top of page
Search

ထိုင်းနဲ့ မြန်မာ ဘာလို့မတူလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 7, 2021
  • 1 min read

မအလဟာ သူအာဏာသိမ်းချိန်မှာ အတုယူတာက ထိုင်းကိုပါ။ သူတွက်ထားတာက ထိုင်းလိုအာဏာသိမ်းမယ် လူတွေက ကြာရင်အေးဆေးဖြစ်သွားမယ်ပေါ့။ ဒါဆို နိုင်ငံအားလုံးက သူ့ကိုအသိအမှတ်ပြုမယ်။ ပြီးရင် ရွေးကောက်ပွဲလုပ်မယ်။ NLD မပါတဲ့ ရွေးကောက်ပွဲမှာ PR စနစ်နဲ့ သူနိုင်ပြီး မအလက သမ္မတလုပ်မယ်ပေါ့။ ဒါက သူ့ရဲ့ အရူးအိပ်မက်ပါ။

ပထမဆုံး ထိုင်းမှာက ရှပ်နီ ရှပ်ဝါမှာ ဘုရင်နောက်က ကြိုက်သူများကလဲ ရှပ်ဝါမှာ ရှိပါတယ်။ မြန်မာပြည်မှာက သူ့ကိုကြိုက်သူဟာ အရူးအချို့လောက်သာ ရှိတာပါ။ ဒါ့အပြင် မြန်မာပြည်မှာ DASSK ရဲ့လူကြိုက်များမှု အရှိန်အဝါဟာ သပ်ဆင်ထက် အဆ ထောင်ပေါင်းများစွာ သာခဲ့ပါတယ်။

ထိုင်းကတပ်ဟာ အာဏာသိမ်းပေမယ့် မအလတပ်လောက် လူမုန်းမခံရသလို မအလလို ICJ နဲ့ ICC မှာတရားစွဲခံနေရတာ မရှိခဲ့ပါ။

မအလကို ပြည်သူတွေမုန်းတာဟာ ထိုင်းက ပရာရွတ်ကိုမုန်းတာထက် အဆ ထောင်သောင်းပိုပါတယ်။ဒါ့ကြောင့်လဲ သူ့ကိုပြည်သူရဲ့ ခုခံမှုက တအားပြင်းနေတာပါ။ နောက် မြန်မာပြည်မှာက တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ ရှိနေလို့ တိုက်ပွဲဟာ အချိန်မရွေးဖြစ်နိုင်ပါတယ်။ လက်နက်ထောက်ပံ့သူသာရှိရင် ဘယ်လိုမှ လက်ရှိဆန္ဒပြပွဲနဲ့ပေါင်းရင် ထိန်းမရပါ။

နောက်ထိုင်းစီးပွါးရေးဟာ မြန်မာပြည်ထက်ပိိုကောင်းသလို ထိုင်းဟာ အမေရိကန်နဲ့ သဘောတူစာချုပ်ချုပ်ထားလို့ ဖိအားက ဒီလောက်မရှိပါ။

ဒါတင်ပဲလားဆ်ိုတော့ မဟုတ်သေးပါ။ မအလ သားသမီးတွေဟာ အဖေ့ရာထူးနဲ့ တိုင်းပြည်ပိုက်ဆံကိုအာဏာမသိမ်းခင်ကထဲက ခိုးထားလို့ လူသိများပြီး လူမုန်းများခဲ့ပါတယ်။ ပရာရွတ် သားသမီးတွေကမအလလို မခိုးခဲ့ပါ။

ပြည်ပမှာလဲ သံတမန်တွေဟာ CDM တွေ လုပ်လာနေပြီး ပြည်တွင်းမှာလဲ အလုံးအရင်းနဲ့ လုပ်လာနေပါတယ်။ ထိုင်းမှာကတော့ အဲ့ဒီလိုလုပ်တာ မရှိခဲ့ပါ။ ထိုင်းအာဏာသိမ်းချိန်က ကုလက ကိုယ်စားလှယ်ကဘက်ပြောင်းတာမရှိဘဲ မြန်မာပြည်မှာတော့ ဘက်ပြောင်းခဲ့ပါတယ်။

ဒါ့ကြောင့် အခြေခံအချက်တွေက ထိုင်းနဲ့ မြန်မာမှာ အများကြီးကွာနေပါတယ်။

အကျဉ်းချုပ်ရရင် မအလအနေနဲ့ အာဏာသိမ်းတာဟာ ထိုင်းလိုလွယ်မယ်ထင်ခဲ့ပေမယ့် မလွယ်တာတွေ့နေရပါပြီ။ သူထင်သလို မအောင်မြင်ဘဲ ပြည်သူရဲ့ တုန့်ပြန်မှုကို ခံနေရပါပြီ။ ဒီအတိုင်းကတော့စစ်တပ်က သူ့ကိုပြန်ထိုးကျွေးမှသာ ထွက်ပေါက်ရမှာပါ။ မဟုတ်ရင်တော့ failed state ဖြစ်ပြီးတိုင်းပြည်ပျက်သွားမှာပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page