top of page
Search
  • Writer's pictureMyat Tun Oo

ထောက်လှမ်းရေးညံ့တာဧည့်စာရင်းနဲ့ဆိုင်လား


ေထာက္လွမ္းေရးညံ့တာဧည့္စာရင္းနဲ႔ဆိုင္လား

စာေရးသူအေနနဲ႔ဒီကိစၥကိုဝင္မပါလိုေပမယ့္ပညာရွင္ဆန္ဆန္ေလးႏိုင္ငံေရးမပါေရးပါ့မယ္။မေန႔ကသတင္းစာရွင္းလင္းပြဲမွာဗိ္ုလ္ခ်ဳပ္ထြန္းထြန္းညီကသူတို႔သတင္းႀကိဳရတယ္လို႔လဲေျပာပါတယ္။ဒါေပမယ့္ဒီလိုျဖစ္တာဟာဧည့္စာရင္းဥပေဒကိုဖ်က္လို႔ပါဆိုၿပီးေျပာျပန္ပါတယ္။ဘယ္သူပုန္ကမွလက္နက္ေတြသယ္လာၿပီးဧည့္စာရင္းမတိုင္ပါ။ဒါကလူပိန္းစကားနဲ႔မိမိအျပစ္ကိုလႊတ္ေတာ္နဲ႔ဒီမိုအစိုးရကိုအျပစ္တင္တဲ့သေဘာပါ။

ပံုမွန္အားျဖင့္ေထာက္လွမ္းေရးမွာအဆင့္ငါးဆင့္ရွိပါတယ္။ပထမအဆင့္ကplanning, direction needs and requirements ပါ။မိမိအတြက္ဘယ္သူကအဓိကရန္သူလဲအေပၚမွာအေျခခံၿပီးေတာ့ရန္သူလို႔သတ္မွတ္တဲ့အေပၚမွာမူတည္ၿပီးသတင္းစုေဆာင္းမႈကြာသြားတာပါ။အေမရိကန္ဟာ၉/၁၁အၿပီးမွာ႐ုရွားကိုအဓိကေထာက္လွမ္းရာကေနဘင္လာဒင္ကိုပထမဦးစားေပးေျပာင္းခဲ့ရပါတယ္။အဲ့ဒီအေပၚမွာမူတည္ၿပီးမာမူဘာသာဝင္ေတြ၊အာရပ္စကားေျပာႏိုင္သူေတြကိုစုေဆာင္းခဲ့ရပါတယ္။

ေနာက္အဆင့္ကcollection လို႔ေခၚတဲ့သတင္းကိုရယူမႈပါ။သတင္းယူပံုပါ။လူစပိုင္အေနနဲ႔ယူတာ၊အသံဖမ္းတာ၊ေစာင့္ၾကည့္တာ၊ဖုန္းၾကားျဖတ္နားေထာင္တာစံုလို႔ပါ။တတိယအဆင့္ကေတာ့processing exploitation လို႔ေခၚတဲ့ရလတဲ့သတင္းေတြကိုဘာသာျပန္တာတို႔စကားဝွက္ကိုေဖာ္တာတို႔ပါ။ဥပမာMNDA ကတ႐ုတ္လိုေျပာတာကိုဘာသာျပန္ရမွာျဖစ္ၿပီးသူကေနာင္ခ်ိဳကိုခ်ိဳေနာင္လို႔ေျပာထားရင္လဲေနာင္ခ်ိဳမွန္းသိေအာင္စကားဝွက္ေဖာ္ရတာပါ။ တပ္ထဲမွာတိုင္းရင္းသားစကား၊တ႐ုတ္စကားေျပာသူေတြ၊ဘဂၤါလီစကားေျပာသူေတြလိုေနပါတယ္။

စတုတၳအဆင့္ကanalysis ပါ။ဒါကေတာ့မိမိရလာတဲ့သတင္းဟာမွန္မမွန္ျဖစ္ႏိုင္ေျခရွိမရွိကိုဆန္းစစ္တာပါ။ေနာက္ဆံုးအဆင့္ကေတာ့dissemination ရလာတဲ့သတင္းကိုျပန္ျဖန္႔တာျဖစ္ပါတယ္။ျပန္ၿပီးေတာ့ေအာက္ေျခကရဲေတြတပ္ေတြကိုႀကိဳတင္ျပင္ဆင္ဖို႔ေပါ့။တကယ္သတင္းရတယ္ဆိုရင္ေနာင္ခ်ိဳကေနထိုင္ေစာင့္တိုက္တာ၊ျပင္ဦးလြင္မွာရန္သူကိုကိုင္လိုက္တာမ်ိဳးေပါ့။

ျပန္ေလ့လာရင္ဘယ္ႏိုင္ငံမွာမဧည့္စာရင္းကိုမသံုးပါ။ဒီမိုႏိုင္ငံေတြမွာပိုမသံုးပါ။ျပႆနာကပထမအဆင့္ျဖစ္တဲ့ဘယ္သူကငါတို႔ရဲ႕အဓိကရန္သူလဲဆိုၿပီးသတ္မွတ္ရာကျဖစ္လာတဲ့planning, direction needs and requirements ေနရာကစမွားခဲ့တာပါ။စရဖနဲ႔တပ္ဟာNLD ကိုရန္သူလို႔သေဘာထားလို႔အမတ္ေတြေနာက္၊ဒီမိုေတြေနာက္၊ေက်ာင္းသားေတြေနာက္သာလိုက္ဖို႔စီမံခ်က္(planning) စြဲခဲ့ၿပီးအဲ့ဒီအေပၚကေနမွလမ္းၫႊန္မႈ(direction needs and requirements) ေတြလာခဲ့ပါတယ္။မိမိတို႔ရဲ႕တက္လာတဲ့အစိုးရကိုကာကြယ္ဖို႔မူအေပၚမူမတည္တာေတြ႕ရပါတယ္။

ဥပမာေဒါင္းမ်ိဳးဆက္သံခ်ပ္ေနာက္လိုက္သလိုမနီလာသိန္းအိမ္ကိုခ်က္ခ်င္းသူပုန္ဖမ္းသလိုဖမ္းခဲ့ပါတယ္။သကၠဖြတ္ညိဳကိုလဲေနာက္ေယာင္ခံဥပေဒရွိေသာ္လဲမလိုက္နာဘဲသူ႔ကိုမဖမ္းခင္ေနာက္ေယာက္ခံလိုက္ခဲ့ပါတယ္။

ဒါေပမယ့္ေအာင္ဝင္းခိုင္ေနာက္ကိုလိုက္မေနခဲ့သလို၊ဝီဝီ့ေနာက္ကိုလဲအစိုးရကမဖမ္းခင္ႀကိဳၿပီးေနာက္ေယာင္ခံမလိုက္ခဲ့ပါ။ဟိုမိုက္ကယ္ေက်ာ္ျမင့္ဆိုလဲသူလိုက္တာကေတာင္ျဖစ္ၿပီးထြက္ေျပးတာကေျမာက္ျဖစ္ေနခဲ့ပါတယ္။

အရာရာေအာင္ျမင္ဖို႔ဟာကမိမိအမွားကိုအရင္ဝန္ခံမွျပန္လည္သံုးသပ္လို႔ရပါတယ္။တပ္မွာတိုက္ပြဲၿပီးျပန္လည္သံုးသပ္ရာမွာ(Action after review) လုပ္ရာမွာအမွားကိုအမွန္ထင္မိမိအပစ္ကိုသူမ်ားကိုပံုခ်ေနရင္အလုပ္မျဖစ္ပါ။

အေရးႀကီးတာကဘာႏိုင္ငံေရးမွမလုပ္ဘဲတက္လာတဲ့အစိုးရေအာက္ကေနေထာက္လွမ္းေရးလုပ္ဖို႔ပါ။အားလံုးမိမိအမွားကိုျပန္လည္သံုးသပ္ႏိုင္ပါေစ။လူအခ်င္းခ်င္းလွည့္ပတ္ျခင္းကင္းရွင္းၾကပါေစ။

Unicode version

ထောက်လှမ်းရေးညံ့တာဧည့်စာရင်းနဲ့ဆိုင်လား

စာရေးသူအနေနဲ့ဒီကိစ္စကိုဝင်မပါလိုပေမယ့်ပညာရှင်ဆန်ဆန်လေးနိုင်ငံရေးမပါရေးပါ့မယ်။မနေ့ကသတင်းစာရှင်းလင်းပွဲမှာဗိ်ုလ်ချုပ်ထွန်းထွန်းညီကသူတို့သတင်းကြိုရတယ်လို့လဲပြောပါတယ်။ဒါပေမယ့်ဒီလိုဖြစ်တာဟာဧည့်စာရင်းဥပဒေကိုဖျက်လို့ပါဆိုပြီးပြောပြန်ပါတယ်။ဘယ်သူပုန်ကမှလက်နက်တွေသယ်လာပြီးဧည့်စာရင်းမတိုင်ပါ။ဒါကလူပိန်းစကားနဲ့မိမိအပြစ်ကိုလွှတ်တော်နဲ့ဒီမိုအစိုးရကိုအပြစ်တင်တဲ့သဘောပါ။

ပုံမှန်အားဖြင့်ထောက်လှမ်းရေးမှာအဆင့်ငါးဆင့်ရှိပါတယ်။ပထမအဆင့်ကplanning, direction needs and requirements ပါ။မိမိအတွက်ဘယ်သူကအဓိကရန်သူလဲအပေါ်မှာအခြေခံပြီးတော့ရန်သူလို့သတ်မှတ်တဲ့အပေါ်မှာမူတည်ပြီးသတင်းစုဆောင်းမှုကွာသွားတာပါ။အမေရိကန်ဟာ၉/၁၁အပြီးမှာရုရှားကိုအဓိကထောက်လှမ်းရာကနေဘင်လာဒင်ကိုပထမဦးစားပေးပြောင်းခဲ့ရပါတယ်။အဲ့ဒီအပေါ်မှာမူတည်ပြီးမာမူဘာသာဝင်တွေ၊အာရပ်စကားပြောနိုင်သူတွေကိုစုဆောင်းခဲ့ရပါတယ်။

နောက်အဆင့်ကcollection လို့ခေါ်တဲ့သတင်းကိုရယူမှုပါ။သတင်းယူပုံပါ။လူစပိုင်အနေနဲ့ယူတာ၊အသံဖမ်းတာ၊စောင့်ကြည့်တာ၊ဖုန်းကြားဖြတ်နားထောင်တာစုံလို့ပါ။တတိယအဆင့်ကတော့processing exploitation လို့ခေါ်တဲ့ရလတဲ့သတင်းတွေကိုဘာသာပြန်တာတို့စကားဝှက်ကိုဖော်တာတို့ပါ။ဥပမာMNDA ကတရုတ်လိုပြောတာကိုဘာသာပြန်ရမှာဖြစ်ပြီးသူကနောင်ချိုကိုချိုနောင်လို့ပြောထားရင်လဲနောင်ချိုမှန်းသိအောင်စကားဝှက်ဖော်ရတာပါ။ တပ်ထဲမှာတိုင်းရင်းသားစကား၊တရုတ်စကားပြောသူတွေ၊ဘင်္ဂါလီစကားပြောသူတွေလိုနေပါတယ်။

စတုတ္ထအဆင့်ကanalysis ပါ။ဒါကတော့မိမိရလာတဲ့သတင်းဟာမှန်မမှန်ဖြစ်နိုင်ခြေရှိမရှိကိုဆန်းစစ်တာပါ။နောက်ဆုံးအဆင့်ကတော့dissemination ရလာတဲ့သတင်းကိုပြန်ဖြန့်တာဖြစ်ပါတယ်။ပြန်ပြီးတော့အောက်ခြေကရဲတွေတပ်တွေကိုကြိုတင်ပြင်ဆင်ဖို့ပေါ့။တကယ်သတင်းရတယ်ဆိုရင်နောင်ချိုကနေထိုင်စောင့်တိုက်တာ၊ပြင်ဦးလွင်မှာရန်သူကိုကိုင်လိုက်တာမျိုးပေါ့။

ပြန်လေ့လာရင်ဘယ်နိုင်ငံမှာမဧည့်စာရင်းကိုမသုံးပါ။ဒီမိုနိုင်ငံတွေမှာပိုမသုံးပါ။ပြဿနာကပထမအဆင့်ဖြစ်တဲ့ဘယ်သူကငါတို့ရဲ့အဓိကရန်သူလဲဆိုပြီးသတ်မှတ်ရာကဖြစ်လာတဲ့planning, direction needs and requirements နေရာကစမှားခဲ့တာပါ။စရဖနဲ့တပ်ဟာNLD ကိုရန်သူလို့သဘောထားလို့အမတ်တွေနောက်၊ဒီမိုတွေနောက်၊ကျောင်းသားတွေနောက်သာလိုက်ဖို့စီမံချက်(planning) စွဲခဲ့ပြီးအဲ့ဒီအပေါ်ကနေမှလမ်းညွှန်မှု(direction needs and requirements) တွေလာခဲ့ပါတယ်။မိမိတို့ရဲ့တက်လာတဲ့အစိုးရကိုကာကွယ်ဖို့မူအပေါ်မူမတည်တာတွေ့ရပါတယ်။

ဥပမာဒေါင်းမျိုးဆက်သံချပ်နောက်လိုက်သလိုမနီလာသိန်းအိမ်ကိုချက်ချင်းသူပုန်ဖမ်းသလိုဖမ်းခဲ့ပါတယ်။သက္ကဖွတ်ညိုကိုလဲနောက်ယောင်ခံဥပဒေရှိသော်လဲမလိုက်နာဘဲသူ့ကိုမဖမ်းခင်နောက်ယောက်ခံလိုက်ခဲ့ပါတယ်။

ဒါပေမယ့်အောင်ဝင်းခိုင်နောက်ကိုလိုက်မနေခဲ့သလို၊ဝီဝီ့နောက်ကိုလဲအစိုးရကမဖမ်းခင်ကြိုပြီးနောက်ယောင်ခံမလိုက်ခဲ့ပါ။ဟိုမိုက်ကယ်ကျော်မြင့်ဆိုလဲသူလိုက်တာကတောင်ဖြစ်ပြီးထွက်ပြေးတာကမြောက်ဖြစ်နေခဲ့ပါတယ်။

အရာရာအောင်မြင်ဖို့ဟာကမိမိအမှားကိုအရင်ဝန်ခံမှပြန်လည်သုံးသပ်လို့ရပါတယ်။တပ်မှာတိုက်ပွဲပြီးပြန်လည်သုံးသပ်ရာမှာ(Action after review) လုပ်ရာမှာအမှားကိုအမှန်ထင်မိမိအပစ်ကိုသူများကိုပုံချနေရင်အလုပ်မဖြစ်ပါ။

အရေးကြီးတာကဘာနိုင်ငံရေးမှမလုပ်ဘဲတက်လာတဲ့အစိုးရအောက်ကနေထောက်လှမ်းရေးလုပ်ဖို့ပါ။အားလုံးမိမိအမှားကိုပြန်လည်သုံးသပ်နိုင်ပါစေ။လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။

297 views0 comments

Comments


bottom of page