top of page
Search

ဒေါသထွက်နေသောလူအုပ်ကြီးနှင့် တရားဥပဒေစိုးမိုးရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 21, 2020
  • 1 min read

ရွေးကောက်ပွဲမတိုင်ခင်မှာ မီးသတ်ကားအချို့ကို အဖြူရောင်ပြောင်းပြီး မီးသတ်တွေကို ရဲဝတ်စုံဝတ်ပြီး ဆူပူမှုတွေဖြစ်ရင် နှိမ်နင်းဖို့ ပြည်ထဲရေးက ပြင်ထားခဲ့ပါတယ်။ မရရင် ပစ်မယ်ပေါ့။ လုပ်ထားတာက ပြည်ထဲရေးဝန်ကြီး နုတ်မိန့်နဲ့ပါ။ DASSK က အစပိုင်းမသိပေမယ့် စာရေးသူတို့ ထောက်လှမ်းရေးသတင်းအရ သိသွားခဲ့ပါတယ်။ သူမနားကလူတွေ သူမကို ပြောပြတာမဟုတ်ပါ။ ဒါကြောင့် သာဝကိုရေးတာပါ။ ယခုရွေးကောက်ပွဲအပြီးမှာ ဆူပူမှုတွေက ငိုချင်လျက် လက်တို့ ဖြစ်နေသလိုပါ။

မြန်မာပြည်က ထောက်လှမ်းရေးစနစ်ဟာ ထွေအုပ်၊ ရဲနဲ့ သတင်းပေးသမား informer တွေကို အခြေခံပါတယ်။ ယခင်က ထွေအုပ်ဟာ ပြည်ထဲရေးအောက်မှာမိုလို့ တစ်ဖွဲ့ထဲပါ။ ယခုအချိန်မှာက သတင်းကဘယ်သူ့ထံတက်ပြီး ဘယ်သူ့ထံမှာဆုံးလေး မသိပါ။ စရဖကလဲ ထို့အတူ သတင်းစုဆောင်းပါတယ်။ဥပမာ ရှမ်းပြည်မှာ သူပုန်အဝင်အထွက်ကို ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေထံက ရပါတယ်။ နောက်သတင်းပေးတွေပါ။ ဖွတ်လက်ထက်ကတော့ သူတို့ရဲ့သတင်းပေးဟာ သူတို့ရဲ့ ပါတီအမာခံတွေပါ။

ဒဂုံဆိပ်ကမ်းပြဿနာကို ပြန်လေ့လာရအောင်။ ထိုအိမ်မှာ ယခုလိုခိုင်းနေတာဟာ ကြာခဲ့ပုံပါ။ ဘာကြောင့် ထွေအုပ်က မသိတာပါလဲ? ဥပမာ လုပ်ငန်းတွေလုပ်ရင် စည်ပင်ကလိုင်စင်ယူရပြီး ထွေအုပ်တွေက ထောက်ခံရတာပါ။ သူက မသိရင် နယ်ပိုင်ရဲကလဲ မသိတာဟာ ထူးဆန်းပါတယ်။ နောက်အလုပ်သမားဦးစီးက ဒီလုပ်ငန်းကို တစ်ခါမှ ဝင်မစစ်ဖူးလားဆိုတာ မေးစရာ ရှိလာပါတယ်။အလုပ်သမားဝန်ကြီးဟာလဲ မိုးကျပါ။

နောက် ရွေးကော်ကို ဆန္ဒပြတာ။ ဟိုတပ်ကို ICJ ရောက်လို့ ကုလကို ထောက်ခံဆန္ဒပြတာ၊ စစ်ပွဲရပ်ကိုဆန္ဒပြတာ၊ တပ်ချုပ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ရဲနဲ့ ထွေအုပ်ဟာ မိနစ်ပိုင်းအတွင်းရောက်လာပြီးဆန္ဒပြသူကို ဖမ်းသွားခဲ့ပါတယ်။ အားလုံးမှတ်မိကြမှာပါ။ ယခု မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတာကိုသတင်းသမားတွေက အေးအေးဆေးဆေး Live လွှင့်တာတောင် လုံးဝ ထွေအုပ်ရော ရဲပါ လာမဖမ်းတာဟာ ရိုးသားမှုမရှိပါ။


အစိုးရအနေနဲ့က ရဲဟာ မိမိအောက်မှာမရှိလို့ ဘာမှမတတ်နိုင်တာ နားလည်ပါတယ်။ ဒါပေမယ့် ထွေအုပ်ကိုတော့ သေချာကိုင်တွယ်ပြီး သတင်းရအောင်လုပ်ပါ။ မဟုတ်ရင် မိမိကို ဒေါသထွက်နေသော လူအုပ်ကြီးနဲ့ ပြန်ပြီး အန္တရာယ်ပေးနိုင်လို့ပါ။ ထောက်လှမ်းရေးသတင်းကို ရအောင် စုဆောင်းပါလို့ ပြောပါရစေ။ ယခုဟာက ထောက်လှမ်းရေးမနိုင်တာရယ် ထွေအုပ်မနိုင်တာရယ်ပေါင်းပြီး တရားဥပဒေစိုးမိုးမှုမရှိအောင် ပုံဖော်နေပြီး အစိုးရပုံရိပ်ကျအောင် လုပ်နေတာကို သတိပြုပါလို့ ပြောပါရစေ။ အစိုးရအနေနဲ့ မတ်လ ၂၀၂၁ အထိ အခြေအနေကို ထိန်းထားနိုင်ရင် အဆင်ပြေမှာပါ။ ထောက်လှမ်းရေးအသိနဲ့ ရန်သူကို လက်ဦးမှု ရယူနိုင်ပါစေ။

News and Photo Credit: Myanmar Now

 
 
 

2 Comments


Albert Wint
Albert Wint
Nov 21, 2020

Posts ကိုကြိုက်ပါသည် မှန်ပါသည်

Like

Myint Soe Oo
Myint Soe Oo
Nov 21, 2020

ဦးမြတ်!!သတ္တဝါမှန်သမျှ အကျင့်ဗီဇစရိုက် အကြိုက်မို့ စွန့်ရန် ခဲယဥ်းလှပါသည်။ နွား မှန်ရင် ဝှေ့ ပါသည်။ မြင်း မှန်သမျှ ကန် ။ တောဝက် မှန်သမျှ ပက်။

အဆိုးဆုံးက မြေခွေး???

~အနံ့ကို ချောင်းတာ သဘာဝ

~သားကောင်ကို အုပ်စုဖွဲ့၊ ခဲ ၊

ဝိုင်း ဆဲွဲကြတာ သူတို့၏ နိယမ။

~သားကောင်အသေကို **အောင်

သေ အောင်သား တပျော်တပါး

စားသောက်ကြတာ**အစဥ်အလာ။

မြေခွေး အိုတွေနောက် ၊ မြေခွေးပျိုတွေ လိုက်ကြတာက ငြင်းမရ။

သိုးအုပ်ထဲကို သိုးမည်း ထည့် ။

အကျင့် မသိခင်က သိုးဖြူတွေယုံစား အားကိုးခဲ့ကြတာ။သိုးမည်းနဲ့ မြေခွေး အို ပေါင်းကြံ တော့၊ သိုးဖြူအလောင်းတွေ ထပ်နေတာကို သိုးဖြူတွေ သိ သွားကြပါပြီ။

သုံးလေးခါမက သေဘူးကြပြီမို့

သိုးမည်းနဲ့အတူ မြေခွေး အို ရှိနေတတ်ကြောင်း အတိတ်က သင်္ခန်းစာများအရ အသိကြီး သိ သွားကြပါပြီ။သို့ပါ၍ သိုးဖြူတွေက သိုးမည်းမှန်ရင် ဝေးဝေးက ရှောင်ကြပါပြီ။ ရှောင်ရင် ရန်ဘယာအေးကြောင်း ဘဝပေးအသိရခဲ့ပါပြီ။

သိုးဖြူတွေ အမြင်မှန်ရပြီး စည်းလုံးနေသမျှ မြေခွေးစားခံရသည့် ဘေးမှ လွတ်ရပါမည်။သိုးမည်းနဲ့ပေါင်းသော သိုးဖြူများကိုတော့ သတိထားရပါလိမ့်မည်။

သိုးဖြူအပေါင်း လုံခြုံအေးချမ်း ဘေးမသမ်းသည့် ​အစောင့်ရှိသည့် **ဝန်း**အတွင်းသို့ မရောက်ခင် သတိ ဝီရိယဖြင့် အသိ ရှိရှိဖြင့်လျှောက်လှမ်းရမည့်အချိန်အခါ ရောက်ရှိနေပါပြီ။


မေတ္တာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page