top of page
Search

ဒေါက်တာသက်သက်ခိုင်နုတ်ထွက်သွားတဲ့အခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 4, 2019
  • 1 min read

ဒေါက်တာသက်သက်ခိုင်နုတ်ထွက်သွားတဲ့အခါ

စာရေးသူက သူမကိုမကြိုက်တာ ဘယ်ကစလဲဆိုရင် သူ့စီးပွါးရေးထိလို့ သူဆောက်နေတဲ့ ကွန်ဒိုကိုစည်းကမ်းနဲ့အညီဆောက် မဆောက်စစ်ဖို့ ရပ်ခိုင်းချိန်မှာ စည်းမစောင့်နိုင်ဘဲ ထဝေဖန်ကထဲကပါ။တကယ်ဆိုမိမိလုပ်တာ စည်းကမ်းနဲ့ညီရင် ဘာမှပြဿနာမရှိနိုင်တဲ့ကိစ္စပါ။ ဒီလိုကိစ္စနဲ့ စဖောင်းကထဲက မူမမှန်တာ ရိပ်မိပါတယ်။ အဲ့ဒီအချိန်မှာ ကွီးဖြိုးကိုဝေဖန်ရင် ခွေးကဟောင်ရင်တောင် လက်ခုပ်တီးလိုတဲ့ ဖွတ်တွေ၊ အဘနွယ်တွေ၊ အဘအကောင့်တုတွေနဲ့ အနီကြောင်အချို့ကတော့ ထောက်ခံပါသည်ပေါ့။

ဒါပေမယ့်သူက DASSK ကို ကွင်းပတ်ကန်နေတယ် ဘာညာစပြောချိန်မှာတော့ အနီအချို့ စပြီးစဉ်းစားလာမှာပါ။ သူ့ကို ထောက်ခံသူအချို့က သူကဒီမို DASSK မိုးကုတ်လာတုန်းက ကြိုတယ်ဘာညာပြောသလို၊ အခြားထောက်ခံသူများကလဲ သူကအောင်မြင်တဲ့ စီးပွါးရေးသမား၊ ပညာလဲတတ်တယ်ဆိုပြီးမွှန်းကြပါတယ်။

ပထမ သူမရဲ့ ဒီမိုသမိုင်းကြောင်းကိုကြည့်ရအောင်။ သူမက DASSK မိုးကုတ်လာတာကြိုပေမယ့်နောက်ပိုင်းမှာ သူမရဲ့ စီးပွါးရေးဟာ အဘတွေနဲ့ ပေါင်းစားပြီး လုပ်ကွက်ဖြစ်လာတာပါ။ ယခုကွန်ဒိုမှာလဲ ယခင်အစိုးရနဲ့ ခွင့်ပြုချက်ရခဲ့တာပါ။ သူမရဲ့ ရွှေတွေ၊ ကျောက်တွေဟာ နိုင်ငံခြားစျေးကွက်မှာနာမည်ကြီးနေတာမဟုတ်ပါ။ အိမ်ကျယ်ပေါ့။ ဟို Orchid က ဌေးအောင်ဟာလဲ ယခင်အဘတွေနဲ့ပေါင်းစားခဲ့ပြီး ယခုအစိုးရလက်ထက် ဂွင်မရလို့ လုပ်မစားတတ်တဲ့ ခိုးစားလုပ်ငန်းရှင်အဆင့်မျိုးတွေပါ။ DASSK ကို ကြိုတိုင်းသာ ဒီမိုဖြစ်ခဲ့ရင် စာရေးသူလဲ ၁၀ တန်းမတိုင်ခင်က သူမအိမ်ရှေ့မိန့်ခွန်းသွားနားထောင်ဖူးတာပါဘဲ။ သူမလဲ အဖမ်းမခံဖူးသလို စာရေးသူလဲ အဖမ်းမခဲဖူးပါ။ ဒါပေမယ့် ဒီလောက်လေးနဲ့ မိမိကိုယ်ကို ဒီမိုစစ်စစ်လို့ ပြောရခက်ပါလိမ့်မယ်။ ထောင်ထဲမှာ လက်မှတ်မထိုးဘဲ နေခဲ့သူတွေကို အားနာရမှာပါ။

နောက်သူမရဲ့ဘွဲ့ပါ။ DASSK ခန့်ထားတဲ့ လက်ရှိစီမံဘဏ္ဍာဝန်ကြီးဟာ သူမထက်အများကြီးတော်သလိုDASSK ကို အကြံပေးနေတဲ့ Sean Turnell ဟာလဲ သူမထက် အဆ ၁၀၀ ပိုတော်ပါတယ်။ ဒါတွေထက်DASSK လိုအပ်နေတာက သစ္စာရှိမှုနဲ့ ဖွတ်တွေနဲ့ မပေါင်းတဲ့သူပါ။ ဥပမာ ဘွဲ့ရလို့ဆိုပြီး MA(Defence) အရောက် ၁၀၀ ကို NLD က လွှတ်တော်အမတ် ရွေးခိုင်းလို့မရပါ။ သူတို့ဟာ သစ္စာမရှိခဲ့ရင် မိမိလူတောင် သမ္မတဖြစ်လာဖို့ ခက်သွားပါမယ်။ နောက်ဘွဲ့ရတိုင်း ပညာတတ်မဟုတ်ပါ။

နောက်အရေးကြီးဆုံးက အစုအဖွဲ့နဲ့ လုပ်တတ်ဖို့ပါ။ အစုအဖွဲ့မှာ မိမိက နောက်လိုက်ဖြစ်နိုင်သလိုခေါင်းဆောင်လဲ ဖြစ်နိုင်ပါတယ်။ ဒါမျိုး အစုအဖွဲ့နဲ့ teamwork လုပ်နိုင်တဲ့လူမျိုးကမှ အဆင်ပြေပါမယ်။ ဒါကြောင့်စာရေးသူက အစုအဖွဲ့နဲ့ လုပ်တတ်သူကိုသာ ရွေးချယ်ဖို့ပြောလေ့ရှိတာပါ။ DASSK ကလဲ ခေါင်းဆောင်မှု (leadership) သင်တန်းတွေများနေပြီး နောက်လိုက်ကောင်းဖြစ်ဖို့လိုတယ်ဆိုတာမကြာခဏပြောလေ့ရှိပါတယ်။ မြန်မာပြည်ရဲ့ ယခင်ပညာရေးက အစုအဖွဲ့(Teamwork) နဲ့ လုပ်မှုကိုမသင်ပေးလိုက်ပါ။

ယခုလို သူမထွက်ပြီး ပါတီထောင်တာဟာ NLD ကို ထိခိုက်မလားလို့ မေးစရာရှိပါတယ်။ သူမကိုပထမဆုံးထောက်ခံသူက Orchid ဌေးအောင်ပါ။ သူက ဦးရွှေမန်းပါတီကို ထောက်ခံတော့မလိုရေးသလို၊ ဟိုယခင် သမ္မတရုံးဝန်ကြီးဟောင်းတွေပါတီကိုလဲ ထောက်ခံမလိုရေးပါတယ်။ ပြီးတော့ ကိုကိုကြီးပါတီကိုလဲ ထောက်ခံသရောင်ပြောပြန်ပါတယ်။ သူက နဂိုကထဲက အဘတွေနဲ့ပေါင်းစားခဲ့သူမိုလို့NLD ထောက်ခံသူမဟုတ်ပါ။ သူ့ဖာသာ ဘယ်သူ့ထောက်ခံရမလဲ တိုင်ပတ်ပြီး ဖွတ်မဲဘဲ ကွဲသွားမှာပါ။ဒါကြောင့် အေးဆေးပါလို့ ပြောပါရစေ။ ကြားတဲ့သတင်းအရ သူမပါတီမှာ သန်းရွှေသားမက် နေရွှေသွေးအောင်ရဲ့အဖေသာ ပါခဲ့ရင်တော့ ပိုကောင်းသွားပါမယ်။

အကျဥ်းချုပ်ရရင် သူမထွက်သွားတာဟာ NLD အတွက် ဘုရားမတယ်လို့သာ မှတ်လိုက်ပါ။သူမနိုင်မယ်ထင်ရင် လောင်းကြေးထပ်ပါရစေ။

news credit: BBC Burmese

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page