top of page
Search

ဒုတိယအကြိမ်လွှတ်တော်ကို ခေါ်ပေးသင့်လား?

Writer: Myat Tun Oo
Myat Tun Oo
Jan 11, 2021
1 min read

ပုံမှန်မှာဆိုရင် ဖွတ်နဲ့တပ်က လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတယ်။ ၂၅% က လက်မှတ်ထိုးတယ်။ ဒါ့ကြောင့် သူတို့က ခေါ်ပေးပါပေါ့။ ဒါဆို ခေါ်ပေးသင့်လား?

ပထမပြဿနာက ကိုဗစ်ပါ။ သူတို့ခေါ်ခိုင်းတဲ့စာက ယခုအချိန်အထိ လွှတ်တော်နာယကထံ မရောက်သေးပါ။ ဒါ့ကြောင့် ဇန်နဝါရီ ၁၃ မှာရောက်ရင်တောင် ကံကောင်းပါ။ ပြီးရင် သူတို့က စဉ်းစား တိုင်ပင်ရအုံးမှာပါ။ ခေါ်ချင်ရင်တောင် ယခုအချိန်က ကိုဗစ်ဖြစ်နေချိန်ပါ။ ဒါ့ကြောင့် မင်းတို့လာ မနက်ဖြန်စမယ်ဆိုပြီး စလို့မရပါ။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ နေပြည်တော်ရောက်ရင် Q ဝင်ရပါအုံးမယ်။ ဒါ့ကြောင့် လက်တွေ့မှာမဖြစ်နိုင်ပါ။

ဒါဆို မခေါ်ဘဲနေလို့ရလား? ဒီလုပ်ပိုင်ခွင့်ဟာ လက်ရှိလွှတ်တော်နာယကရဲ့ ဆုံးဖြတ်ချက်အပေါ်မှာမူတည်တာပါ။ ဒုတိယလွှတ်တော်ဟာ တကယ်ဆိုပြီးသွားခဲ့ပါပြီ။ သူတို့လုပ်ချင်တဲ့ ရွေးကော်ကို ပြစ်တင်တာတွေ ဘာညာအားလုံးဟာ ဖေဖော်ဝါရီမှာခေါ်တဲ့ လွှတ်တော်မှာ မေးလို့လုပ်လို့ရပါတယ်။ ဒါဆိုဖွတ်နဲ့ တပ်ကဘာလို့ လွှတ်တော်ခေါ်ချင်တာလဲ?

သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ဒုတိယလွှတ်တော်ကိုခေါ်ပြီး အထဲမှာ မပြီးနိုင်မစီးနိုင်လုပ် ကန့်လန့်တိုက်ပြီး တတိယလွှတ်တော် အချိန်မှီမစနိုင်အောင်လုပ်ဖို့ရည်ရွယ်ပုံပါ။ အဲ့ဒီလွှတ်တော်ထဲကနေ ပြန်မထွက်ဘဲ အစိုးရကို ဒုက္ခပေးဖို့ပါ။

အကောင်းဆုံးကတော့ ဒုတိယအကြိမ်လွှတ်တော်ဟာ သက်တမ်းကုန်သွားလို့ ခေါ်စရာမလိုတော့သလိုကိုဗစ်ကြောင့်လဲ လက်တွေ့ခေါ်ဖို့ မဖြစ်နိုင်တော့ပါ။ ဒီဇင်ဘာက ခေါ်ခိုင်းခဲ့ရင်တောင် ဖြစ်နိုင်ပါသေးတယ်။ သူတို့ကိုပြန်ခေါ်ရင် ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများပါလိမ့်မယ်လို့ ကြိုပြောထားပါရစေ။ ဖွတ်နဲ့ သာဝဆိုတာ လွှတ်တော်နား မကပ်လေ ကောင်းလေပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page