ဒီပုံလေးက အသက်
- Myat Tun Oo
- Aug 6, 2020
- 1 min read

စာရေးသူတို့ရဲ့ စရဖက ဓာတ်ခဲလုပ်ရင် မသိလိုက်ပေမယ့် DASSK အိမ် အဝင်အထွက် ကွီးအိမ်အဝင်အထွက် သူတို့ဘာပြောလဲ အကုန်သိပါတယ်။ NLD CEC အဖွဲ့အစည်းမှာ ဘာပြောတာလဲ သူတို့သိပါတယ်။ ထူးခြားတာက ပုံမှန်မှာဆို SB ခေါ် သတင်းတပ်ဖွဲ့က ဘူးလက်ဘယ်ရောက်နေပြီ ဝီဝီဘယ်ရောက်နေပြီဆိုပြီး ဝကခတွေ သမ္မတတွေထံ သတင်းပို့ရမှာပါ။
ဒါပေမယ့် သူတို့က ဒေါက်ဇော်ကို အသံပြန်ဖမ်းတော့ ဒေါက်ဇော်လို ဝကခပြောတာကို ဘယ်သူကသိချင်လဲလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ DASSK ကလဲ သိပုံပါ။ ဒါကြောင့်မိုလို့ သူမက သမ္မတဦးထင်ကျော်နုတ်ထွက်တာနဲ့ ဦးဝင်းမြင့် လွှတ်တော်ကနုတ်ထွက်တာကို သူတို့ အချင်းချင်းကြားမှာတိုးတိုးတိတ်တိတ်ပြောပြီး လုပ်သွားနိုင်ခဲ့ပုံပါ။ ဒါကို ထောက်လှမ်းရေးက သမ္မတဦးထင်ကျော်ကြေညာမှသာ သိခဲ့တာပါ။ စရဖ အဆဲခံခဲ့ရတယ်လို့ ကြားပါတယ်။
မနေ့က DASSK နဲ့ ကွီးဖြိုး အမေနဲ့သား စကားပြောနေကြပုံက ကြည်နူးစရာပါ။ ဒီဟာက လေယဉ်ပြေးလမ်းနဲ့ ကားမောင်းနေတာမိုလို့ အပြင်ကနေ နားထောင်ဖို့ခက်ပါတယ်။
သူတို့အနားက လူအချို့ကတော့ သူတို့ဘာပြောနေလဲ သိချင်နေကြပုံပါ။
အားလုံးအဆင်ပြေပါစေ။
အမေစုနဲ့ ကွီးဖြိုး ကျန်းမာပါစေ