top of page
Search

ထီးတင်ပွဲမှပြောသော ဘကျော်ဆွေအကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 29, 2020
  • 1 min read

ဘကျော်ဆွေကို ရာထူးကဆင်းခိုင်းတာကို အစိုးရကတားပေမယ့် စစ်ဘက်မူလတာဝန်ပြန်ထမ်းဆောင်ရန်ဆိုပြီး ခေါ်ခဲ့ပါတယ်။ သမ္မတကအမိန့်စာ မထုတ်ခင်မှာ သူ့ကို ဝန်ကြီးအိမ်ရာကနေ အပြီးပြောင်းပြီးတပ်ထဲကိုပြန်လာဖို့ အမိန့်စာထုတ်ပါတယ်။ သူဟာ သူ့ဝန်ကြီးအိမ်မှာ သမ္မတက သူ့ကိုဖြုတ်တာကိုလက်မခံခင်ကထဲက မနေတော့ပါဘူး။

တရုတ်သမ္မတရှေ့မှာ DASSK ကို အလေးပြုခဲ့ပုံက စိတ်ပါလက်ပါ ပြုခဲ့ပုံပါ။

သူဟာ DSA (၂၂) ဆင်းလူတစ်ယောက်ရဲ့သား မင်္ဂလာဆောင်ကို မအလလာတက်ပေမယ့် သူလာမတက်ပါ။ သူ့ကိုဖိတ်ထားခဲ့ပါတယ်။ သူမလာနိုင်တာလား မလာနိုင်အောင် လုပ်ထားတာလားတော့ မသိပါ။

မနေ့က ထီးလိုမင်းလို ဘုရားထီးတင်ပွဲမှာ တပ်ကလက်ရှိ တပ်ချုပ်ရဲ့ တပည့်အရင်းတွေရော ဖွတ်ပါတီက သန်းဌေးတို့ရော တက်ခဲ့ပါတယ်။ လက်ရှိ ရေချုပ်၊ လေချုပ်၊ ယခင်အငြိမ်းစား လေချုပ် ရေချုပ်တွေလဲ တက်ခဲ့ပါတယ်။ ဝန်ကြီးထဲက နယ်စပ်ဝန်ကြီး ဒုဗိုလ်ချုပ်ရဲအောင်နဲ့ ပထရက စိုးထွဋ်တို့တက်ပေမယ့် ဘကျော်ဆွေကို မတွေ့ပါဘူး။

သေချာတာတစ်ခုကတော့ ယခင်က DASSK နဲ့ အာဏာလွှဲရာမှာ ဆွေးနွေးစဉ်က မအလဘက်က ပါခဲ့တဲ့လူက သူ့ဘုရားထီးတင်တဲ့အချိန်မှာ မပါတော့တာပါဘဲ။

ဒီနှစ်ခုဟာ သာမန်တိုက်ဆိုင်မှုသက်သက်လားဆိုတာကတော့ စဉ်းစားစရာပါ။

ယခု YMBA၊ BBMA နဲ့ MNO ဆိုပြီး ဘာသာရေး၊ လူမျိုးရေးတွေနဲ့ တည်ဆဲတရားဥပဒေကို ချိုးဖောက်ပြီး ၂၀၂၀ အတွက်မဲဆွယ်ဖို့ ကြိုးစားလာတာကိုကြည့်ရင် ထိုသူတွေကို ပြည်ထဲရေးက အရေးမယူအောင်လို့ သူက စိုးထွဋ်ကို ဘကျော်ဆွေထက်ပိုယုံတယ်ဆိုတာပါ။

ဘကျော်ဆွေသားက စိုးထွဋ်သားလို ကုမ္ပဏီမထောင်ထားလို့ အချင်းချင်းကိုင်ဖို့ နိုင်ကွက်က စိုးထွဋ်ထံမှာ ပိုရှိပုံပါ။

ပြည်သူတွေလဲ သတိရှိပါ။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page