top of page
Search
  • Writer's pictureMyat Tun Oo

ဒေါင်းဘယ်မှာလဲ


နေပြည်တော်ကနေ ထိုင်းက စရဖရုံးကို ယခုတလော စုံစမ်းခိုင်းတာက ကိုပီတာရဲ့ မွေးနေ့၊ သူ့အကြိုက်တွေ။ နောက်စုံစမ်းခိုင်းတာကဒေါင်းဘာဗီဇာနဲ့နေလဲ၊ ဘယ်မှာနေလဲနဲ့ ထိုင်းရဲကို သတင်းပေးပြီးဖမ်းဖို့ပါ။ တပ်ထဲမှာ နောက်နေတာက အဘက ဒေါင်းဖမ်းဖို့ကျွန်တော်တို့ကို မေးနေရသေးတယ်။ ကိုယ့်ဖာသာ အိမ်ကလူမေးလဲရတာပဲဆိုပြီးပါ။ သေချာတာက အဘက ဒေါင်းကိစ္စသိတာဟာ ပုံမှန်အစီရင်ခံစာ report ကြောင့်မဟုတ်ဘဲ Facebook ပေါ်က သိနေတယ်ဆိုတာပါ။ စရဖလဲ ဖိအားများပါတယ်။ ကိုလွင်ကိုလတ်၊ ဦးရည်မွန်မမိလဲ အဆဲခံရနဲ့ ယခုက ဟိုလူတွေ မင်းတို့မသိရင်အသာထား ဒေါင်းတော့ သိရမယ်ဆိုပြီးပါ။ ထိုင်းကလဲ အဘနဲ့တွေ့ရင် မသိပါဘူး မရှိပါဘူး မင်းထင်သလိုမဟုတ်ပါဘူးပြောပြီး စရဖက နေရာအတိအကျပြောမှ အဖမ်းပြပါတယ်။ စရဖသိတာအများစုက ဒီမိုအုပ်စု တတိယအင်အားစု အာချောင်ပြီး လိုင်းပေါ်တင်မှသာ သိတာပါ။ NUG အနေနဲ့သတင်းမပေါက်အောင် တတိယအင်အားစုကို ရှောင်ပါ။

980 views0 comments

Recent Posts

See All

ရာထူးတက်သူတွေပျော်လား?

ရာထူးတက်သူတွေပျော်လား? ယခင်က တပ်ထဲမှာ ရာထူးတက်ရင် လူတိုင်းပျော်ကြပါတယ်။ ယခုက ပြောင်းပြန်ဖြစ်လာနေပါတယ်။ အရန်အင်အားရောက်သူများက အချင်းချင်း Congratulations လုပ်ကြပြီး စစ်သံဖြစ်သွားသူက ထီပေါက်သလို ဖြစ်နေ

コメント


bottom of page