top of page
Search

ဒီမိုလူကြီးများအတွက် ဆက်သွယ်မှုလုံခြုံရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 28, 2021
  • 1 min read

ree

ပထမဆုံးက မိမိတို့အချင်းချင်း ဆက်သွယ်ရင် satellite phone၊ မရရင် နိုင်ငံခြားကဆင်းကတ် အမေရိကန်၊ ပြင်သစ်၊ ယူကေ၊ ဩဇီက ဆင်းကတ်သာ အဓိကထားသုံးပါ။ ထိုင်းနဲ့ စင်ကာပူဟာ စိတ်မချရပါ။အဆိုပါ ဆင်းကတ်တွေနဲ့ telegram၊ WhatsApp၊ Snapchat တွေသုံးပြီး အင်တာနက်ကနေ ပြောပါ။ဥပမာ ယူကေ၊ US ကအမျိုးကို whatsApp အတွက် သူတို့နိုင်ငံကဆင်းကတ်နဲ့ အကောင့်ဖွင့်ခိုင်းပြီးမှာသူ့ဖုန်းနံပတ်၊ password နဲ့ အဆိုပါအကောင့်ကို သုံးတာမျိုးပါ။ မိမိသားသမီး၊ တူ၊ တပည့်ရင်း ရှိရင်အကောင်းဆုံးပါ။

သတင်းထောက်တွေကို Zoom, Skype, Microsoft Team တွေကနေသာ အင်တာဗျူးပေးပါ။အင်တာဗျူးချိန်မှာ နောက်ခံကို ဖျက်ထားပါ။ သူတို့သတင်းထောက်အချို့ကိုဖမ်းရင် ဖုန်းတွေကိုစစ်ပါတယ်။

နောက် CDM ကို ငွေထောက်ပံ့ရာမှာ တစ်ဦးထဲကနေ CDM အများကြီး(one to many) မသွားစေဘဲ ပြည်သူကနေ ပြည်သူ(One to one)သို့သာ ငွေစီးဆင်းပါ။ ဥပမာ CDM ဆိုသူက ဒလန်ဖြစ်ခဲ့ရင် တစ်ယာက်သာ ပါသွားမှာပါ။ မဟုတ်ရင် သူက ငွေဝင်ရာတစ်ယောက်ကို ဖမ်းကိုင်လိုက်ရင် အကုန်ပါသွားပါလိမ့်မယ်။ နောက်ထင်ရှားသူများ မိမိငွေကိုဘဏ်ကနေထုတ်ထားပါ။ မအလဟာ အလွန်ယုတ်မာပြီး ဘဏ်အကောင့်သိမ်းတာတွေ လုပ်တတ်ပါတယ်။ ဒါ့ကြောင့် ငွေသားကို ထုတ်ထားပါ။ ယခုက ဘာလူ့အခွင့်အရေးမှ မရှိပါ။

နောက်ထင်ပေါ်ကျော်ကြားသူများ မိမိတို့ရဲ့ မိသားစုများကို တိမ်းရှောင်ခိုင်းထားတာပါ။ မအလဟာ မဆိုင်သူများကို စဖမ်းနေပါပြီ။ အလွန်ယုတ်မာပါတယ်။ မိမိဆွေမျိုးတွေနဲ့လဲ ဖုန်းကနေမဆက်သွယ်ပါနဲ့။ Facebook ဟာ အကောင့်ကို နိုင်ငံခြားက ဆင်းကတ်နဲ့ ဖွင့်လုပ်ထားတာဆိုရင် စိတ်ချရပေမယ့်မြန်မာပြည်ထဲက ဆင်းကတ်ဆိုရင် ဘာမှစိတ်မချရပါ။ သာမန်ပြည်သူကတော့ အရေးမကြီးပါ။ ဒါပေမယ့် ထင်ရှားသူများကတော့ လုံခြုံရေးဂရုစိုက်ပါ။

 
 
 

Recent Posts

See All
မိုးကုတ်

မိုးကုတ်နားကနေ အတိုးအဆုတ်ကို ဆုံးဖြတ်မှာပါ။ ပြည်သူက အငြင်းမပွါးဘဲ ဘယ် ERO မှ အပြစ်မတင်ဘဲ NUG ကို PRF ကနေ ကူပေးပါ။ ဒါဆို ရလာဒ်ကောင်းမှာပါ။

 
 
 
မိုက်တီးလိုရိုက်

မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page