top of page
Search

ဒါတွေကြောင့်NUG ကို ကြိုက်တာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 10, 2021
  • 1 min read

ယခင်က မအလတပ်လုပ်သမျှ ပြည်သူကခံနေခဲ့ရပါတယ်။ လွှတ်တော်မှာ ပြည်သူ့ကိုယ်စားလှယ်ကို အသံမာမာနဲ့ပြောနေလဲ ကြည့်နေရပါတယ်။

ယခုကတော့ ခေတ်ပြောင်းသွားပြီ။ မအလက NUG နဲ့ ပတ်သက်သူကို ဖမ်းတယ်။ သတ်တယ်။ ပစ္စည်းသိမ်းတယ်။ယခင်ကဆို စာရေးသူတို့က တောင်းဆိုရုံ ကြေညာချက်ထုတ်ရုံဘဲ။

ယခုက ခေတ်ပြောင်းသွားပါပြီ။ သူက ကိုယ့်ကိုအကြမ်းဖက်ကြေညာရင် သူ့ကိုလဲ ပြန်ကြေညာနိုင်ပြီ။ သူ့လက်အောက်က ဘောမတွေကိုလဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ နှိမ်နင်းလာနိုင်တာ တွေ့ရပါတယ်။ သူ့ကိုငွေရှာပေးသူကိုလဲ အကြမ်းဖက်အဖွဲ့ ငွေရှာပေးသူအနေနဲ့ အရေးယူလာနိုင်တယ်။ နောက်ဦးပိုင်ကို အကြမ်းဖက်အဖွဲ့ရဲ့ စီးပွါးရေးလုပ်ငန်းအဖြစ် ကြေညာနိုင်တာက အဓိကဘဲ။ ဦးပိုင်ပစ္စည်းရောင်းသူ ဦးပိုင်ပစ္စည်းသိုလှောင်သူ၊ဦးပိုင်နဲ့ အလုပ်လုပ်သူကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူလာနိုင်ပါမယ်။ ပြည်သူက အရေးယူတာက အထိရောက်ဆုံးပါဘဲ။ မြန်မာလူမျိုးက သပိတ်မှောက်ဆိုတာလောက်နဲ့မရတဲ့ Gen Lee တွေရှိပါတယ်။ သူတို့က အရေးယူလိုက်ရင် အမြင်မှန်ရသွားပါတယ်။ ယခုလို NUG က အကွက်ကျကျနဲ့ မအလရဲ့ စီးပွါးရေးလုပ်ငန်းတွေကို အကြမ်းဖက်အဖွဲ့ ကြေညာနိုင်တာ အသက်ပါ။ NUG မှာ တပ်မရှိရင် ဘယ်သူကမှ ဂရုမစိုက်ပါ။ ယခုက တပ်ရှိနေလို့အလိုတော်ရိ ဘောမတွေရော Gen Lee များပါ မအလတပ်နဲ့ပေါင်းရင် ဘာဖြစ်မလဲဆိုတာ သိသွားပါပြီ။ ပြည်သူတေးနုယဉ်လမ်းအထိ ဩဇာရှိတာ အားရစရာပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 10, 2021

ဦးမြတ်!!ငယ်ကဖတ်ခဲ့ရသောစာ။

လေသံလား ? မြွေသံလား ?

ဗျည်း အက္ခရာ ကွဲသွားပါပြီ။

မြွေမှာမှ ငယ်ထိပ်တက်ပေါက်သည့်

တောကြီးမြွေဟောက်။

ပျော့ခွေခွေနဲ့ ငြိမ်နေပေမယ့်

ငြိရင်တော့

ဆတ်ကနဲ အလွတ်မပေး တုန့်ပြန်တတ်သော သဘာဝ။

ပြေးရင်ပြေး

မပြေးရင် ဆေးမမီနိုင်တာ

သူ့ရဲ့ အဆိပ်အစွမ်းပါ ဟူ၍

တိုတိုနှင့်ရှင်းပြအပ်ပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page