top of page
Search

ဒီမိုများသတိထားစရာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 2, 2019
  • 1 min read

ဒီမိုများသတိထားစရာ

ရွေးကောက်ပွဲနီးလာတာနဲ့ တပ်ကစွဲတဲ့အမှုတွေကလဲ စိတ်လာပါတယ်။ ခြေဥပြင်ဖို့ထောက်ခံပွဲမှာ ပြောသူနီးပါးကိုဗြောင်တရားစွဲလာတာပါ။

တရားသူကြီးတွေကလဲ တပ်အလိုကျ အမိန့်ချပေးနေပုံပါ။ ဖက်စစ်ဂျပန်ကိုတော်လှန်ရေးမလုပ်ခင်မှာ ဂျပန်ရဲ့ဖိနှိပ်မှုဟာ ပိုများလာတာ အားလုံးသိမှာပါ။

တပ်က တစ်ဖက်မှာသူ့ကိုဝေဖန်သူတွေကို ဒဲ့တရားစွဲသလို သူ့ကိုလိုင်းပေါ်ကဝေဖန်သူ နိုင်ငံပြင်ပနေသူများရဲ့ အကောင့်ကို report လုပ်ပြီး တိုက်ချပါတယ်။ပြည်တွင်းနေသူများ သူ့ကိုဝေဖန်သူအမည်မသိအကောင့်များကိုလဲ cyber police ကနေတဆင့် Facebook အဖွဲ့ကို ဖျက်ခိုင်းလေ့ရှိပါတယ်။

ဒီမိုအစိုးရကို ဝေဖန်တဲ့အကောင့်တွေက ရှင်သန်နေဆဲပါ။ တချိန်ထဲမှာဘဲ ယခင်အစိုးရကလုပ်ခဲ့တာကို ယခုအစိုးရကလုပ်သလို ဂျင်းထည့်ဝေဖန်တာတွေလဲအတွင်းဝန်ရုံးကိစ္စလိုမျိုးနဲ့ စလုပ်လာပါတယ်။ ဒီနေရာမှာ ပြည်သူတွေမခံနိုင်တဲ့အရာတစ်ခုကို ယခင်ဖွတ်အစိုးရကခွင့်ပြုခဲ့ပေမယ့် ယခုအစိုးရကလုပ်သရောင်ပုံရိပ်ကျအောင် ထင်ယောင်ထင်မှား ဝါဒဖြန့်တာပါ။ ရန်ကုန်တိုင်းအစိုးရက ထရှင်းလိုက်လို့ အဆင်ပြေသွားပေမယ့် မရှင်းရင် မိမိလွှတ်တော်ကိုယ်စားလှယ်ကလဲဖောင်းထုဖို့ပြင်တော့ မလွယ်ပါ။

နောက်ဗျူဟာအသစ်က တပ်ကိုဝေဖန်တဲ့အကောင့်တွေကို ပိတ်ပြီး NLD ကိုဝေဖန်မဲ့ ယခင်က NLD လိုလို မွေးထားတဲ့ ဒေါက်ခိုင်တို့က ပါတီထောင်ပြီးအစိုးရကို ဝေဖန်တာတွေများအောင် မြေတောင်မြှောက်ပေးတာပါ။

အားလုံးသတိနဲ့ ကျော်ဖြတ်ပါ။ ယခုအချိန်မှာလဲ အမျှော်အမြင်ရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အချို့က တပ်သာအစိုးရအောက်မှာတရားဝင်ရှိပြီးလွှတ်တော်ကထွက်ရင် တစ်ခုထဲသော တပ်မတော်ဆိုတာကို လက်ခံမယ်လို့ ပြောလာနေကြပါပြီ။ ၂၀၂၀ မှာ သူတို့ရှုံးရင်အဆင်ပြေလာမှာပါ။ အိမ်မက်အချို့ဟာ၂၀၂၀ မှာ ခြေခံနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကိုကျော်ဖြတ်နိုင်ရင် သမ္မတရူးအိမ်မက်ကလဲ နိုးထလာမှာဖြစ်သလို ခွဲထွက်လိုတဲ့ အိမ်မက်ရူးလဲ နိုးထလာမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page