top of page
Search

ဒီအချိန်မှာနားလည်သင့်ပြီ(Unicode version)

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 4, 2019
  • 1 min read


ဒီကလေးအကြောင်းကြားရတာစိတ်မကောင်းစရာပါ။ဒီကိစ္စမှာရဲကိုလူအများကဝိုင်းပြောတာကိုလဲသတိထားမိပါတယ်။ဒီနေရာမှာရဲကိုဘယ်သူမှအမိန့်မပေးနိုင်တာမဖြုတ်နိုင်တာသွားတွေ့ရပါတယ်။ဒါပေမယ့်ဒီကိစ္စတွေဟာတကယ့်ဒီမိုနိုင်ငံတွေမှာလဲဖြစ်လေ့ရှိပါတယ်။

ဘာကွာလဲဆိုတော့ရဲတပ်ဖွဲ့ရဲ့အခြားလုပ်ရပ်တွေကဒီအပေါ်မှာအရိပ်လိုကျနေပါတယ်။ဒါကြောင့်ပြည်သူရဲ့ရဲအပေါ်ယုံကြည်မှုဟာနည်းနေလို့ပါ။ဥပမာရဲအဖွဲ့ဟာICC ကိုထောက်ခံဆန္ဒပြရင်ချက်ခြင်းလာဖမ်းပေမယ့်လက်ရှိအစိုးရကိုခွင့်ပြုမိန့်မတင်ဘဲဆန္ဒပြရင်တော်တော်နဲ့ရှာမတွေ့ပါ။

ဒါတင်လားဆိုတော့ဝရမ်းပြေးကတပ်ထဲသွေးလာလှူလဲရဲတပ်ဖွဲ့ကဖမ်းမမိတာတွေ၊ဝီဝီကိုဖမ်းမမိတာတွေ၊MRTV4 ကိုရှာမတွေ့တာတွေဟာရဲအဖွဲ့ရဲ့သခင်ဟာဘယ်သူလဲဆိုတာကိုသိစေပါတယ်။

ဒါကြောင့်ရဲတပ်ဖွဲ့ဟာဒီကိစ္စမှာဘာလုပ်လုပ်အပြောခံရမှာပါ။ဝေဖန်လိုသူတွေအနေနဲ့လဲပြည်ထဲရေးကိုကြိုက်သလိုဝေဖန်ပါ။ဒါပေမယ့်အစိုးရကိုတော့လာမထိပါနဲ့လို့ကြိုပြောထားပါရစေ။အင်္ဂါနေ့ကဘီဘီစီမှာကလေးသူငယ်စောင့်ရှောက်တဲ့NGO မိန်းမကရဲနဲ့ပြည်ထဲရေးကိုအပြစ်မပြောဘဲအစိုးရကိုအပြစ်ပြောတာများတာဟာဒီဇတ်ကနေဘယ်ကိုသွားလိုလဲဆိုတာကိုပြနေပါတယ်။

ဒီနေရာမှာအနောက်နိုင်ငံများအနေနဲ့လဲဘင်္ဂါလီကိစ္စဖြစ်တာဟာခြေဥပေါ်မူတည်နေတယ်ဆိုတာနားလည်ဖို့လိုပါတယ်။ဘင်္ဂါလီတုန်းကအဘနဲ့တွဲပြီးနွဲခဲ့တဲ့ဓာတ်ခဲတို့အမျိုးတွေလဲယခုရခိုင်မှာဖြစ်နေတာဟာခြေဥကြောင့်ဆိုတာနားလည်ဖို့လိုပါတယ်။ထို့အတူပါဘဲကချင်ကသွေးချင်းတွေလဲကချင်မှာဖြစ်နေတာတွေဟာခြေဥကြောင့်လို့နားလည်ဖို့လိုပါတယ်။

ထိုနည်းတူစွာပါဘဲပြည်မကသူတွေအနေနဲ့လဲကိုနေမျိုးဇင်အဖမ်းခံရတာ၊မင်းထင်ကိုကိုကြီးအဖမ်းခံရတာ၊ဇာဂနာတို့တရားစွဲခံရတာဟာခြေဥကြောင့်ဆိုတာနားလည်ပါ။မြေတွေသိမ်းနေတာလဲခြေဥကြောင့်ဆိုတာနားလည်ပါ။ဘုရင့်နောင်ကြီးပြန်ပေးရမယ်ဆိုတာလဲခြေဥကြောင့်ဆိုတာနားလည်ပါ။ငါကဘုန်းကြီးဆိုပြီးလွတ်မယ်ထင်ရင်ဆရာတော်ဦးသောပိတကိုတရားစွဲနိုင်တာလဲဒီခြေဥကြောင့်ပါ။

ယခုမူကြိုကလေးတွေရဲ့ဘဝမလုံခြုံတာလဲခြေဥကြောင့်ဆိုတာနားလည်လိုက်ပါ။

ခြေဥသာလက်နက်ကိုင်တပ်ဖွဲ့များသည်သမ္မတအောက်တွင်ရှိသည်ဆိုလျင်ရဲတွေယခုထက်ပိုပြီးတော့လူထုကိုမျက်နှာမူရပါမယ်။ထောက်လှမ်းရေးတပ်ဖွဲ့တွေဟာပြည်သူကိုယခုထက်ပိုမျက်နှာမူရပါမယ်။

ဒါကြောင့်နိုင်ငံတကာရော၊တိုင်းရင်းသားတွေရော၊ပြည်မကပြည်သူတွေရော၊ဘာသာပေါင်းစုံကဘုန်းကြီးတွေအနေနဲ့အာဏာရှင်သွေးခွဲတာကိုနားမယောင်ဘဲ၂၀၀၈ခြေဥပြင်ဖို့လက်ရှိဒီမိုအစိုးရကလုပ်တာကိုဇူလိုင်၁၇မှာထောက်ခံကြောင်းပြကြပါလို့ပြောလိုပါတယ်။ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ဒီအချိန်မှာနားလည်သင့်နေပါပြီ။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page