top of page
Search

ဒီနေ့ ကျောင်းပြန်ဖွင့်တာ အောင်မြင်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 31, 2021
  • 1 min read

ဖက်ဆစ်မအလတက်လာအပြီးမှာ ထီဟာလုံးဝမအောင်မြင်ပါ။ ဘယ်သူ့ကြောင့်လဲဆိုတော့ ပြည်သူ့ကြောင့်ပါ။ ဒီနေ့ကျောင်းပြန်ဖွင့်ပါ့မယ်။ ဆေးရုံဆိုလဲ ဖွင့်တာဘဲလိုချင်တယ် အခွန်ဟန်ပြဖွင့်ဖွင့်ပေါ့။

ကျောင်းကိစ္စမှာက သင်ဖို့ဆရာမရှိပါ။ နောက်အိန္ဒိယက ကိုဗစ်က ကူးနှုန်းမြန်ချိန်ပါ။ မလးရှားLockdown ချပြီး၊ ဗီယက်နမ်မှာလဲ မြို့ကိုပိတ် စင်ကာပူမှာလဲ ကျောင်းပိတ်ထားချိန်ပါ။ ပုံမှန်အစိုးရဆိုဒါတွေကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်မှာပါ။ DASSK ဆရာမတွေ မိဘတွေနဲ့ စကားပြောပြီးဆုံးဖြတ်ခဲ့သလိုပေါ့။ ဒါပေမယ့် ရေပါတာဘဲလိုချင်တယ်ဆိုတဲ့ ချီးဦးနှောက်မအလကြောင့် မအောင်မြင်နိုင်ပါ။ ပုံမှန်စဉ်းစားနိုင်တဲ့ မိဘက မိမိကလေးကို အသက်အသေခံပြီး လမ်းဘေးကခန့်ထားတဲ့ ဆရာမသင်တာကို နားထောင်ဖို့ ကျောင်းပို့မည်မဟုတ်ပါ။ မအလလဲ သူ့မြေးတွေကို အစိုးရကျောင်းမပို့ပါ။ ကျောင်းကို ဖက်ဆစ်တပ်မိသားစု၊ ဖွတ်မိသားစု၊ စစ်မှုထမ်းဟောင်းမိသားစု၊ ဒလန်မိသားစု၊ CDM မလုပ်သူ အဘတ သူခိုးဝန်ထမ်းအချို့ရဲ့ မိသားစုနဲ့ Gen Lee မိသားစုရဲ့ ကလေးတွေသာ လာတက်မှာပါ။

အကျဉ်းချုပ်ရရင် ရခိုင်မြောက်မှာ တက်သူရှိပါမယ်။ အခြား ပြည်နယ်နှင်တိုင်းတွေမှာ တပ်မိသားစုများတဲ့ မြို့ကသာ ၁၀% ရှိမှာဖြစ်ပြီး အခြားနေရာတွေက ကျောင်းတက်သူ ၁၀၀ မှာ ၅ ယောက်သာရှိပါမယ်။ အာဏာဖီဆန်မှု အအောင်မြင်ဆုံးက စစ်ကိုင်း၊ ချင်း၊ ကချင်၊ ကရင်နဲ့ မကွေးဖြစ်ပြီး ကျောင်လာတက်သူဟာ ၃% လောက်သာ ရှိပါမယ်။ ရန်ကုန်ကလဲ ကျောင်းအပ်သူ ၅% မပြည့်ပါ။ ဒဂုံ (၁)၊ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းနဲ့ ဗိုလ်တထောင် ၅ တို့ကို စောင့်ကြည့်ရပါမယ်။



ကျောင်းမအပ်ရေး အာဏာဖီဆန်တာကတော့ ပြည်သူကနိုင်ပါတယ်။ မယုံရင် ကျောင်းတက်ချိန်မှာသွားကြည့်ပါ။ သမီးရှင်မိဘများတော့ သတိထားပါ။ ဖက်ဆစ်တပ်သားအချို့ဟာ စိတ်ကြွဆေးဝါးသုံးစွဲထားလို့ မိမိသမီးကို ကျောင်းပို့ရင် V လေးလိုဖြစ်မှ မငိုကြပါနဲ့။ မအလတောင် သူ့ဖက်ဆစ်တပ်ကသူ့မြေးမလေးတွေကို V လေးလို လုပ်မှာစိုးလို့ အစိုးရကျောင်းမပို့ပါလို့ သတင်းပေးပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page