top of page
Search
  • Writer's pictureMyat Tun Oo
Unicode version
ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်ပေးနေလဲ
မြန်မာနဲ့တရုတ်နိုင်ငံမှာနယ်စပ်ကုန်သွယ်ရေးကြီးမားတာအားလုံးအသိပါ။တရုတ်ပစ္စည်းအများစုဟာမြန်မာထဲကိုတရားဝင်ကဲ့သို့ဝင်နေပေမယ့်မြန်မာဖက်ကပို့ကုန်ကတော့တရားမဝင်ပါ။
ဒါကိုDASSK ဒီနှစ်တရုတ်ပြည်သွားစဉ်မှာဆန်ကိုတရားဝင်လုပ်နိုင်လိုက်ပါတယ်။ဒါကြောင့်နယ်စပ်ပိတ်လို့ဖြစ်မယ့်ပြဿနာဆန်ကိစ္စနဲသွားပါမယ်။
ဒီခြားထဲကဆန်စျေးဘာကြောင့်ကျသလဲ? အားလုံးသိတယ့်အတိုင်းအာဖရိကကိုဆန်ပို့လို့ပြဿနာတက်တဲ့ကိစ္စမှာဆန်ပို့တဲ့ကုမ္ပဏီတွေထဲဦးပိုင်ပါနေပါတယ်။ဒါကြောင့်ပြဿနာဖြစ်လို့အစစ်ခံရရင်သူကဥပဒေအထက်မှာရှိလို့စစ်ဆေးရေးကမဝင်ရဲပါ။စစ်လဲအဘဆိုပြီးပြန်လာမှာပါ။ဒီဟာကဘာကိုပြသလဲဆိုတော့တိုင်းပြည်မှာရောင်းစားတဲ့ဆန်တောင်ဦးပိုင်မပါရင်လယ်သမားတွေဘယ်လောက်အကျိုးရှိနိုင်လဲဆိုတာပြတာပါ။တပ်ဟာတပ်အလုပ်လုပ်တာဘဲကောင်းပါတယ်။
အားလုံးသိတယ့်အတိုင်းတရုတ်ရဲ့ဝါဝေးHuawei ကိုအမေရိကန်ကပိတ်တာဟာလဲအဲ့ဒီကုမ္ပဏီဟာယခင်တရုတ်စစ်တပ်ပိုင်ဖြစ်ခဲ့လို့ပါ။သူ့ပိုင်ရှင်ကတပ်ကဗိုလ်ချုပ်ကြီးဟောင်းဖြစ်နေလို့ပါ။
ဒါဟာဘာမှနိုင်ငံရေးမပါဘူးလို့ထင်ရတယ့်တိုင်းပြည်ကလယ်သမားအများစုရဲ့ပို့ကုန်ဖြစ်တယ့်ဆန်တောင်ဦးပိုင်ကြောင့်တိုင်းပြည်ရဲ့ပို့ကုန်နဲ့ပုံရိပ်ထိခိုက်တာကိုပြတာပါ။
DASSK ကတော့တိုင်းပြည်ကောင်းအောင်သူမသွားလေရာတိုင်းပြည်စီးပွားဖြစ်အောင်လုပ်ပေးနေပါတယ်။အဘတို့ကတော့နောက်ကလိုက်ဖျက်နေပုံပါ။
538 views0 comments
Commentaires
bottom of page