘက်က ဂုဏ်သိက္ခာတွေအကျခံပေး လုပ်ခဲ့ပါတယ်။ သူမက မအလကိုထိပ်တိုက်တွေမှ ရမယ်လို့ဆုံးဖြတ်ပြီးချိန်မှာလည်း သူမဟာလမ်းဆုံးအထိ‌ လျှောက်သွားမှာပါ။ သူမလွတ်မြောက်အောင် အားလုံးကနေပြည်တော်ကိုသိမ်းနိုင်မှဖြစ်မှာပါ။ မေမေနိုင်မှဖြစ်မှာဆိုသလို ပြည်သူတွေနိုင်မှလည်းဖြစ်မှာပါ။ မအလဟာရုရှားမှာအိမ်ဝယ်ပြီးပြီမို့ မြန်မြန်တိုက်နိုင်ရင် သူတို့ကလည်းသိပ်ခံမချဘဲထွက်ပြေးသွားနိုင်ပါတယ်။ ဘယ်လောက်မြန်ချင်လဲကတော့ အားလုံးကဆုံးဖြတ်ရမှာပါ။ ပြည်သူသာအဓိကပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page