top of page
Search

ဒီခြေဥနဲ့ COVID-19

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 7, 2020
  • 1 min read

မြန်မာပြည်မှာ ဒီခြေဥနဲ့ လုပ်ရတာ ပြဿနာတက်တာတွေကို ပြောခဲ့ ရေးခဲ့ပါပြီ။ ယခုထက်တိုင်ဘာသာရေး၊ လူမျိုးရေးတွေကို ခြေဥကြောင့် မကိုင်တွယ်နိုင်တာ ပြည်တွင်းစစ် ပြဿနာမဖြေရှင်းနိုင်တာ အလုပ်သမားပြဿနာနဲ့ စီးပွါးရေးအပေါ် ထိခိုက်တာတွေ ရေးခဲ့ပြီးပါပြီ။

ဒါဆိုရင် ယခုကမ္ဘာပေါ်မှာဖြစ်နေတဲ့ ဝူဟန်ရောဂါ COVID-19 ကတော့ ခြေဥနဲ့မဆိုင်လို့ ကာကွယ်နိုင်မယ်ထင်ရမှာပါ။ ယခုအစိုးရရဲ့ ဒီရောဂါကို ကိုင်တွယ်ပုံက စစ်အစိုးရလက်ထက် SARS ရောဂါကိုင်တွယ်ပုံထက် ပိုပြီးပွင့်လင်းမြင်သာမှုရှိပါတယ်။ အစိုးရကို ကြံဖန်ဖောင်းထုလိုသူကတော့ စင်ကာပူကဘယ်လို အမေရိကန်ကဘယ်လိုပြောမှာပါ။ ဒီမှာဘဲ စပါပြီ။ စရဖအကောင့်တုများ၊ ဖွတ်များ၊ တပ်နွယ်အကောင့်များက စပြီး ကောလဟာလမျိုးစုံကို လိုင်းပေါ်မှာ စရေးပြီး တင်ပါပြီ။ ပုံမှန်မှာဆိုရင်အဆိုပါလူတွေကို ပြည်သူအထိန့်တလန့်ဖြစ်စေမှုနဲ့ အရေးယူရမှာပါ။ ဒါပေမယ့်တိုင်းပြည်မှာက ခြေဥအရ ရဲကလဲ သူတို့နဲ့ တစ်ဖွဲ့ထဲဖြစ်နေလို့ အရေးမယူပါ။

နောက်လာပါပြ။ သတင်းထောက်။ သူတို့ကလဲ တိုင်းပြည်မှာ ရောဂါမဖြစ်သေးဘူးလား ခဏခဏမေးပြီး ဖွဖို့စောင့်နေပါတယ်။

ဒီနေရာမှာ မြန်မာပြည်မှာ ဘာကြောင့် ရောဂါရှိသူမတွေ့သေးလဲဆိုတာကို လက်တွေ့ကျကျ လေ့လာကြည့်ရအောင်။ စင်ကာပူကို ၂၀၁၈ မှာ ကမ္ဘာလှည့်ခရီးသည် ၁၈.၅ သန်း လည်ပတ်ခဲ့ပါတယ်။ ထိုင်းကိုက၃၈.၂၈ သန်းပါ။ မြန်မာကို ၃.၅၅ သန်းဘဲ ၂၀၁၈ မှာရှိခဲ့ပါတယ်။ လူအဝင်နည်းလို့ ဝင်ငွေနည်းပေမယ့်ကောင်းတဲ့အချက်က ယခုလိုရောဂါလဲ ကူးတာနှေးသွားတာပါ။ ကမ္ဘာပေါ်မှာ ပြင်သစ်၊ ဆွစ်ဇလန်နဲ့အင်္ဂလန်မှာ ကူးတဲ့လူတစ်ယောက်ဆို စင်ကာပူမှာ ကွန်ဖရင့်တက်ရင်း ဖြစ်တာပါ။

နောက်လူအများစုက ကျန်းမာရေးဝန်ထမ်းတွေကိုဘဲ ပိုးမတွေ့တာ အပြစ်တင်ချင်ကြပါတယ်။ သူတို့ဟာ သူတို့ထံကို လူနာက သံသယဖြစ်စရာ ရောဂါလက္ခဏာနဲ့ လာပြမှ စစ်လို့ရမှာပါ။ အိမ်တိုင်း လိုက်စစ်လို့မရပါ။ လိုက်စစ်စရာလဲ မလိုပါ။ စာရေးသူတို့လူမျိုးက ပုံမှန်မှာကိုက ဆေးရုံ ဆေးခန်းဆို မသွားကြပါ။ ဒါကြောင့်လဲ မတွေ့သေးတာပါ။ ခရီးသွားသူကိုစစ်ရင် ခရီးသွားတယ်ဆိုတာကလဲ ကျန်းမာသူအများစုပါ။

အရပ်သားတွေကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက သံသယဖြစ်တာနဲ့ စစ်ပြီး ပွင့်လင်းမြင်သာစွာသတင်းစာရှင်းလင်းပွဲလုပ်နေပါတယ်။ မြန်မာပြည်က ၁၉၆၂ ကထဲက အကောင်းဆုံး ကပ်ရောဂါကိုင်တွယ်မှုပါ။

ဒါဆိုရင် တပ်ထဲကရောဂါဖြစ်ရင် အရပ်သားအစိုးရသိမလားလို့ မေးစရာရှိပါတယ်။ ဒါဟာလဲ တပ်ဘက်ကို ဝင်မစွက်ရလို့ သူတို့ထံမှာ ဘာဖြစ်နေလဲဆိုတာကို စစ်လို့မရသလို သူတို့ကို ဘာလုပ်ပါလို့ အမိန့်ပေးလို့မရပါ။ သူတို့က စစ်သားတွေက ပိုးကိုက်တယ်ဆိုရင် အရပ်ဘက်ကလဲ ပိုးကိုက်တယ်လို့သာသိပါမယ်။ နိုင်ငံခြားမှာလုပ်သလို သူတို့နဲ့ ထိတွေ့သူကို လိုက်စစ်(contact tracing) လို့ မရပါ။ သူတို့ကလွှတ်တော်ထဲမှာ ဘာမှမပြောဘဲ နှာခေါင်းစည်းဝတ်လဲ ကြည့်နေရပါတယ်။

ယခုရေးပြတာက သာမန်နိုင်ငံရေးကိစ္စမဟုတ်ဘဲ ကပ်ရောဂါကို ရင်ဆိုင်ဖို့တောင် ဒီခြေဥနဲ့ အဆင်မပြေတာကို ရေးပြတာပါ။ကာလုံကိစ္စမပါသေးပါ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page