top of page
Search

ထိုးစစ်ကိုဘယ်လိုကာကွယ်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 16, 2021
  • 1 min read

ree

မအလဟာ စစ်ကိုင်းဘက်မှာ ကြည်း၊ရေ၊ လေ ထိုးစစ်ဆင်ပြီး နယ်မြေစိုးမိုးဖို့ လုပ်နေပါတယ်။ ကချင်နဲ့ကရင်က တပ်ဆိုင်ထားရုံပါ။ ဒီထိုးစစ်ကို ဘယ်လိုပြန်ခုခံမလဲ?

ပထမ ချင်းနဲ့ စစ်ကိုင်းမှာက လိုင်ဇာဌာနချုပ်လို ဌာနချုပ်မဖွင့်ထားလို့ လက်နက်ကြီးနဲ့ ပစ်မရပါ။သူက ရွာတွေကိုဝင်မွှေတာ ဖြတ်လေးဖြတ်တွေ လုပ်မှာပါ။ ဒါအတွက် မိမိရိက္ခာကို မြေကြီးထဲဝှက်ထား၊ တောထဲမှာ ဝှက်ထားတာအထိ စနစ်တကျ ပြင်ဆင်ထားရပါမယ်။ ရွာထဲကအိမ်တွေက ဖက်ဆစ်တပ်က မီးရှို့သွားနိုင်လို့ပါ။ ဆက်သွယ်ရေးကတော့ ဖုန်းလိုင်းနဲ့ အင်တာနက်ကို စစ်ဖြစ်ရင်အားကိုးမရတာ ပြောပြီးပါပြီ။ မိမိတို့အဖွဲ့အချင်းချင်း ဆက်သွယ်မယ့်နည်းလမ်းကို ကြိုရှာထားပါ။

ဒီနေရာမှာ ရန်သူဟာနယ်မြေကို နယ်ခံတွေလောက် မကျွမ်းပါ။ ရန်သူဟာထိုးစစ်အတွက် ကားတွေနဲ့သွားလာရပါတယ်။ ဒီယဉ်တန်းမသွားနိုင်အောင်ဘယ်လိုတားမလဲ စဉ်းစားပါ။ ရဟတ်ယဉ်မဆင်းနိုင်အောင် လေယဉ်မဆင်းနိုင်အောင်လုပ်ထားပါ။ အချို့နေရာတွေမှာ ရန်သူလုံးဝ မိမိနယ်ထဲဝင်မလာအောင် ရန်သူသုံးမယ့်တံတားတွေကို ဖျက်ထားရတာလဲ ရှိနိုင်ပါတယ်။ ဒီတံတားကြောင့် မိမိနယ်ရမယ့်အကျိုးကျေးဇူးနဲ့ ဒီတံတားကနေ ရန်သူ့တပ်ကလာပြီး မိမိရွာကိုသတ် မီးရှို့တဲ့ဆိုးကျိုးကို ချင့်ချိန်ကြပါ။ ဒါက ပထမလာချိန်ရမှာပါ။ ပြီးလို့ တောထဲကို ဝင်မွှေရင်လဲ ရန်သူကို ဘယ်လိုထောင်ချောက်လုပ်ထားမလဲ ဥပမာ တောဝက်ကိုထောင်သလိုမျိုး ဘယ်လိုထောင်ဖမ်းသတ်မလဲ စဉ်းစားပြင်ဆင်ထားရပါမယ်။ ဗီယက်ကောင်းတွေဟာ သူတို့ထက်လက်နက်သာတဲ့ အမေရိကန်တပ်ကို တောထဲမှာ အစိမ်းခြွေခြွေခဲ့တာပါ။ ရင်ဆိုင်တိုက်ပွဲက မလွှဲမရှောင်သာအချိန်နဲ့ မိမိက ကြိုတင်ပြင်ပြီး ခြုံခိုတိုက်ချိန်သာတိုက်ပါ။ အခြားအချိန်ရှောင်ပါ။ ရန်သူနဲ့ အကြာကြီး ရင်ဆိုင်မတိုက်ပါနဲ့။ အလစ်အငိုက်သာတိုက်ပါ။ဘာလို့လဲဆိုတော့ သူတို့ကလက်နက်ကြီးပစ်ကူတောင်းနိုင်လို့ပါ။ ဝေးတဲ့နေရာကိုတော့ လက်နက်ကြီးပစ်ကူ ခက်မှာပါ။ ရန်သူဟာ စစ်စည်းကမ်းလိုက်နာသူမဟုတ်ပါ။ အရပ်သားကားတွေကိုလဲ သုံးပါတယ်။ လိုအပ်ရင် မညှာပါနဲ့။

ရေးစရာတွေ အများကြီးရှိပေမယ့် ဒီလောက်ပါဘဲ။ ရေရှည်တိုက်နိုင်အောင်ပြင်ထားပါ။ မိမိတို့မှာစိတ်ဓာတ်ရှိပြီး ရန်သူအကျများရင် ရန်သူက သွေးရူးသွေးတန်းဖြစ်လာမှာပါ။ ရန်သူ့လက်နက်ဟာ မိမိလက်နက်ဖြစ်နိုင်အောင် ကြိုးစားပါ။ NUG အနေနဲ့လဲ အဆိုပါဒေသတွေကို စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့နဲ့အနီးကပ်ပံ့ပိုးပေးပါ။ ပြည်သူညီရင်အောင်မှာပါ။ လွတ်မြောက်နယ်မြေဆိုတာ လွတ်မြောက်အောင်တိုက်လိုသူတွေအတွက်ပါ။ စစ်ဆိုတာ ပန်းခင်းတဲ့လမ်းမဟုတ်ပါ။ ဒုတိယကမ္ဘာစစ်မှာ ပြင်သစ်၊ရုရှားနဲ့အင်္ဂလန်က စစ်ဖြစ်တဲ့ကြားက မိမိလူမျိုးတွေသေတဲ့ကြားက နာဇီကို ပြန်ခံတိုက်ခဲ့လို့ ယခုသူတို့လွတ်လပ်နေကြတာပါ။ ယခုမိမိဘဝတွေ အိမ်တွေပေူဆပ်ရနိုင်ပေမယ့် နောက်မျိုးဆက်တွေအတွက်ကောင်းမှာပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page