top of page
Search

ဒေါ်အောင်ဆန်းစုကြည်ကိုကုလစွတ်စွဲမှုမှကယ်ထုတ်နိင်ခဲ့သူကွီးဖြိုး

Writer's picture: Myat Tun OoMyat Tun Oo

ဒေါ်အောင်ဆန်းစုကြည်ကိုကုလစွတ်စွဲမှုမှကယ်ထုတ်နိင်ခဲ့သူကွီးဖြိုး

ဒီလိုပြောရင်ရေးရင်မင်းကလော်တာလားလို့မေးစရာရှိပါတယ်။

အားလုံးသိတယ့်အတိုင်းရိုနဲ့ဖွတ်ပေါင်းပြီးအဘကအမနဲ့တိုင်ပင်ပြီးလုပ်တယ်လို့ကုလအဖွဲ့ကိုဂျင်းထည့်အပြီးမှာယန်ဟီးလီကအစဒေါ်စုရှင်းပါဘာညာပြောပြီးပြည်သူကိုစိတ်ပူအောင်လုပ်တာကြားကြမှာပါ။အချို့ဒီမိုယောင်ယောင်များကလဲDASSK ထွက်ရှင်းပါပေါ့။သူမကဘာကြောင့်မှထွက်ရှင်းစရာမလိုပါ။မဟုတ်တာလုပ်သူတွေသာလုပ်ခဲ့ရင်ခံရမှာပါ။

ဒီနေရာမှာ၂၀၁၇ဇူလိုင်အာဇာနည်နေ့မတိုင်ခင်ကွီးဖြိုးကတပ်ချုပ်ရာထူးကဒီမိုနိုင်ငံမှာညွှန်ချုပ်အဆင့်သာရှိတယ်ပြောခဲ့လို့တပ်ကတောင်းပန်ခိုင်းတာအဘကိုထောက်ခံသူခရိုနီတွေအဘသားတွေကFacebook မှာပရိုဖိုင်းပြောင်းပြီးဂျပုကိုထောက်ခံကြောင်းပြခဲ့သလိုဒီမိုတွေကလဲကွီးဖြိုးပုံကိုပြောင်းပြီးထောက်ခံခဲ့တာမှတ်မိမှာပါ။အဲ့ဒါမတိုင်ခင်လပေါင်းများစွာကထဲကDASSK နဲ့မအလဟာ၂၀၁၆နိုဝင်ဘာမုန်းကိုးကိုအတိုက်ခံရအပြီးကထဲကဆက်ဆံရေးအစဉ်မပြေခဲ့တာပါ။ဒါပေမယ့်လူသိရှင်ကြားဖြစ်ခဲ့တာကဇူလိုင်၂၀၁၇ကွီးဖြိုးကိစ္စနဲ့မှပါ။အဲ့ဒီအချိန်မှာပညာရှင်ဆိုသူများကလဲကွီးကမပြောသင့်ဘူးဘာညာနဲ့ဝေဖန်ကြပါတယ်။နောက်ဆုံးကွီးဖြိုးကတောင်းပန်စာထုတ်ပြီးပြဿနာပြီးသွားခဲ့ပါတယ်။ဒီကိစ္စဟာပြည်တွင်းသတင်းစာတွေမှာမကနိုင်ငံခြားသတင်းတွေမှာပါပါခဲ့ပါတယ်။ရန်ကုန်ကသံရုံးတွေလဲသိသွားခဲ့ပါတယ်။ကိုဖီအာနန်လဲသိသွားခဲ့ပါတယ်။ဒါကြောင့်အာဆာမတိုက်ခင်တပ်ဟာအရပ်သားအစိုးရနဲ့ရန်ဖြစ်နေခဲ့တာဟာကမ္ဘာသိပါ။အာဆာဝင်တိုက်တာကဩဂုတ်လ၂၅ရက်၂၀၁၇ပါ။ဒီလိုလူသိရှင်ကြားကမ္ဘာသိပြဿနာဟာကွီးဖြိုးကိစ္စနဲ့ရှိခဲ့လို့မအလဟာDASSK နဲ့အဲ့ဒီကိစ္စကိုတိုင်ပင်မလုပ်တာထင်ရှားသွားပါတယ်။

ဒါကြောင့်ကွီးဖြိုးကိစ္စကြောင့်DASSK ကိုစွတ်စွဲလို့မရတော့ပါဘူးလို့ပြောပါရစေ။အမေကသားကိုကယ်သလိုဒီကိစ္စမှာသားလုပ်ရပ်ကြောင့်အမေ့ကိုအပြစ်တင်လို့မရတော့ပါ။


zawgyi version










Evidence source: Irrawaddy, Frontier Myanmar, Myanmar times, Myanmar Insider

365 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page