ဒေါ်နယ်ထွန်းမှပြောသော လာပါငါတို့အတူရုန်းကြမယ်
- Myat Tun Oo
- Jun 7
- 1 min read

ဒေါ်နယ်ထွန်းမြန်မာတွေဗီဇာပိတ်လိုက်တာကို ဝမ်းနည်းသူတွေရှိကြပါတယ်။ အမေရိကန်ကိုသွားဖို့ပြင်ထားပြီး မသွားလိုက်ရသူတွေအတွက်တော့စိတ်မကောင်းပါ။ ဒါကစာရေးသူတို့တော်လှန်ရေးကိုဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲ။
ယခင်ထဲက မြန်မာလူမျိုးတွေဗီဇာလျှောက်ရင် မြန်မာဆိုရင် ဗီဇာလျှောက်ရတာ ခက်တာ အားလုံးမပြောလည်းသိတဲ့ လျှို့ဝှက်ချက်ပါ။ မလေးရှားနဲ့ထိုင်းကတောင် ကျပ်နေတာအားလုံးသိမှာပါ။ ဒါဆိုရင် ဒေါ်နယ်ထွန်းပိတ်ဆို့မှုတွေကစာရေးသူတို့တော်လှန်ရေးကိုဘာအကျိုးသက်ရောက်မှုရှိနိုင်ပါသလဲ။
ပထမဆုံးက ဒုက္ခသည် ချထားမှုကိုမပေးဘူးဆိုကြပါစို့။ အားလုံးဝေဖန်နေတာက NUG ဝန်ကြီးအချို့ပြည်ပသွားလို့ဆိုပြီးပါ။ အမေရိကန်ကအများဆုံးပေးလို့ သူကမပေးတော့ဘူးဆိုရင် အမတ်တွေရောဝန်ကြီးတွေပါ ဘုရင်နောင်ဖောင်ဖျက်ဖြစ်ပြီး တော်လှန်ရေးအတွက် ငါတို့အိမ်ပြန်ဖို့ ပိုအလုပ် လုပ်ရမယ်ဆိုတာ ပိုတွန်းအားပေးလိုက်သလိုသာ ဖြစ်သွားမှာပါ။ ဒါကသမ္မတကြီးဒူးဝါးလက်ရှီလာ ပြောလိုက်တာထက်တောင်ပိုပြီး ဖိအားပေးလိုက်တာပါ။ ဒါပေမဲ့ ယခင်ထဲက သူရဲကောင်းတွေဖြစ်တဲ့လက်ရှိဝန်ကြီးချုပ်ဦးမန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်တို့ဟာ ထိုအချိန်ထဲက အမေရိကန်နိုင်ငံကို သွားခွင့်ရခဲ့ပေမယ့် မသွားဘဲ တိုင်းပြည်အတွက်နေခဲ့ကြသူတွေဆိုတာဘယ်တော့မှမမေ့ပါနဲ့။ တချို့ NUG အစိုးရကိုဝေဖန်တဲ့ အမတ်တွေရှိပေမယ့်အချို့ကဩစီရောက်နေကြသလို အချို့ကလည်း နိုင်ငံခြားမှာရောက်နေကြတာပါ။ ဒါက NUG အစိုးရအဖွဲ့အတွက် ဒေါ်နယ်ထွန်းကပေးလိုက်တဲ့ တွန်းအားပါ။
နောက်သာမန် မြန်မာဒုက္ခသည်အဖြစ်နေထိုင်သူတွေကိုကြည့်ရအောင်။ တကယ်ဒုက္ခသည်အစစ်က၁၀ဆိုလို့ရှိရင် စီးပွားရေးအရဒုက္ခသည်ခံသူတွေ စစ်အစိုးရနဲ့နွယ်ပြီး ဒုက္ခသည်အတုအယောင်ခံပြီး NUG ကို ဖောင်းထုဖို့ကြိုးစားတဲ့ တပ်ကမိုးညိုလို ခွေလေးတွေအများကြီးပါ။ အချို့ သတင်းထောက်ဆိုပြီး ဒုက္ခသည်ရ ဘွန်းစား ဆေးချပြီး အွန်လိုင်းကဘာမှတိုင်းပြည်အတွက်မလုပ်ဘဲ ဖောင်းထုနေတဲ့ကောင်တွေကအရင်ဆုံးအမေရိကန်ကိုရောက်တာ အားလုံးမမေ့ကြပါနဲ့။ နောက်အချို့တွေက ပညာတော်သင်အနေနဲ့ တတိယအုပ်စုကမြှောက်ပေးပြီး ပညာတော်သင်ရ အမေစုဖေါင်းထု NLD ဖောင်းထု NUG ဖောင်းထုသူတွေက DEI သန်းငါးဆယ် ပညာတော်သင်ကို ရပ်လိုက်တဲ့အချိန်မှာထိမဲ့သူအများစုသာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တော်လှန်ရေးကိုဖောင်းထူသူတွေအများစုရဲ့တတိယအုပ်စုဝင်ငွေလမ်းကြောင်းဖြစ်တဲ့ သံဃာစင်ကပိတ်သွားမှာပါ။ ဒါကလည်း တော်လှန်ရေးမှာ ကူညီတာနည်းနည်း ဖောင်းထုတာများများ မဟုတ်တဲ့မျှော်လင့်ချက်တွေပေးနေတဲ့ အနောက်မျှော်ဝါဒကို ဒေါ်နယ်ထွန်းရဲ့ မျက်နှာဖုံးခွာချလိုက်မှုကြောင့် ပြည်သူတွေအားလုံး မျက်ဝါးထင်ထင် မြင်ခွင့်ရလိုက်တာပါ။
ယခုဗီဇာပိတ်တာကို ကြည့်ရအောင်။ စာရေးသူတို့စစ်ကိုင်းကကလေးတွေ မကွေးကကလေးတွေ စစ်ဖြစ်နေတဲ့ရခိုင်က ကရင်နီက ကရင်ပြည်နယ် မြစ်ကြီးနားက ကလေးတွေထဲက ဘယ်နှစ်ယောက်ကများ အမေရိကန်ဗီဇာကိုလျှောက်နေကြပါသလဲ။
စာရေးသူနဲ့သိတဲ့အတိုင်းအဝိုင်းကိုပြောပြပါရစေ။ ဟိုနေ့က အောက်ကဗိုလ်မှူးကြီးတယောက်က သူ့ကလေးကတော့ အမေရိကန်ဗီဇာကိုလျှောက်ဖို့လုပ်ထားတာ ကျောင်းသွားတက်လို့ မရတော့ပါဘူး။ သူတို့ကလည်းသူတို့အဖေဗိုလ်မှူးကြီးနာမည်နဲ့မလျှောက်ပါဘူး။ အားလုံးအတုလုပ်လို့ရပါတယ်။နောက်တပ်ကထွက်သွားတဲ့ယခုအုပ်ချုပ်ရေးမှူးဖြစ်နေတဲ့လူလေးယောက်လောက်ရှိပါတယ်။ တယောက်ကပြည်ထဲရေးကအတွင်းဝန်အဆင့်လောက်ရှိပါတယ်။ သူ့သမီးက အော်စီမှာပါ။ နောက်တစ်ယောက်ကခရိုင်အုပ်ချုပ်ရေးမှူးအဆင့်ပါ။ သူ့သမီးကတော့အင်္ဂလန်မှာပါ။ နောက်တစ်ယောက်ကလဲ ခရိုင်အဆင့်ပါ။ သူ့သားကအမေရိကန်မှာကျောင်းတက်ဖို့ဗီဇာလွန်ခဲ့တဲ့နှစ်ကရသွားခဲ့ပါတယ်။ ဒါတင်လားဆိုတော့မဟုတ်သေးပါ။ ဆေးကျောင်းတစ်ခုက နန်းပါမောက္ခတစ်ယောက်ရဲ့ သားကလည်း ကနေဒါကိုကျောင်းတက်ဖို့ဗီဇာရပြီးသွားတက်နေပါပြီ။ နောက်နေပြည်တော်ကဆေးရုံကပါမောက္ခကြီးရဲ့သားသမီးတွေကလည်းအမေရိကန်မှာတက်နေပါတယ်။ သူကလည်းနန်းပါပဲ။ အမေရိကန်ကနန်းတွေရဲ့သားသမီးတွေကိုတော့ဗီဇာပေးပြီးသူတို့သာအမေရိကန်ဝင်ခွင့်ရနေကြတာပါ။ CDM တွေကထွက်ပြေးနေရလို့ သူတို့သားသမီးတွေကအမေရိကန်အင်္ဂလန်ပြင်သစ်၊ အော်စီဗီဇာလျှောက်ဖို့ နေနေသာသာ ထိုင်းရောက်အောင်တောင်မနည်းထွက်ပြေးနေရတာပါ။ ဒါတင်လားဆိုတော့မဟုတ်သေးပါ။ ခရိုနီအကြီးတွေကိုဗီဇာပိတ်ပေမယ့် ခရိုနီမဟုတ်ဘဲပိုက်ဆံချမ်းသာပြီး တိုင်းပြည်ဘာဖြစ်နေနေ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့လူတန်းစားကတစ်ဖက်ရှိပါတယ်။ သူတို့ကလည်းသူတို့သားသမီးကိုအမေရိကန်ပို့လိုက်အမေရိကန်မှာသွားပြီးဓာတ်ပုံတွေရိုက်လိုက်တင်လိုက်နဲ့ဟေ့ဟာဟာနဲ့ပျော်နေကြတာပါ။တိုင်းပြည်တော်လှန်ရေးအတွက်တစ်ပြားမှမကူဘဲ အမေစုပုံလေးတင်လိုက်တာနဲ့ တော်လှန်ရေးဆိုပြီး ထင်ကျတဲ့ တစ်ကိုယ်ကောင်းဆန်သူတွေပါ။ သူတို့ဟာလည်းနိုင်ငံရေးနဲ့ကင်းလို့ မအလထံက နိုင်ငံကူးလက်မှတ်ရသလို အမေရိကန်အစိုးရကလည်း သူတို့ကို ဗီဇာတောင်းတိုင်းထုတ်ထုတ်ပေးခဲ့ပါတယ်။သူတို့သားသမီးတွေကလည်း အမေရိကန်၊ အင်္ဂလန်မှာအော်စီ၊ စင်္ကာပူတွေမှာကျောင်းတွေသွားတက်နေကြပါတယ်။ ယခုအမေရိကန်ကဗီဇာပိတ်လိုက်လို့ သူတို့ဟာလည်း စစ်ကိုင်းကကလေးတွေလို မကွေး၊ မြစ်ကြီးနား၊ ရခိုင်၊ ကရင်နီက ကလေးတွေနဲ့ တန်းတူဖြစ်သွားခဲ့ပါပြီ။
သူတို့ သံဝေဂရချင်ရင် ငါတို့တိုင်းပြည်ကိုလွတ်မြောက်အောင်လုပ်မှာသာ ငါတို့သားသမီးတွေလည်းနိုင်ငံခြားထွက်ရမယ်ဆိုတဲ့အသိတရားကိုရသွားမှာပါ။ အနည်းဆုံးတော့အမေရိကန်သွားလို့မရတော့ဘူးဆိုတဲ့အသိတော့ သူတို့စဝင်သွားပါပြီ။
စာရေးသူတို့တော်လှန်ရေးလုပ်ရာမှာ အီလွန်နဲ့ဒေါ်နယ်ထွန်းရန်ဖြစ်တာကို ကျီးကရာ ငေးမောမနေဘဲ ဒီမိုကရက်-ရီပတ်ပလစ်ကန်ရန်ဖြစ်တာကိုသူ့ဘက်ကိုယ့်ဖတ်ခွဲခြားမနေဘဲ မိမိတော်လှန်ရေးကိုသာ မိမိအာရုံစိုက်လုပ်ဆောင်ပါ။ ဘယ်သူကလာကယ်လိမ့်မယ်။ဟိုလူကလာကယ်လိမ့်မယ်ဆိုတဲ့မျှော်တာကိုလျှော့ပါ။ မိမိအစိုးရ NUG အောက်က PDF အားရှိအောင်အစဉ်တစိုက် PRF ကတဆင့် ထောက်ပံ့ပါ။ငါတို့တပ်ကိုငါတို့ထောက်ပံ့မှ သူတို့အားရှိမှ ငါတို့ပြည်သူတွေလွတ်မြောက်မှာပါ။ ဒေါ်နယ်ထွန်းကတော့ နန်းတွေရဲ့ကလေးတွေလည်းနိုင်ငံခြားထွက်လို့မရ အဘသားသမီးတွေလည်းနိုင်ငံခြားထွက်လို့မရ အနည်းဆုံးတော့အမေရိကန်ကိုသူတို့လည်းစစ်ကိုင်းကကလေးတွေလို ထွက်လို့မရအောင်လုပ်ပေးလိုက်တာပါ။ အားလုံးပြောနေတဲ့ NUG ဝန်ကြီးတွေကိုလည်းပြည်တွင်းမှာနေနိုင်အောင်ဒေါ်နယ်ထွန်းက သွယ်ဝိုက်ပြီးတွန်းအားပေးလိုက်တာပါ။ အားလုံးသိထားရမယ့်အချက်ကငါတို့အတူရုန်းမှ တိုင်းပြည်လွတ်မြောက်မှာပါ။ ကိုးကန့်ဒေသလွတ်မြောက်လို့ လွတ်မြောက်ပြီထင်နေရင်အဲဒီအယူအဆက သူတို့ကိုသူတို့ပြန်ပြီးဒုက္ခပေးမှာပါ။ ဒါကြောင့်ငါတို့အတူရုန်းနိုင်အောင် ပြည်သူက NUG အောက်က pdf ကိုထောက်ပံ့ခြင်းဖြင့် ပန်းတိုင်ကိုအမြန်ရောက်နိုင်အောင် လျှောက်ကြပါစို့။
Comments