top of page
Search

ဒုဗိုလ်မှူးကြီးတကယ်သေလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 28, 2022
  • 1 min read



ခေတ်သစ်က သေတယ်လို့တင်အပြီးမှာ လော်ဘီတွေက မသေကြောင်း လော်ကြပါတယ်။ သူတို့ရဲ့အကြောင်းပြချက်က အဘအဆင့်က အပြင်မထွက်ဘူး၊ PDF က အလောင်းမပြနိုင်ဘူး၊ နောက်နေ့  အဘနဲ့ ဖုန်းပြောပြီးပြီဆိုတာပါ။ သူတို့ပြောတာ မှန်လားလေ့လာရအောင်။

ပထမ အဘအဆင့်က မအားလို့ အပြင်မထွက်ဘူးဆိုတာပါ။ ဒါကတော့ အချို့တပ်ရင်းမှူးတွေ၊တိုင်းမှူးတွေဟာ နေရာအသစ်ရောက်ရင် အရပ်ဝတ်နဲ့ထွက်ပြီး စုံစမ်းလေ့ရှိပါတယ်။ မအလလဲ တိုင်းမှူးဘဝက လုပ်ခဲ့သလို မန္တလေးတိုင်းတိုင်းမှူးလဲ လုပ်ခဲ့ပါတယ်။ တစ်ယောက်ထဲ ထွက်ခဲ့တာပါ။ ဒါဆိုသူက စစ်ကိုင်းမှာ ဘာလို့အတင့်ရဲ ထွက်လာလဲဆိုတော့ မြဝတီကြည့်တာများပြီး သူတို့နယ်မြေစိုးမိုးထားနိုင်တယ် တကယ်ထင်လို့ပါ။ နောက်သူက သူ့တပ်ရင်းကနေ အဝေးကြီးသွားတာမဟုတ်ဘဲ ထိုအနားကိုPDF က နယ်မြေစိုးမိုးပြီး လာစစ်သွားတာပါ။ ဒါကြောင့်သူက ရန်သူ့နယ်မြေထဲ ကျွံဝင်သွားတာမဟုတ်ဘဲ ရန်သူက သူ့နယ်မြေထဲ လာစစ်သွားတာပါ။ လုံခြုံရေးအရ ဒီလောက်သာပြောပါ့မယ်။

ဒုတိယက ဘာလို့ PDF ကအလောင်းမပြလဲဆိုတာပါ။ သူက ဒုတိယကင်းမှာ အစစ်မခံထွက်ပြေးလို့ပစ်ရင်းသေသွားတာပါ။ သူဘယ်သူဆိုတာ အစက PDF လဲသိပုံမရပါ။ နောက်ပိုင်း သူ့ဖုန်းကိုကျွမ်းကျင်သူနဲ့ရှာမှ စစ်သားမှန်းသိတာပါ။ အဆိုပါအချိန်မှာ သူက သဂြိုလ်ပြီးနေပါပြီ။ သူ့အချက်အတွက် သူ့မိန်းမကို ဖုန်းဆက်မှအတည်ပြုနိုင်ပုံပါ။ တပ်ကလူတွေဟာ မှတ်ပုံတင်အတုနဲ့ သွားလာပါတယ်။ တန်ပြန်ထောက်လှမ်းရေးဟာလဲ သူတို့ရဲ့မူလတာဝန်ကို သေတာတောင် မပြောကြပါ။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ယင်းမာပင်မှာ မန္တလေးမှာလို မှားသတ်မိရင်တောင် မှားသတ်မိလား အဲ့ဒီလူဟာ တကယ်တန်ပြန်ထောက်လှမ်းရေးလား သိမှာမဟုတ်ပါ။ မိမိသတ်မိတာဟာလဲ တကယ့် CIDလား၊ စရဖလား မသိနိုင်ပါ။ သတင်းသမားနဲ့ လူ့အခွင့်အရေးသမားများ လောလောဆယ်အငြင်းမပွားဘဲ တော်လှန်ရေး ပြီးမှသာ စာရင်းရှင်းကြပါ။ NUG ကိုလဲ သတိပေးပါတယ်။ PDF တွေကိုလောလောဆယ် ပေါ်တင်လွန်သွားမှသာ အပြစ်ပေးပြီး ကျန်တဲ့ဟာတွေကို တော်လှန်ရေးပြီးမှ စုံစမ်းပါ။ ဥပမာ မန္တလေးမှာ အသတ်ခံရတာ၊ ယင်းမာပင်မှာ အသတ်ခံရတာဟာ ဘာဆိုတာ ထိုအသတ်ခံရသူများရဲ့ မှတ်ပုံတင်အစစ်နဲ့ စုံစမ်းမှသာ ရမှာပါ။ ဥပမာ တန်ပြန်ထောက်လှမ်းရေး စရဖက ဆိုင်ကယ်မောင်းသူအယောင်ဆောင်နေရင် သူ့ကို PDF က သတ်လို့သေရင်တောင် မအလတပ်က သူ့တန်ပြန်ထောက်လှမ်းရေးလို့ ဝန်ခံမှာမဟုတ်ဘဲ PDF ကို သိက္ခာချဖို့ အပြစ်မဲ့ ဆိုင်ကယ်မောင်းသမားဆိုပြီး သတင်းလွှင့်မှာပါ။ သူ့မိသားစုကလဲ သူ့ကို စရဖလို့ သိမှာမဟုတ်ဘဲ ဆိုင်ကယ်မောင်းသူအနေနဲ့သာသိမှာပါ။ ဒါက အလုပ်သဘောပါ။

တတိယအချက်က အရေးကြီးဆုံးပါ။ မအလဘောမတွေက မသေဘူး ခေတ်သစ်က လိမ်တင်တာဆိုပြီးလော်ပါတယ်။ တကယ်မသေရင် မြဝတီကနေ အင်တာဗျူးပြလိုက်ရုံပါ။ တပ်ပိုင် NP News တို့၊ ဘီဘီစီတို့ကို တီဗီကနေ ဗျူးခိုင်းလိုက်ရုံပါ။ သူတို့မှန်ရင် ဒီကိစ္စက ခေတ်သစ်ကို သိက္ခာချဖို့ သူတို့အတွက် အခွင့်အရေး ဂွင်ပါ။ ဒါပေမယ့် သူတို့မလုပ်နိုင်ဘဲ အသံဖိုင်သာ ထုတ်ပါတယ်။ ဒီလူ့အသံကိုဘယ်သူကမှ မသိနိုင်ပါ။ စာရေးသူအသံနဲ့ လဲ ဒါကလုပ်လို့ရပါတယ်။ ကလေးကွက်ပါ။

အရေးကြီးဆုံးက ဇော်မဲလုံးက ငြင်းချက်ထုတ်ဖို့ သတင်းပို့ခိုင်းချိန်မှာ ဒီလူကသတင်းမပို့နိုင်တာ ယနေ့အထိပါ။ ဒါက သေချာတဲ့အတွင်းသတင်းပါ။သူ့မိန်းမက မသေဘူးဆိုရင် ဘော်မတွေက မသေဘူးဆိုရင် ခေတ်သစ်ကိုသတင်းမပို့ရင်တောင် အဘမဲလုံးထံ သတင်းပို့ရမှာပါ။ ဒါကြောင့် ခေတ်သစ်ကမမှန်လို့ယူဆရင် ဒီအချိန်ဟာ သူတို့အတွက် လူထွက်ပြလို့အကောင်းဆုံးအချိန်မှာ လူထွက်မပြနိုင်တာဟာ မသေရင် မရှင်လို့ပါ။

ဒီအထဲမှာ သတိထားမိတာရှိပါတယ်။ ဘောမအကောင့်တုတွေဟာ NUG ထောက်ခံသလို အမေစုထောက်ခံသလိုနဲ့ မသေဘူးဘာညာဆိုပြီး လူတွေဝေဝါးအောင် လိုက်ရေးတာပါ။ စာရေးသူဒုဗိုလ်မှူးကြီးအဆင့် တိုက်ပွဲမှာသေတယ်ဆိုရင်လဲ သူတို့က ဝေဝါးအောင်လုပ်လေ့ရှိပါတယ်။ ဒါက ဒီမိုတွေ သတိထားဖို့ပါ။ စိတ်ဓာတ်စစ်ဆင်ရေးပါ။

အကျဉ်းချုပ်ရရင် အဘသေတာက မြဝတီကြည့်တာများ၊ မဲလုံးသတင်းစာရှင်းလင်းပွဲကြည့်တာများသွားပြီး သူတို့နိုင်နေတယ်ထင်ပြီး ယုံကြည်မှုလွန်သွားလို့ပါ။ မသေသေးရင်လဲ ကံကောင်းပါစေလို့ဆုတောင်းလိုက်ပါတယ်။ မဲလုံးကိုတော့ သတင်းပို့ပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page