top of page
Search

ဒီမိုတွေလက်နက်ကြီးဘာကြောင့်လိုသလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 19, 2021
  • 1 min read

လက်နက်ကြီးဟာ ရန်သူ့အနားမသွားဘဲ အဝေးကနေ လှမ်းပစ်လို့ရပါတယ်။ လောလောဆယ်မှာဝ တပ်ဖွဲ့ကလွဲရင် အခြားလက်နက်ကိုင်တွေမှာ အဆိုပါ လက်နက်ကြီးတွေ မရှိသေးပါ။ အချို့အဝေးပစ် အမြောက်လက်နက်ကြီးတွေဟာ ၁၄ မိုင်ကနေ ၁၉မိုင်အထိ ပစ်လို့ရပါတယ်။ ဒီလိုလက်နက်မျိုးသာ ပိုင်ဆိုင်ခဲ့ရင် မအလဟာ နေပြည်တော်ကနေ အပြင်ထွက်ဖို့တောင် မလွယ်တော့ပါ။ ဒါဆို ဘာကြောင့် မဝယ်နိုင်တာလဲ? အဆိုပါ လက်နက်ကြီးတွေဟာ အစိုးရတွေကရောင်းပေးမှသာ ရပါတယ်။ စျေးကြီးပါတယ်။ လောလောဆယ်က အင်္ဂလိပ်နဲ့ အမေရိကန်ကNUG ကို လက်နက်မထောက်ပံ့သေးပါ။ လေနဲ့သာ အာခြောင်ပြီး သူက တရုတ်နဲ့အာဆီယံပြောစကားကို မအလနားထောင်မလား စောင့်ကြည့်နေပါသေးတယ်။ တရုတ်နဲ့ အာဆီယံကလဲ မအလက တိုင်းပြည်ကို ထိန်းနိုင်မလား စောင့်ကြည့်နေပါတယ်။ မအလက ထိန်းနိုင်ခဲ့ရင် မအလနဲ့ပေါင်းစားမှာပါ။ မအလက မထိန်းနိုင်ခဲ့ရင် တရုတ်နဲ့အာဆီယံက ဘာလုပ်မလဲ ဆုံးဖြတ်ရမှာပါ။ပြည်သူတွေက တရုတ်နဲ့အာဆီယံအကျိုးစီးပွါးထိလာပြီး မအလကလဲ မထိန်းနိုင်ခဲ့ရင် တရုတ်နဲ့အာဆီယံက ကုလအောက်က ဝင်ထိန်းမလား ဒါမှမဟုတ် တစ်ဖွဲ့ကို လက်နက်ထောက်ပံ့ပြီး ပွဲသိမ်းမလား ဆုံးဖြတ်ရမှာပါ။ ယခုတောင် တူမီးနဲ့တိုက်တဲ့ ပြည်သူတွေက မအလတပ်ကို ဒုက္ခကောင်းကောင်း ပေးနေတယ်ဆိုတာ တရုတ်ထောက်လှမ်းရေးကသိပါတယ်။ အရေးကြီးတာကပြည်သူတွေဟာ ဘယ်သူ့ကိုမှ မမျှော်ဘဲ လုပ်စရာရှိတာကို ဆက်လုပ်နေဖို့ပါ။ စစ်ကိုင်းတိုင်းကရွာတွေကို ဖက်ဆစ်တပ်က ကြောက်အောင် ရွာလုံးကျွတ်မီးရှို့ပေမယ့် တစ်ရွာလုံး PDF အဖြစ် ခံယူလာကြတာကို တွေ့နေရပါပြီ။ ပြည်သူကို လျှော့မတွက်ပါနဲ့။ နောက်ဆုံးက ပြည်သူသာ အဓိကပါ။

Photo and News Credit: Popular Mechanics

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page