ဒေါ်နယ်ထွန်မှပေးလာသော မြန်မာ့တော်လှန်ရေးအတွက် အခက်အခဲနှင့်အခွင့်အရေးများ
- Myat Tun Oo
- Jul 30
- 2 min read

ဒီနေရာမှာ စာရေးသူအနေနဲ့ ဒေါ်နယ်ထွန်းကို ချစ်ခြင်းမုန်းခြင်းမရှိဘဲ မိမိတိုင်းပြည်အတွက်တော်လှန်ရေးအတွက်သာ အဓိကထားရေးပါမယ်။ စာရေးသူက မိမိနောက်ခံအရ လက်ဝဲဘက်ရောက်သူမဟုတ် လစ်ဘရယ်မဟုတ်တာတော့ အားလုံးသတိထားမိမှာပါ။ ထို့အတူ လက်ယာအစွန်းရောက်လည်းမဟုတ်ဘူးလို့ မိမိကိုယ်မိမိထင်ပါတယ်။ ယခုထက်အရေးကြီးတာက စာရေးသူမှာဒေါ်နယ်ထွန်းမုန်းတဲ့စိတ် Trump Derangement syndrome မရှိဘူးဆိုတာပါ။
သတင်းတွေကိုရေးတဲ့အခါမှာ သတင်းသမားအများစုက ဒေါ်နယ်ထွန်းကိုမုန်းလို့ ဘာခေါင်းစဉ်ရရ သူ့ကိုလူတွေမုန်းအောင် တွန်းပြီးရေးကြပါတယ်။ ဒါက အခြားနိုင်ငံတွေမှာ အရေးမကြီးပေမယ့် စာရေးသူတို့လို အန်ကယ်ဆန်ပေါ် တော်လှန်ရေးမှာ အားထားရသူတွေအတွက်တော့ ပြည်သူနဲ့ ဒေါ်နယ်ထွန်းကိုရန်တိုက် ပေးတာဟာမကောင်းပါ။ ယခု ဒေါ်နယ်ထွန်းလုပ်လာတာတွေက စာရေးသူတို့အတွက်အခက်အခဲဖြစ်စေလား အခွင့်အရေးဖြစ်စေလားဆိုတာကို ပြန်ပြီးလေ့လာကြည့်ကြရအောင်။
သတင်းရန်ပုံငွေဖြတ်တောက်ခြင်း
ဒါက အပေါ်ယံကြည့်ရင် အလွန်စိတ်ဓာတ်ကျစရာကောင်းတယ်လို့ ထင်ရပါတယ်။ ဝမ်းနည်းစရာကောင်းတယ်ပေါ့။ သတင်းလွတ်လပ်ခွင့်မရှိဘူးပေါ့။ ဒါပေမဲ့ ဒီကိစ္စကို အခြားတစ်ဖက်ကနေစဉ်းစားကြည့်ရအောင်။ သတင်းဌာနအများစုက သတင်းဖြစ်ရင်ပြီးရော အမေရိကန်ကို လူတွေတအားအားကိုးချင်အောင် တွန်းတင်ပေးလို့ ပြည်သူလူထုက မိမိကိုယ်မိမိအားမကိုးဘဲ အမေရိကန်လာတိုက်တော့မလို နေတိုးက လာကယ်မလို ကုလကလာကယ်မလို မျှော်လင့်ချက်တွေအများကြီး တော်လှန်ရေးအစပိုင်းမှာ ဖြစ်စေခဲ့ပါတယ်။ တော်လှန်ရေးသုံးလေးနှစ်ကြာမှသာ ဘယ်သူကမှလာမကယ်ဘဲကိုယ့်အားကိုယ်ကိုးရမယ်ဆိုတာ သိလာကြတာပါ။ ဒါပေမဲ့ ဒေါ်နယ်ထွန်းက သတင်းသမားတွေထောက်ပံငွေကိုဖြတ်လိုက်လို့ အမေရိကန်က မကယ်ဘူးဆိုတဲ့အသိကို ဆေးခါးကြီးတိုက်လိုက်တာပါ။ရေတိုမှာမကောင်းပေမယ့် ရေရှည်မှာ အားလုံးကိုယ့်အားကိုတဲ့စိတ်ကို မွေးတတ်သွားစေပါတယ်။ ဒီသတင်းသမားတွေက ဒီမိုအစိုးရလက်ထက်မှာ သတင်းထက် ဒုက္ခပေးတာကပိုများမယ်လို့ထင်ပါတယ်။ အချို့ကိစ္စတွေက သတင်းအချို့ကြောင့် လူမျိုးရေးပဋိပက္ခကို ပိုဖြစ်စေပါတယ်။ ဘီဘီစီဟာသူတိုင်းပြည်မှာ လူသတ်မှုဖြစ်ရင် မောင်ဖြူက မောင်နီကိုသတ်တယ်လို့သာ သတင်းရေးခွင့်ရှိပြီးဘယ်ဘာသာဝင် ဘယ်လူမျိုး မောင်ဖြူက ဘယ်ဘာသာဝင် ဘယ်လူမျိုးမောင်နီကို သတ်တယ်လို့သတင်းတင်ဆက်ခွင့်မရှိပါ။ ဥပဒေမဲ့သတင်းတင်ဆက်ခွင့်တွေက လူမျိုးရေးပဋိပက္ခတွေကို ပိုဖြစ်စေပါတယ်။ တော်လှန်ရေးမှာ သတင်းသမားနဲ့သွားလို့ ခရီးက ပိုရောက်သွားသလား ပိုဆုတ်ယုတ်သွားလား စာရေးသူမသိပါ။ ဒါပေမဲ့ ဒေါ်နယ်ထွန်း သတင်းသမားတွေထောက်ပံတာပိတ်လိုက်တာကကောင်းတယ်လို့သာမြင်ပါတယ်။
ဒေါ်နယ်ထွန်းပိတ်လိုက်သော ဒေါ်လာသန်း ၅၀
သတင်းတွေမှာစကားပြောရင် NUG ကိုပေးတဲ့ပိုက်ဆံတွေ ဘယ်မှာလဲဘာညာဆိုပြီး ဘောမတွေ စစ်ခွေးတွေ တတိယခွေအုပ်စုတွေက ဟောင်လေ့ရှိပါတယ်။ အဆိုပါပိုက်ဆံတွေက NUG ထံလဲရောက်မလာပါ။ အဆိုပါပိုက်ဆံတွေက အများစုက NGO တွေထံ စီမံကိန်း မျိုးစုံနဲ့သွားပြီး အဆိုပါသူတွေကအနောက်နိုင်ငံတွေမှာဘွဲ့ရပြီး ဒီမိုအစိုးရကို ပြန်ဖောင်းထုတာကသာ များပါတယ်။ ဒါကြောင့် ပြည်သူ့အတွက် အကျိုးရှိမှုက ၅ရာခိုင်နှုန်းတောင်မရှိနိုင်ပါဘူး။ အချို့တွေအမေရိကန်ငွေနဲ့ ပညာသင်ခွင့်နဲ့ဘွဲ့ရလာပြီး NLDအစိုးရကိုဝေဖန်လိုက် NUG အစိုးရကိုဝေဖန်လိုက် လုပ်နေကြတာပါ။ ယခုအာဏာသိမ်းတော့လဲ သူတို့က ရှေ့ဆုံးက နိုင်ငံခြားကို ထွက်ပြေးတာပါ။ မအလဖမ်းဖို့စာရင်းထဲ သူတို့မပါပါ။ သူတို့ကို မအလက သူ့လူလို့တောင် ထင်တာပါ။ NGO က ဘယ်လောက်တောင်ခေတ်ကောင်းလဲဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို ထိုင်းမှာတွေ့ခွင့်ရပြီး NUG ကတော့ မရခဲ့ပါ။ ဒါကလည်း ဒေါလာသန်း ၅၀ က ပြည်သူကိုတိုက်ရိုက်မထိခိုက်ပဲ ငါတို့ဖာသာ ကိုယ့်အား ကိုယ်ကိုးရမယ်ဆိုတဲ့စိတ်ကိုသာ ပိုပြီးမွေးမြူသွားစေမှာပါ။
ဒေါ်နယ်ထွန်းနှင့်တရုတ်၊ ရုရှား
အားလုံးငြင်းမရတဲ့အချက်က ဒေါ်နယ်ထွန်းအဓိကကျပ်လိုတာက တရုတ်ပါ။ သူ့ရဲ့ အခွန်နှုန်းတိုးမြင့်တာတွေကိုကြည့်ရင် တရုတ်ပတ်လည်နိုင်ငံတွေက တိုက်ရိုက်ထုတ်တဲ့ပစ္စည်းတွေကို အခွန်နှုန်းတစ်မျိုး တရုတ်ပြည်ထွက်ပစ္စည်းတွေ အဆိုပါနိုင်ငံတွေကဖြတ်လာရင် အခွန်နှုန်းတစ်မျိုးနဲ့ ကြီးကြပ်ဖို့ပြင်ဆင်လာတာက ဗီယက်နမ်နဲ့သဘောတူစာချုပ်မှာ သိသာထင်ရှားစွာတွေ့နိုင်ပါတယ်။ တရုတ်ကိုနိုင်ငံရေးအရဖိအားမပေးဘဲ သူ့စျေးကွက်ဖွင့်ပေးဖို့ တန်းတူဆက်ဆံဖို့ ဖိအားပေးတာတွေ့ရပါတယ်။သူကပြုလွယ်ပြင်လွယ်ရှိပေမယ့် လက်တွေ့ကျကျ သူ့ကျိုးစီးပွားအတွက် လုပ်ကိုင်ဖို့ပြင်ဆင်ထားပါတယ်။
ရုရှားဟာ ဒေါ်နယ်ထွန်းလိုလားသလို ယူကရိန်းနဲ့စစ်မရပ်ဘဲ ဆက်တိုက်ဖို့ပြင်ခဲ့ပါတယ်။ ဒေါ်နယ်ထွန်းကအများကြီးအလျှော့ပေးထားပေမယ့် ပူတင်က မာနေဆဲပါ။ ဒါကြောင့် အမေရိကန်က ရုရှားရေနံထွက်ပစ္စည်းတွေဝယ်ယူသူများကို secondary sanctions ခေါ်တဲ့ ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုပ်ဖို့ လွှတ်တော်နဲ့ ဒေါ်နယ်ထွန်းက ပြင်ထားပါတယ်။ တရုတ်၊ အိန္ဒိယတို့ဟာ ရုရှား ရေနံတွေကိုသူခိုးဈေးနဲ့ ဝယ်ယူနေလို့ ဆက်ဝယ်ရင် အခွန် ၁၀၀% မှ ၅၀၀% အထိပေးရနိုင်ပါတယ်။ မအလကလည်း ရုရှား၊တရုတ်၊ အိန္ဒိယတို့နဲ့နဲ့ စီးပွားရေးဆက်ဆံနေလို့ ပါလာမှာပါ။ ဒါက အင်မတန်ပြင်းထန်တဲ့ဖိအားဖြစ်ပြီး တရုတ်၊ ရုရှားနှင့်ဆက်ဆံနေတဲ့ မအလလဲ လာထိမှာပါ။ ဒါကြောင့် မအလက ဘာရွေးကောက်ပွဲလုပ်လုပ် ဘာလုပ်လုပ် တိုင်းပြည်စီးပွားရေးက သူဆက်အုပ်ချုပ်နေသရွှေ့ ဘာမှတိုးတက်လာမှာမဟုတ်ပါ။
ဒေါ်နယ်ထွန်းနှင့် အာဏာရှင်များ ဆက်ဆံရေး
ဒေါ်နယ်ထွန်းဟာ တရုတ်နဲ့ စီးပွားရေး ဆွေးနွေးချိန်မှာ ထိုင်ဝမ်သမ္မတကို အမေရိကန်ကဖြတ်သွားတာကို မလုပ်ဖို့ တားထားပါတယ်။ ဒါက သူဆွေးနွေးနေတာကို မပျက်အောင်ပါ။ ဒါကို ထိုင်ဝမ်ကလဲဖောင်းမထုပါ။ ဒါ့ကြောင့် သူက ထိုင်ဝမ်ကို မကူညီဘူးလားဆိုတော့ သူ့မူဝါဒက တရုတ်ကို ထိန်းချုပ်ဖို့၊ ထိုင်ဝမ်ကို ကာကွယ်ဖို့ပါ။ အဆင့်မြင့် လက်နက်တွေရောင်းမှာဖြစ်သလို တရုတ်သင်္ဘောတွေ ထိုင်ဝမ်ကို ကမ်းထိုးမရအောင် မိုင် ၃၀၀ အထိ ပစ်လို့ရတဲ့ လက်နက်သစ်ကို ရောင်းပေးဖို့ ပြင်နေပါတယ်။
ထို့အတူပါဘဲ သူ့နိုင်ငံသားတွေလွတ်ဖို့ ဗင်နီဇွဲလားက အာဏာရှင်နဲ့ စကားပြောပေမယ့် သူ့လူလွတ်အပြီးမှာ မင်းကအာဏာရှင် မင်းကိုအသိအမှတ်မပြုဘူး ဘိန်းမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်ဆိုပြီး သူ့နိုင်ငံခြားရေးဝန်ကြီးက ထလုပ်ပါတယ်။ ဒါကြောင့် ဘထွန်းလုပ်တာတွေကို သိပ်အထအန မကောက်ဘဲ မိမိအကျိုးရှိဖို့သာ ကြိုးစားတာကောင်းပါတယ်။
ဒေါ်နယ်ထွန်းက တော်လှန်ရေးကိုသာ နိုင်အောင်တိုက်နိုင်ရင် သူ့ထောက်လှမ်းရေးက ဖမ်းဝရမ်းထုတ်သူကိုတောင် တွေ့လို့ NUG လဲ တော်လှန်ရေးကို လက်တွေ့ကျကျ တိုက်ဖို့သာလိုပါတယ်။
စီးပွားရေးပိတ်ဆို့စာရင်း
ဒေါ်နယ်ထွန်းဟာ လိုအပ်လာရင် လွတ်လပ်စွာပြောဆိုခွင့်ကိုထိလို့ဆိုပြီး ဘရာဇီးက တရားသူကြီးချုပ်ကိုတောင် စီးပွားရေးပိတ်ဆို့တဲ့စာရင်းထဲ ထည့်သူပါ။ အမေရိကန်မှာ၊ ဩဇီမှာ၊ ဥရောပမှာ မအလတပ်ထဲက ယခင်ဗိုလ်ချုပ်ကြီး သားသမီးတွေ၊ လက်ရှိ အစိုးရအဖွဲ့ဝင် သားသမီးများစွာရှိပြီး ဘာမှ ထိရောက်စွာ မပိတ်ဆို့ပါ။ ဒါကြောင့် ဒါတွေဟာ အသံသာဖြစ်ပြီး လက်တွေ့အနိုင်တိုက်ဖို့က မြေပြင်မှာပါ။
ဒေါ်နယ်ထွန်း၊ ယူကရိန်းနဲ့ ဥရောပ
ဒေါ်နယ်ထွန်းက ယူကရိန်းကိုကူညီတာရပ်ချိန်မှာ ဥရောပက သူတို့ကတောင် ပိုပေးသရောင် အာချောင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ လေသာဆိုတာ ဇယ်လင်းစကီးလဲ သိသွားခဲ့ပါတယ်။ ယခု ဒေါ်နယ်ထွန်းက သူတို့ပိုက်ဆံနဲ့ အမေရိကန်ထံက လက်နက်ဝယ်ပြီး ယူကရိန်းကို ထောက်ပံ့ခိုင်းပြီး သူတို့စကားနဲ့ သူတို့ကို ပြန်ရိုက်စားသွားခဲ့ပါပြီ။
ယူကရိန်းကိစ္စမှာ လေကျယ်စွာထောက်ခံတဲ့ ဥရောပနိုင်ငံတွေဟာ ရုရှားထံက ရေနံဝယ်နေဆဲပါ။ ထိုင်းက မအလထံက သဘာဝဓတ်ငွေ့ဝယ်သလိုပေါ့။ ယခုမှသာ အမေရိကန်ထံက ပြောင်းဝယ်မယ်ဆိုပြီးဖြစ်လာတာပါ။
အကျဉ်းချုပ်ပြောရရင် ဒေါ်နယ်ထွန်းကပေးတဲ့ အခက်အခဲအချို့ရှိမှာဖြစ်ပေမယ့် ထိုအခက်အခဲကစာရေးသူတို့ ပြည်သူတွေကို မထိခိုက်ပါ။ အမေရိကန်ထံက လက်ဝေခံစားသူတွေ NGO တွေကိုတော့ထိခိုက်နိုင်ပါတယ်။ သူ့ကြောင့်ရလာတဲ့ ငါတို့ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ အသိကတော့တော်လှန်ရေးအောင်စိတ်ကိုပိုဖြစ်စေမှာပါ။ အချို့ကိစ္စမှာ လေကောင်းတဲ့ ဥရောပကို သိပ်မမျှော်ပါနဲ့။ဘီဘီစီက ဖိအားပေးတာက ဒေါ်နယ်ထွန်းကို မလွန်ဆန်နိုင်ပါ။ ပြည်သူက ဘာမှတွေမနေဘဲနဲ့ပြည်သူကိုယ်စားလှယ်တွေကတစ်ဆင့်ဖြစ်လာတဲ့ NUG အစိုးရကိုသာထောက်ပံ့ပါ။ NUGအောက်က PDF ကိုသာ PRF ကတဆင့် များများထောက်ပံ့နိုင်ရင် မြန်မြန်နိုင်မှာပါ။ အားရှိရင် အဆင်ပြေပါတယ်။ ငွေမရှိရင်မျက်နှာငယ်ရပြီးငွေနဲ့ပြည်သူလက်တွဲကူလို့ရှိရင်တော့မြန်မှာပါ။



Comments