top of page
Search

ဒါ့ကြောင့် သူတို့ကို မအလ ကြောက်တာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 29, 2021
  • 1 min read

စစ်အစိုးရဟာ NLD ကို ပုံဖျက်ချင်ရင် ထောင်ထွက်တွေ ဘွဲ့မရဘူး ဘာညာပြောလေ့ရှိပါတယ်။ မြန်မာလူမျိုးများကလဲ ပညာတတ်ဆိုရင် စာရွက်ပေါ်ကဘွဲ့တောင် သဘောကျပါတယ်။

ယခုပါချုပ်ဒေါက်တာဇော်ဝေစိုးနဲ့ Dr Sasa က စစ်တပ်ဆိုက်ဝါးက တိုက်ရခက်သူတွေပါ။ ပထမက သူတို့တွေက ဘာကိစ္စနဲ့မှ ထောင်မကျဖူးပါ။ သူတို့တွေဟာ NLD ပါတီဝင်မဟုတ်ပါ။ ဒါ့ကြောင့် သူတို့တွေက သာမန်ပြည်သူတွေ ပညာတတ်တွေက အာဏာသိမ်းတာကို ဆန့်ကျင်တယ်ဆိုတာကို ကိုယ်စားပြုပါတယ်။

နောက်စစ်အစိုးရ တိုက်လေ့ရှိတာက ငွေကြေးကိစ္စပါ။ ယခုပါချုပ်ဒေါက်တာဇော်ဝေစိုးက သူ့အိမ်စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေသလို Dr Sass ကလဲ ယခင်ထဲက ဖောင်ဒေးရှင်းတွေကို နိုင်ငံခြားနဲ့ သေချာစနစ်တကျလုပ်လာလို့ ပုံရိပ်ဖျက်မရပါ။

Dr Sasa က စစ်ရာဇဝတ်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ပြီး အရေးယူဖို့ ကြိုးစားနေသလို ဆရာဇော်ကလဲ ဒီလိုစာလေးတွေနဲ့ D Day ကို အချက်ပေးတာက ပြည်သူ့ထံကို အရောက်မြန်ပါတယ်။နောက် NUG ဟာ စုပေါင်းခေါင်းဆောင်မှုစနစ်နဲ့ လုပ်နေလို့ ညီညွတ်နေပါတယ်။

စာရေးသူကတော့ ဒီတော်လှန်ရေးဟာ NLD တင်မဟုတ်ဘဲ ဆရာဇော်တို့လို Dr Sasa တို့လို သာမန်ပြည်သူတွေကလဲ ပါဝင်ဆင်နွှဲနေလို့ သေချာပေါက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူသာ အဓိကပါ။ဆရာဇော်ပြောသလို အားလုံးက ပြင်ထားကြပါ။ တပ်ထဲက CDM လုပ်လိုသူများပါပေါ့။ အထက်ကမမျှော်ပေမယ့် အောက်ခြေက တကယ်ထိုးကျွေးခံရမည့်သူများ စဉ်းစားထားပါ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 29, 2021

ဦးမြတ်!!***ကြံတိုင်း အောင် ၊ ဆောင်တိုင်း မြောက် ၊ လိုတိုင်း ရ**

မြန်မာလူမှုနယ်ပယ်မှာ ဆုပေး ဆုယူပြုကြရာဝယ် သုံးကြပါသည်။

ပေးသောဆု ပြည့်အောင် ၊ ဆုပေးပုဂ္ဂိုလ်အနေဖြင့် ဆန္ဒပြုခြင်းမျှသာ။ ဆု ခံယူသော ပုဂ္ဂိုလ်ကိုယ်တိုင် ကျင့်ဆောင်မှ ပေးသော ဆုပြည့်ပါမည်။ ဘာသာအယူမှာ တန်ခိုးရှင် ဖန်ဆင်းရှင် မရှိပါ။ မိမိကိုယ်သာ ကိုးကွယ်ရာ။

**အတ္တာဟိ အတ္တနော နာထော**

ကြံတိုင်း အောင် = အကြံအစည်မှန်သမျှ အောင်ဖို့ စိတ် ရှင်းမှရပါသည်။ တနည်း အစွန်း မကပ်မှရပါသည်။ ဣဿ မစ္ဆရိယ ကင်းရန်လိုသလို ငါတဘို့ ကောင်းစားရေး စိတ်ထား ရှင်းရန်လိုပါသည်။ အစွန်းကပ်လျှင် အမှန်မမြင်၍ အကြံ ကောင်း မထွက်ပါ။ သမ္မာဒိဌိ(အမြင်မှန်)၊ သမ္မာသင်္ကပ္ပ(အကြံကောင်း) ။

သူများအကျိုး ဆောင် ၊ ကိုယ့် အကျိုး အောင်။

*ငါတစ်ဘို့* နောက်ပို့ထားရပါမည်။ သိူ့မှ အနစ်နာခံမှု ရှေ့တက်ပါမည်။ မိမိ နစ်နာသလို အများ မနစ်နာစေရန်ဟူသော မွန်မြတ်သည့် စိတ်ထား ကိန်းနေသမျှ ကိုယ့် အကြံအစည်မှန်သမျှ ေအာင် ရပါသည်။ စိတ်ရင်းမှန်ဖြင့် ဆောင်ရွက်နေသော နာ/ကူ အသင်းများ၊ ပရဟိတလုပ်ငန်းများ အောင်မြင်နေခြင်းက သက်သေပြနေပါသည်။

လူသားစွမ်းရည် (နာမ်စွမ်းရည်) E Q မြင့်သူမှန်သမျှ ကြံတိုင်း အောင်၍ ဆောင်တိုင်း မြောက်ကာ လိုသမျှ ရကြပါသည်။

~E Q မြင့်မားသူတို့သည် တန်ခိုးရှင် ၊ ဖန်ဆင်းရှင်က ကယ်မမည်ဟူသော အယူကို ပယ်စွန့်မှုကလည်း အောင်မြင်ခြင်းအခြေခံတရပ်ပါ။

တနည်း နာမ် လိမ္မာလျှင် ရုပ် ကျန်းမာပါသည်။

သတ် ခိုး ကာမေ မုသာ သေ အမှုမှန်သမျှ ကျုးလွန်သူများ၏ နာမ်စွမ်းရည်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page