top of page
Search

ဒေါ်လာသန်းချီ လက်နက်များ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 9, 2022
  • 1 min read

စစ်ပွဲတွေမှာ အရပ်သားတွေသေတာ ဗုံးကြဲခံရတာဟာ အင်မတန်ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒီနည်းကို ဆီးရီးယားမှာသုံးသလို မြန်မာပြည်နဲ့ ယခုယူကရိန်းမှာလဲ သုံးနေတာ အားလုံးတွေ့ရမှာပါ။ အီရတ်မှာ အမေရိကန်စသိမ်းစဉ်က အမေရိကန်ကာကွယ်ရေးဝန်ကြီးက Shock and Awe လို့တောင်သုံးခဲ့ပါတယ်။ အာဖဂန်မှာလဲ ထို့အတူ ဆိုဗီယက်နဲ့ အမေရိကန်က ဗုံးကြဲ၊ အမြောက်နဲ့ပစ်တိုက်ခဲ့တာပါဘဲ။ရည်ရွယ်ချက်က ဗုံးကြဲရင် အဆောက်အအုံတွေပျက်မယ် လမ်းပန်းဆက်သွယ်ရေးတွေပျက်မယ်။ လူတွေစိတ်ဓာတ်ကျမယ်ပေါ့။ ဒါပေမယ့် ဒီစစ်ပွဲတွေရဲ့ ကုန်ကျစရိတ်က အင်မတန်ကြီးပါတယ်။အင်မတန်ချမ်းသာတဲ့ အမေရိကန်တောင် ရေရှည်မတတ်နိုင်ပါ။ ဒါကြောင့်အာဖဂန်က ဆုတ်ရတာပါ။

ပြီးခဲ့တဲ့အပတ်က စစ်ကိုင်းကရွာအချို့ကို ဝင်စီးတာ အားလုံးမှတ်မိမှာပါ။ ဒါကသတင်းမရရင် ဝင်စီးလို့မရပါ။ ပထမဆုံးက သတင်းလုံခြုံမှုမရှိလို့ သူတို့ကရသွားပြီး ဝင်စီးတာပါ။ ပုံမှန်အားဖြင့် ဝင်စီးရင်ရဟတ်ယဉ် သုံးစီးကနေ လေးစီးအထိသုံးလေ့ရှိပါတယ်။ နှစ်စီးက ရဟတ်ယာဉ်ပေါ်က လူချမယ့်နေရာနားကို ဝိုင်းပစ်တာပေါ့။ ဒီလက်နက်ဖိုးက ဒေါ်လာတစ်သန်းလောက် အနည်းဆုံးကုန်ပါတယ်။အမြောက်ကတော့ အဝေးပစ်အမြောက်ဆန်ဆို ပိုစျေးကြီးပါတယ်။ လေယာဉ်ပေါ်ကနေ ဗုံးကြဲရပြီဆိုရင် နောက်သန်းချီထပ်ကုန်ပါတယ်။ စစ်ကိုင်းမှာတော့ အများစုက လေယာဉ်မပါသေးပါ။ ဒီလို PDF စခန်းကို ဝင်ပစ်၊ ဝင်သိမ်းဖို့ကြိုးစားရင် စစ်ဆင်ရေးတစ်ခုက ဒေါ်လာ ငါးသန်းလောက်ကုန်ကျပါတယ်။ ရဟတ်ယာဉ်ကို ပြုပြင်ထိန်းသိမ်းရတဲ့ ကုန်ကျစားရိတ်ပါထပ်ကုန်ပါတယ်။ ရဟတ်ယာဉ်အများစုက ဟောင်းနေပါပြီ။ ကားစကားနဲ့ပြောရင် မိုင်သိန်းချီနေတဲ့ အဟောင်းတွေပါ။ အဲ့ဒီလို ဝင်စီးအပြီးမှာမြဝတီက ကြေညာတာ သူလိမ်တာကို မျက်စိမှိတ်ပြီး ယုံပေးရင်တောင် PDF ထံက မိတယ်ဆိုတဲ့လက်နက်က မြန်မာငွေ သိန်း ၁၀၀ လောက်တောင်မရှိပါ။ PDF က လူအင်အား တစ်ထောင်ရှိတယ်ဆိုရင် ဆယ်ယောက်တောင်မမိပါ။ ဒါက စစ်သဘောအရပါ။ ဘယ်သူမဆို အပေါ်က ရဟတ်ယာဉ်လာပြီဆိုရင် ဘယ်လောက်မြန်မြန် ရှောင်သွားမှာပါ။ ရဟတ်ယာဉ်ပေါ်က ဆင်းလာတဲ့ မအလတပ်ကလဲနိုင်ငံခြားကားထဲကလို ကားတွေပါမလာပါ။ သူတို့က ထိုရွာထဲသာ ဝင်မွှေရဲတာပါ။ သူတို့ ရွာပြင်ထွက်ရှာလေ သတ်ကွင်းဖြစ်ပြီး ပစ်ခတ်ခံရဖို့များလေ အသေများလေဖြစ်မှာ သူတို့လဲသိပါတယ်။ ဒါကြောင့်ယခုစစ်ဆင်ရေးတွေက မအလတပ်က မြန်မာငွေ သိန်း ၁၀၀ တန် (ဒေါ်လာ ၆၀၀၀) PDF ထံကလက်နက်မိဖို့ကို ဒေါ်လာ ငါးသန်းလောက် အကုန်ခံတိုက်နေရတာပါ။ သူတို့ကိုထောက်ခံသူတွေစိတ်ဓာတ်တက်ကြွအောင် ဒီမိုတွေစိတ်ဆင်းရဲအောင် ယခုနောက်ပိုင်းက PDF ရှိရှိ မရှိရှိ ရွာတွေကိုမီးရှို့တာ အမြောက်နဲ့ပစ်တာ လုပ်နေတာပါ။

ဒါကိုခံနိုင်ဖို့က စာရေးသူတို့ PDF တွေအနေနဲ့ သတင်းလုံခြုံရေးကို အဓိကထားဖို့လိုပါတယ်။နောက်ပြီး မိမိလူတွေကို တပ်ဖြန့်ထားဖို့လဲလိုပါတယ်။ ညဘက်တွေမှာ လေကြောင်းက ပစ်မရအောင်လူစုမနေဖို့လိုပါတယ်။ တိုက်ပွဲက ရေရှည်တိုက်နိုင်လေ မိမိတို့နိုင်လေပါ။ နောက်ရွာတွေကိစ္စပါ။ ဒီကိစ္စကို စာရေးသူအနေနဲ့ စစ်မတိုက်ခင်ပြင်ထားရန်ဆိုပြီး “https://www.myattunoo.com/post/စစ-မတ-က-ခင-ပ-င-ထ-ရန” ဆောင်းပါးရေးဖူးပါတယ်။ အချို့က ဆရာရေးတာဖတ်ပြီး ကျွန်တော် ကျွန်မတို့လယ်ကွင်းထဲမှာ ဘယ်ပစ္စည်းတွေမြုပ်ထားလို့ လွတ်သွားတယ်လာပြောသူရှိသလို အချို့ကလဲ ကျွန်မတို့ရွာက PDF ဝင်လေ့မရှိလို့ မပြင်ထားလိုက်တာ လာပြီးမီးရှို့သွားလို့ ပါသွားပြီဆရာဆိုပြီး လာပြောသူလဲရှိပါတယ်။ မအလတပ်ဟာ ဖက်ဆစ်တပ်မိုလို့ တွေ့ရာမီးရှို့လို့ လက်နက်ကြီးနဲ့ လေကြောင်းပစ်မရှိဘဲ ကာကွယ်လို့မရပါ။ ဒါကြောင့် ရွာသူရွာသားတွေအနေနဲ့က မိမိပိုင်ဆိုင်တာကို ခွဲဖွက်ပြီး ပြင်ဆင်ထားတာက အကောင်းဆုံးကာကွယ်မှုပါ။

အကျဉ်းချုပ်ရရင် ပြောက်ကျားစနစ်နဲ့တိုက်တာက ပြည်သူပါနေလို့ ရေရှည်မှာ စာရေးသူတို့ ဒီမိုတွေကလုံးဝနိုင်မှာပါ။ လိုနေတာက သတင်းလုံခြုံမှုနဲ့ ရွာတွေက မိမိပိုင်ဆိုင်တာကို နေရာအနှံ့မှာ ဖျောက်ထားပြီး အဖျက်ခံရတာနည်းအောင် ပြင်ဆင်ထားကြဖို့ပါ။ ရန်သူကိုစစ်မြူပြီး ပြောက်ကျားစနစ်နဲ့ မြန်မာ့နည်းအတိုင်း ပြတ်ပြတ်သားသား တိုက်နိုင်ရင် လုံးဝနိုင်မှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page