top of page
Search

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟုခေါ်သည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 18, 2020
  • 1 min read

ree

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟုခေါ်သည်

တရုတ်သမ္မတ မြန်မာပြည်မလာခင် တရုတ်မကောင်းကြောင်း ပြည်သူတွေကို တရုတ်မုန်းအောင်ဖွပြီးအစိုးရအကျပ်အတည်းဖြစ်အောင် ဝိုင်းကျပ်ကြတယ်။

စိတ်ဝင်စားစရာကောင်းတာက ကချင်ပြည်နယ်မှာ တရုတ်ကို စစ်တပ်က ပစ္စည်းကိရိယာသယ်ခွင့်ပြုပြီး ကေအိုင်အေနယ်ထဲမှာ ရွှေထုတ်ပြီး တောပြုန်းအောင်လုပ်ချိန်မှာ ဘယ်NGO ဘယ်ဒေသခံအဖွဲ့မှ မအော်ရဲပေမယ့် တရုတ်သမ္မတအလာမှာတော့ အော်ချင် ဆန္ဒပြချင်သူတွေများတာပါ။ ဒါကလဲ ဒီမိုကရေစီဆိုတော့ မတူကွဲပြားမှုတော့ ရှိမှာပါ။

ယခု တရုတ်သမ္မတနဲ့ DASSK အစိုးရတွေ့တယ်။ DASSK က ငြိမ်းချမ်းရေးအတွက်ကူဖို့တိုင်းရင်းသားတွေကို ကြားခံမထားဖို့ ဒဲ့ပြောလိုက်တယ်။ ဒါမျိုးကို အမျိုးသားရေး နေဝင်းတစ်သက်၊ဘရွှေတစ်သက်၊ သိန်းစိန်တစ်သက်၊ တပ်ချုပ်မအလလက်ထက် တွေ့ဆုံချိန်တွေမှာ မျက်နှာချင်းဆိုင်တရုတ်သမ္မကို မပြောရဲခဲ့ဘူး။ သူမကတော့ ဒဲ့ပြောရဲပြီး ဒဲ့ပြောခဲ့ပါတယ်။ ဒါက နေဝင်း၊ သန်းရွှေ၊ သိန်းစိန်၊ မအလတို့နဲ့ ပညာကွာသလို နှလုံးရည်သတ္တိကွာတာလဲ ဖြစ်နိုင်ပါတယ်။ ဒါကပထမအချက်။

ဒုတိယအချက်က စာချုပ်မှာ မြန်မာဘက်ကို ကူညီဖို့အများစုထိုးသွားတယ်။ ဆန်၊ ကျွဲ၊ နွား၊ လယ်ယာထွက်ကုန် အဘတို့လက်ထက်ကလို ၁၉၈၈ ကနေ ယခုအထိ ခိုးပို့ရာကနေ အတန်အသင့် လွတ်လာပါမယ်။

တတိယအချက်က အားလုံးမုန်းတယ့် အမျိုးသားရေးသမားတွေအတွက်။ ICJ က ၂၃ ရက်နေ့မှာ အမိန့်ချမယ်။ ICJ က အမိန့်ချရခက်အောက် ကုလညီလာခံက မြန်မာကို အပြစ်ရှိသလို ကြိုတင်ပြီး ရှုတ်ချပြီးသား။ ဒါကြောင့် မြန်မာကို ဂမ်ဘီယာပြောတဲ့အတိုင်း အမိန့်ချနိုင်တယ်။ အဲ့ဒီလိုအမိန့်ချတာကိုစာရေးသူတို့တိုင်းပြည်က အကုန်လိုက်လုပ်ဖို့မရှိဘူး။ မလုပ်ရင် ကုလ လုံခြုံရေးကောင်စီရောက်မယ်။အဲ့ဒီမှာ တရုတ်က ဗီတိုရှိမယ်။ မြန်မာနဲ့တရုတ် ရန်ဖြစ်ခဲ့ရင် အနောက်တိုင်းပြောသလို အလုံးစုံ လိုက်လုပ်ရမယ်။ ဒါကြောင့် သူတို့ရဲ့ မီဒီယာကနေ ပြည်သူကိုသွေးထိုးပြီး အစိုးရကို ဖိအားပေးတယ်။ ယခုတော့ အားလုံးပြီးသွားလို့ ICJ က ဘာအမိန့်ချချ ကုလလုံခြုံရေးကောင်စီမှာ အေးဆေးဘဲ။

အားလုံးကိုခြုံကြည့်ရင် ယခုလို တရုတ်သမ္မတကို မိမိလိုအပ်တာ ပြောနိုင်ဆိုနိုင်တာ မိမိတိုင်းပြည်အဆင်ပြေအောင် စာချုပ်ချုပ်နိုင်တာ ICJ ဘာအမိန့်ချချ နောက်ဆုံးခံစစ်အတွက် အမြော်အမြင်နဲ့ ကြိုပြင်နိုင်တာဟာ DASSK ဦးဆောင်တဲ့ NLD အစိုးရကြောင့်ပါ။ နေဝင်း၊ သန်းရွှေ၊ ဘစိန်၊ မအလတို့နဲ့ကွာတာက ပညာဉာဏ်နဲ့ နှလုံးရည်ပါ။ ခေါင်းရှိတာလို့ပြောရင်လဲရပါတယ်။

ဒါကြောင့် သူမကို ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်တာပါ။

Photo credit: Myanmar President Office

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page