top of page
Search
  • Writer's pictureMyat Tun Oo

ဒုဗိုလ်ချုပ်ကြီးကျော်ဆွေတပ်မှာ ဘာလုပ်မလဲ?


စာရေးသူတို့နားလည်တာကတော့ ပြည်ထဲရေးဝန်ကြီးကို တပ်ချုပ်က ယခုထက်ပိုစိတ်ချရတဲ့ သူ့လူယုံနဲ့ လဲချင်လို့ ဘကျော်ဆွေကို ပြန်ခေါ်တာပါ။ ပြီးရင် အငြိမ်းစားပေးမယ်လို့ နားလည်ပါတယ်။ သူက၆၀ ကျော်သွားလို့ပါ။

ဒါပေမယ့် သူကသမ္မတကိုတင်ရာမှာ မူလစစ်ဖက်ဆိုင်ရာတာဝန်များ ပြန်လည်ထမ်းဆောင်ရန်ဆိုပြီးအကြောင်းပြခေါ်ထားပါတယ်။ ဒီနေရာမှာ သူဒုဗိုလ်ချုပ်ကြီးဖြစ်တာ ၂၀၁၄ မတိုင်ခင်ကထဲပါ။ သူကစရဖညွှန်မှူးရာထူးကို ၂၀၁၄ မှာ မြထွန်းဦးကိုပေးခဲ့ပြီး သူက စစ်ဦးစီးအရာရှိချုပ်(ကြည်း)နဲ့စစ်ဆင်ရေးအထူးအဖွဲ့(၅) ရဲ့ အထူးအဖွဲ့မှူး လုပ်ခဲ့ပါတယ်။

ဒါကြောင့် သူကတပ်ရာထူးပြန်ယူရင် ဗိုလ်ချုပ်ကြီးအဆင့်တိုးပေးရပါမယ်။ ဒါက မဖြစ်နိုင်လောက်ပါ။မအလထွက်ရင်တော့ ဖြစ်နိုင်ပါမယ်။ ဒါတောင်သူက ဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူးသာ ရမှာပါ။ ဒါဆိုရင်သူက သူ့ထက်အပတ်စဉ်ငယ်တဲ့ မြထွန်းဦးနောက် ရောက်သွားပါမယ်။

ဒါဆိုဘာက အမှန်ဖြစ်နိုင်လဲ။ စည်းကမ်းအရသူက ဒုဗိုလ်ချုပ်ကြီးရာထူးမှာ ၅ နှစ်ကျော်လို့ ဆက်တက်ဖို့ သူတို့ထုတ်ထားတဲ့ တပ်စည်းကမ်းအရ မဖြစ်နိုင်ပါ။ ဖြစ်နိုင်ချေများတာက သမ္မတကို မဟုတ်တာအကြောင်းပြပြန်ခေါ် ပြီးမှ အငြိမ်းစားပေးတာပါ။ မဟုတ်ရင်တော့ အရန်အင်အားထဲထည့်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ခိုင်းတာမျိုးလောက်အလွန်ဆုံးပါ။

စဉ်းစားမိတာက ဘယ်လောက်များ ပြည်သူက ဒီလိုလုပ်တာကို ဆက်သည်းခံရအုံးမလဲဆိုတာပါ။

2,550 views0 comments

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page