top of page
Search

ဒလန်ဘုန်းကြီးများ၏ စိန်ခေါ်မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 2, 2022
  • 1 min read

မအလဟာ အင်မတန်ယုတ်မာတယ်ဆိုတာ ကိုဗစ်ကပ်ရောဂါအချိန် အာဏာသိမ်းကထဲက သိသင့်ပါတယ်။ နောက်ပိုင်း ဆန္ဒပြသူကို ခေါင်းတည့်တည့်ပစ်တာကအစ ကားနဲ့တိုက်သတ်တာ ဖမ်းပြီးအလောင်းသာပြန်ပို့တာ အစုံပါဘဲ။ စာရေးသူတို့က မအလတပ်က ဒီထက်ပိုပြီး မယုတ်မာလောက်ပါဘူးထင်ချိန်မှာ မအလက အဝီစိထဲကို တိုးတိုးဆင်းပြီး အံ့ဩဖွယ်ရာ ယုတ်မာပြနေတာ တွေ့ရပါတယ်။ရွာတွေကိုမီးရှို့၊ မုဒိမ်းကျင့်၊ ပစ္စည်းလုရုံမက အရပ်ဝတ်နဲ့ PDF အယောင်ဆောင် စစ်ဆင်ရေးလုပ်တာအထိပါ။ ဒါအပြီးမှာ လူကြီးတွေကို ဓားစာခံလုပ်ပြီး နောက်ပိုင်းမှာ မူကြိုကလေးပါ ဓားစာခံလုပ်လာတာတွေ့ရပါတယ်။ ယခုက ဒါနဲ့တင်အားမရသေးဘဲ သူ့တပ်ကဘုန်းကြီးအတုနဲ့ ယခင်ထောက်လှမ်းရေးက မွေးထားတဲ့ ဘုန်းကြီးအတုပေါင်းပြီး ပျူစောထီးအဖွဲ့ဝင်ဖို့အထိ စည်းရုံးလာတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ စာရေးသူက “မအလ၏ ယုတ်မာသောအကြံများ” ဆိုပြီး ၂၀၂၁ ဒီဇင်ဘာ ၁၈ရက်က ဆောင်းပါးရေးခဲ့ပါတယ်။ ယုံသူရှိသလို မယုံသူလဲ ရှိခဲ့နိုင်ပါတယ်။“https://www.myattunoo.com/post/မအလ-ယ-တ-မ-သ-အက-မ-1”မှာ သွားဖတ်ပါ။

ထိုအချိန်က မုံရွာ နမခထဲမှာ စစ်သင်တန်းပေးနေတဲ့ အမိန့်စာတွေ့လို့ ရေးခဲ့တာပါ။ ဘုန်းကြီးတွေစစ်သင်တန်းတက်ကထဲက စစ်ခွေးဂတုံးကြီးဖြစ်သွားခဲ့ပါပြီ။ ဒီဘုန်းကြီးတွေက ရခိုင်မှာ မီးမွှေးရာမှာလဲ စရဖထောက်လှမ်းရေးက သုံးခဲ့ပါတယ်။ ဒီဘုန်းကြီးတွေကို သင်္ဃန်းဝတ်နဲ့ ရွာထဲလွှတ်ပြီးတရားဟောစည်းရုံးခိုင်းရင်တောင် ဇဝေဇဝါဖြစ်သွားနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီဘုန်းကြီးတွေကရွာထဲကို သေနတ်ကိုင်ဝင်လာတာက ပေါ်တင်ကို ဖြစ်သွားခဲ့ပြီး မအလက သာသနာကိုပါ ဖျက်ပြလိုက်တာပါ။

စာရေးသူတို့ပြည်သူတွေ PDF နဲ့ NUG က စဉ်းစားရမှာက ဒီဘုန်းကြီးတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာပါ။ စိန်ခေါ်မှုက ဒလန်ဘုန်းကြီးကို ဒလန်ကဲ့သို့ပြတ်ပြတ်သားသား ကိုင်တွယ်မှာလား ဒါမှမဟုတ်အနောက်အုပ်စုစံနှုန်းနဲ့ ထိုင်ကြည့်နေမှာလားဆိုတာပါ။ စာရေးသူကတော့ ဒီမိုစစ်တပ်မှာမလုပ်ဖူးလို့မြန်မာပြည်ထဲကစစ်ပွဲကို မြန်မာ့နည်းနဲ့ လက်တွေ့ကျကျ ပြတ်ပြတ်သားသား တိုက်ရင်အောင်မြင်မှုကယခုထက်မြန်လာမှာပါ။ အနောက်အုပ်စုက မထောက်ပံ့ဘဲ အမေရိကန်တပ်လို စစ်တိုက်ခိုင်းနေရင်တော့ စာရေးသူတို့ကို ကြိုးတုတ်ပြီး ပြေးခိုင်းသလို ဖြစ်နေမှာပါ။ ယခုအချိန်မှာ စာရေးသူတို့အနေနဲ့အမေရိကန်နဲ့ အနောက်အုပ်စုကို အချိန်တစ်ခုအထိသာစောင့်ပြီး သူတို့မထောက်ပံ့ခဲ့ရင် စာရေးသူတို့အနေနဲ့ မအလကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ပြတ်ပြတ်သားသား ဆုံးမကြရပါမယ်။ ဒါအတွက် နောင်အနာဂတ်မှာ တောင်အာဖရိကကလို ရင်ကြားစေ့ချိန်ရောက်မှ စာရေးသူတို့ ပြန်ရှင်းရမှာပါ။ မဟုတ်ရင်မအလဟာ ပြည်သူကိုနိုင်ကွက် ဘာသာရေးကို နိုင်ကွက်အနေနဲ့နင်း နေပါလိမ့်မယ်လို့ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

2 Comments


Ko Ko
Ko Ko
Mar 06, 2022

ထိထိမိမိပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ရင်ကောင်းကျိူးရနိုင်ပါတယ်

Like

Myint Soe Oo
Myint Soe Oo
Mar 03, 2022

ဦးမြတ်!!! ကျင့်သုံးလျက်ရိှ​သော ​ထေရဝါဒသာသနာ ဆိုသည်မှာ~

ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများကို တစ်လုံးတစ်ပါဒမျှ တည်းဖြတ်ပြင်ဆင် ဖြည့်စွက်ခြင်း နှုတ်ပယ်ခြင်း မပြုကြပဲ၊ ​ရှေးစဥ်ဆက် ​ထေရ်ကြီး ဝါကြီး သံဃာ​တော်များ ဥာဏ်လက်ဆင့်ကမ်း၍ တည်​ဆောက်ကျင့်သုံး​သော(ယ​နေ့တိုင်ကျင့်သုံးလျက်ရိှ​သောသာသနာ) ဝါဒ သာဖြစ်ပါသည်။

သီလ သမာဓိ ပညာ

အကျင့်သိက္ခာကို အ​ခြေခံ​သော သာသနာဖြစ်ပါသည်။ ကိုယ့်ကျင့်တရား ဖြူစင်မြင့်မြတ်မှု(သီလ)ကိုအထူး အ​ခြေပြုပါသည်။သီလ ဖြူစင်မြင့်မြတ်မှသာ လူသားတို့​နေထိုင်ရာ ကမ္ဘာ ငြိမ်းချမ်းသာယာပါမည်။

ငြိမ်းချမ်း​စေသည်က ကရုဏာ(အကြင်နာ/သူတပါးအား ညှဥ်းပမ်း နိှပ်စက် သတ်ဖြတ်လို​သော အလိုဆန္ဒ မရိှ၊)အ​ခြေခံပါသည်။

ဗုဒ္ဓဘုရားရှင်သည်ပင် ကရုဏာ နှင့် ပညာ တွဲဖက် ကျင့်​ဆောင်​တော်မူခဲ့ပါသည်။

သတ္တဝါများအ​ပေါ် ရာဟုလာ သားနှင့် မခြား ရင်လွယ်သားသို့ သနားကြင်နာတတ်ခြင်း​ကြောင့်**မဟာ ကရုဏာ**ဟု ညွှန်းဆိုပြုပါသည်။

**စိတ်​ကောင်း ရိှဖို့က ပထမ**

အရှင် ဇနကာဘိဝံသဆရာ​တော်ကြီး (မဟာဂန္ဓာရုံ ၊ ​တောင်မြို့)

**လူတစ်စု တစ်ဖွဲ့ ​ကောင်းစား​ရေး ဦးတည်​ဆောင်ရွက်​နေတဲ့ နိုင်ငံ​ရေးဟာ ဘုရားရှင် အလိုကျ မဟုတ်ဘူး**

​(ကျေးဇူးရှင်မိုးကုတ်ဆရာ​တော်ကြီး)

သခင် ဝတင် ​လျောက်တင်ထားမှုကို ဆုံးမခြင်း။

ရဟန်းသံဃာနှင့် လက်နက်သည် မအပ်စပ်​​ကြောင်း။ ရဟန်းအ​​နေဖြင့်(လူဝတ်မလဲပဲ)လက်နက်ကိုင်​ဆောင်ပါက ရဟန်းသံဃာ မဟုတ်​တော့​ကြောင်း

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)နှင့် အရှင် ပညိသ(သ ကြီးအက္ခရာ)ရလင်္ကာရ ဆရာ​တော်နှစ်ပါးမှ ​ထောက်ပြထားပါသည်။

သင်္ကန်းပတ်ထား​သော လူဝတ်​ကြောင်ဟု ညွှန်းဆိုပြုထားပါသည်။

စကစကမ္ဘာ မီး​လောင်လာပါသဖြင့်

ဗုဒ္ဓဘုရားရှင်၏ သာသနာကို

ချနင်းခြင်း ဟူ၍သာ မြင်မိပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page