top of page
Search

ဒေါက်တာတူပေမယ့် ဘွဲ့လွန်ကျောင်းကွာတဲ့အခါ

Writer: Myat Tun OoMyat Tun Oo

ကျန်းမာရေးဝန်ကြီးဟာ ပြည်သူ့ကျန်းမာရေးကိစ္စကို အင်မတန်ကျွမ်းကျင်သူဖြစ်ပါတယ်။ သူက အမေရိကန်နိုင်ငံက ကမ္ဘာ့အဆင့် ထိပ်ပိုင်း ၃၀ မှာ ဝင်တဲ့John Hopkins University က ဘွဲ့လွန်ရခဲ့တာဖြစ်ပါတယ်။ သူက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှာ နှစ်ရှည်တာဝန်ထမ်းဆောင်ခဲ့သူလဲ ဖြစ်ပါတယ်။ သူ့ရဲ့ အရည်အချင်းနဲ့ သူ့ရဲ့အတွေ့အကြုံအရ ဒီလိုကပ်ရောဂါကို တိုက်ဖျက်ရာမှာအလွန်တရာမှ အတွေ့အကြုံရှိခဲ့သူပါ။


သူ့ကိုဝေဖန်မေးခွန်းထုတ်သူ ဗိုလ်မှူးဝင်းမင်းထွန်းကိုလေ့လာရာမှာ သူဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်မပြုခဲ့တဲ့ စစ်ဆေးတက္ကသိုလ်ကအရည်အချင်းမရှိဘဲ အောင်လာသူပါ။ သူတို့ဟာ နိုင်ငံခြားမှာ MRCP တို့ MRCS တို့ဖြေရချိန်မှာ သူ့ရဲ့စစ်ဆေးတက္ကသိုလ်ကို အဆိုပါနိုင်ငံတွေက အသိအမှတ်မပြုလို့ ဆေး(၂) နဲ့ ဆေး(၁) တို့ရဲ့ ဘွဲ့လက်မှတ်တွေကို ယခင်စစ်အစိုးရအရှိန်အဝါနဲ့ လိမ်လည်ရယူခဲ့ကြပါတယ်။ ဒါကို နိုင်ငံခြားက မသိသေးလို့ပါ။


ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ဘွဲ့လွန်တက်ရင်လဲ ဝင်းမင်းထွန်းတို့ ဘွဲ့လွန်တက်ချိန်ကအရပ်သားဆရာဝန်တွေက ဘွဲ့လွန်တစ်နေရာအတွက် ဆရာဝန်ရာချီဖြေရချိန်မှာ စစ်ဆေးကို ဘယ်နှစ်နေရာပေးရမယ်ဆိုပြီး စစ်အစိုးရနဲ့ ဘစိန်တို့က အရေအတွက်အသာနဲ့ စစ်ဆေးက ဆရာဝန်တွေကဗိုလ်ကျယူခဲ့ပါတယ်။ တကယ်က ဘာမှမတတ်ပါ။ ဥပမာ ဘွဲ့လွန်က နေရာ ၂၀ ရှိတယ်ဆို အရပ်သားက ၁၅ နေရာအတွက် လူ တစ်ရာလောက်ဖြေနေရချိန်မှာ စစ်ဆေးက ၅ နေရာကို ၁၀ ယောက်လောက်ကဖြေပြီး ၂:၁ နဲ့ အရည်အချင်းမရှိဘဲ ယူသွားကြတာပါ။ ဒါက ဝင်းမင်းထွန်းတို့ရဲ့ အကျင့်မကောင်းတဲ့စစ်ဆေးက လူအချို့ အရည်အချင်းမရှိဘဲ ဘယ်လိုဘွဲ့လွန်ရလဲဆိုတာ ပြောပြတာပါ။ ဝန်ကြီးနဲ့ဆိုတက္ကသိုလ်ကအစ မိုးနဲ့မြေပေါ့။ ဝန်ကြီးက နတ်သားဆို သူက ခွေးအဆင့်လောက်ပါ။ သူတို့စစ်ဆေးကဘယ်လောက်အရပ်သားတွေကို ဗိုလ်ကျ ယုတ်မာလဲဆိုတော့ မင်္ဂလာဒုံနေရာကာင်းက ဆေး ၂ ကို တပ်ကသိမ်းသွားပြီး ယခုအချိန်အထိပြန်မပေးသေးပါ။


ဒါတောင် မိုးကျအလိုမရှိဆိုပြီး အရပ်ဖက်ကဆရာဝန်တွေက ဘစိန်လက်ထက်မှာ ဆန္ဒပြခဲ့လို့ ဝင်းမင်းထွန်းတို့ရဲ့ ဆေးတပ်ထဲမှာ အရပ်ဖက်မပြောင်းနိုင်လို့ တပ်ပြေးဗိုလ်တွေများလာတာပါ။


ယခု အကြောင်းအရာကို ပြောပါမယ်။ စာရေးသူယခင်ကရေးခဲ့သလိုဘဲ ဒီကပ်ရောဂါဟာ ခဏခဏဖြစ်ခဲ့တဲ့ ဖြစ်နေတဲ့ရောဂါမဟုတ်ပါဘူး။ ဒါကြောင့် ပညာရှိတဲ့ဝန်ကြီးက သူ့ကိုအထောက်အထားနဲ့ပြောပါလို့ စိန်ခေါ်သွားတာပါ။ ဆေးပညာမှာ အထောက်အထားနဲ့ စကားပြောရပါတယ်။ သူက ခိုးချပြီး အဆင့်မရှိတဲ့ တက္ကသိုလ်ကနေ အာခြောင်အောင်လာလို့ ဆရာဝန်စကားမပြောဘဲ သူခိုးစကား ပြောသွားတာပါ။


သူကခဏခဏဖြစ်တဲ့ ကပ်ရောဂါကို ဘာလို့မပြင်ထားတာလဲဆိုပြီး လူတွေကို ဂျင်းထည့်တာပါ။စာရေးသူ ယခင်ကရေးခဲ့သလိုပါဘဲ ကိုဗစ်နဲ့ဆင်တဲ့ SARS ကပ်ရောဂါက ၂၀၀၂/၂၀၀၃ မှာဖြစ်ပြီးအရှေ့အလယ်ပိုင်း အသက်ရူရောဂါ MERS က ၂၀၁၂ မှာစဖြစ်ပါတယ်။ တောင်ကိုရီးယားကို၂၀၁၅မှာ MERS ရောက်ခဲ့လို့ အဲ့ဒီအချိန်ကစပြင်ခဲ့သလို စင်ကာပူကလဲ SARS ကို သူ့နိုင်ငံရောက်ချိန်၂၀၀၄ မှာကထဲက ကြိုပြင်ခဲ့ပါတယ်။ စင်ကာပူရဲ့ကူးစက်ရောဂါဆေးရုံဟာ ၂၀၁၉ မှာ ဖွင့်နိုင်ခဲ့တာပါ။၂၀၀၂ နဲ့ ၂၀၁၂ မှာ စစ်အစိုးရဘရွှေနဲ့ဘစိန် ဘာလုပ်နေခဲ့ပါသလဲ။


ဒီနေရာမှာ အထူးကြပ်မတ်ကုသဆောင်အတွက် အထူးကုဆရာဝန်ကိုမွေးထုတ်တာဟာ အနောက်နိုင်ငံတွေမှာ ၁၀ နှစ် အမေရိကန်မှာ ၈ နှစ်လောက်ကြာပါတယ်။ စစ်အစိုးရကအစ ဘစိန်အဆုံး မွေးမထုတ်ခဲ့တာကို ယခုဝန်ကြီးက အုံဖွလုပ်လို့မရပါ။ ယခင်က အဘတွေလို ဘွဲ့ကိုစာရွက်ပေါ်မှာ ရိုက်ထုတ်ရင်တော့ ရနိုင်ပေမယ့် ဒါကအသက်တွေနဲ့ ဆိုင်နေပါတယ်။


အချို့ကိစ္စတွေက အချိန်တိုတွင်းမှာ လိုက်လုပ်ရတာရှိနိုင်ပါတယ်။ ဥပမာ စင်ကာပူက ၁၅ နှစ်ကျော်သန်း ၉၀၀ အကုန်ခံဆောက်ခဲ့တဲ့ ကူးစက်ဆေးရုံမျိုးကို ဖောင်ကြီးမှာ ကျန်းမာရေးဝန်ကြီးနဲ့ ကွီးဖြိုးကအလှူ့ရှင်လုပ်အားနဲ့ တပ်အကူအညီမယူဘဲ တစ်လကျော်အတွင်းဆောက်တာမျိုးပေါ့။ ဒါပေမယ့်သူများနိုင်ငံက ၁၀ နှစ်နီးပါး အချိန်ယူမွေးထုတ်ခဲ့တဲ့ အထူးကြပ်မတ်ကုသဆောင် အထူးကုဆရာဝန်မျိုးကို မွေးထုတ်လို့မရပါ။ ဝင်းမင်းထွန်းပြောလိုတာက မိမိအဘအသုံးမကျတာကို လူတွေမသိအောင်ဂျင်းထည့်တာပါ။ အမှန်အကန်ကျောင်းဆင်းဝန်ကြီးနဲ့တွေ့တော့ ကွဲသွာ:တာလို့ ပြောပါရစေ။


ဝန်ကြီးလို တကယ်တတ်ချင်ရင် လက်မှတ်တုတွေပေးတဲ့ ဆေးကျောင်းတုတွေကနေ မဖြေဘဲ အမေရိကန်သွားပါလို့ပြောပါရစေ။ အမေရိကန်ရောက်ရင်တော့ ဟိုကဆေးရုံမှာ ဗိုလ်မှူးဝင်းမင်းထွန်းကို ညစောင့်ခန့်ပါမယ်လို့။


Photo credit: Myanmar Harp,

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

1 Comment


U Myint Soe Oo
U Myint Soe Oo
May 23, 2020

ဦးမြတ်! ဘွဲ့ရတဦး တင်တဲ့ပို့စ်တခု ခုရက်ပိုင်းအတွင်းဖတ်ရပါသည်။DASSK 23 မှာ B.A. 24နှစ်မှာ M.A တက်ရောက်။ B.A. grade Cနဲ့အောင်(၄၀ နဲ့ ၅၀ကြားရသူများသာ)။သူပြောလိုတာက ခုခေတ်စားနေတဲ့ I.Q နိမ့်တယ်ပေါ့။ I.Qနိမ့်တဲ့သူ ဦးဆောင်တဲ့နိုင်ငံ ဘယ်လိုလုပ်ပြီးတိုးတက်မှာလဲပေါ့။ ဒါတွေရှင်းရရင် ဆောင်းပါးရှည်ဖြစ်ပြီး မဂ္ဂဇင်းတိုက် ပို့ရမှာမို့ @@@။ ဘီအေ အောင်ရုံမျှဖြင့် မဟာတန်းသို့ တန်းတက်ခွင့် အင်္ဂလန်မှာ ရှိပါသလား?။ မြန်မာနိုင်ငံမှာ (၈၃. ၈၄ ၈၅ ဝန်းကျင်) စတုတ္ထနှစ်အောင်စာရင်းထွက်တဲ့အခါ စာဖြေအောင်မြင်သူနှင်းကပ်လျက် ဘေးမှာ QUALIFY(အဆင့်မီ အရည်အချင်းဖြင်အောင်) CREDIT(အထူးအောင်)။ Q & C တစ်ခုခုနဲ့အောင်ပါမှ ဂုဏ်ထူးတန်း (Honours Course) တက်ရောက်သင်ကြားခွင့်ရပါသည်။ ဂုဏ်ထူးတန်းမှာလည်း 1st : 2nd. A. & 2nd. B. : 3rd. class ၃မျိုးဖြင့် အောင်စာရင်းထုတ်ပြန်ပါသည်။ 3rd class သည် မဟာတန်းတက်ခွင့်အတွက် အရည်အချင်းမပြည့်မီပါ။ B.Sc (Honours)ဘွဲ့တော့ရပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၅နှစ်ဝန်းကျင်က မြန်မာပြည်မှာ မဟာဘွဲ့ ရဖို့ရာအတွက် >>>>>>>။လွန်ခဲ့သောနှစ်ပေါင်း၅၀လောက်က အင်္ဂလန်နိုင်ငံမှာ မဟာဘွဲ့က. •••••••••••••••? တခြားနိုင်ငံ၏ ပညာရေးစနစ် ကျွန်တော် လေ့လာရေးအားနည်းမှုကြောင့် မသိလို့ပဲလား ကိုယ့်ရဲ့အားနည်းချက်အဖြစ် ခံယူပါ၏။ နယူကလီယာရူပဗေဒ အထူးပြုစာမေးပွဲတစ်ခုမှာ! ခဲ (lead. / Pb)ကို ရောင်ခြည်တစ်ခုနှင့် (အယ်လ်ဖာ/ဘီတာ) တိုက်လို့ဖြစ်ပေါ်တဲ့ ဖြစ်စဥ်မှာ ရလာမဲ့ စွမ်းအင် တွက်ခိုင့်းပြီး ရလာတဲ့အဖြေအပေါ် မှန် မမှန် သီအိုရီကိုးကား၍ စာဖြေသူ၏ အမြင်သုံးသပ်ချက်ကို ပေးပါ။မေးခွန်းက လောက်စာလုံးတလုံးနဲ့ ငှက် ၃ ကောင်ရအောင် ပစ်ခိုင်းခြင်း ? ခဲရဲ့ အက်တမ်အမှတ်စဥ် အလွတ်အာဂုံ ( *** …

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page