top of page
Search

ထရမ့်မှပေးလာသော NUG အတွက် မကောင်းသည့်ကြားမှ အခွင့်အရေးများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 29
  • 2 min read

ree

ထရမ့်တက်လာချိန်မှာ ပြောကြတာက ထရမ့်က ဒုက္ခသည်တွေ လက်မခံတော့ဘူး၊ မြန်မာကို အကူအညီမပေးတော့ဘူး၊ မြန်မာ့အရေးစိတ်မဝင်စားတော့ဘူးဆိုတာတွေပါ။ ဒါတွေက အမှန်တွေလား? တကယ် စိုးရိမ်စရာကောင်းလား?

ပထမ ဒုက္ခသည်ကိစ္စပါ။

ထရမ့်က ဒုက္ခသည်ပြန်လည်နေရာချထားရေးကို နိုင်ငံတိုင်းအတွက် သုံးလပိတ်လိုက်ပါတယ်။ ဒီနေရာမှာ NLD အမတ်တွေ၊ နာမည်ကြီးအချို့တွေ ထိုင်းမှာ ပိတ်မိသွားနိုင်ပါတယ်။ ဒါပေမယ့် အချို့က NLD အမတ်တွေ၊ ဝန်ကြီးတွေကို တတိယနိုင်ငံသွားလို့ ဝေဖန်ကြတဲ့ တပ်ကမိုးညိုလို ခွေးတွေလဲရှိပါတယ်။ ဟို US ရောက်တဲ့ ဒုက္ခသည်ယောင်ဆောင်နေတဲ့ အခြောက်ဆိုရင် ဘာများ တိုင်းပြည်အတွက် လုပ်နေပါသလဲ? မအလသူလျှိုအနေနဲ့တောင် စရဖနဲ့ ပေါင်းလုပ်နေတာပါ (ဤအကြောင်းနောက်မှ အသေးစိတ်ထပ်ရေးပါ့မယ်)။

NUG သမ္မတက အားလုံးပြန်လာဖို့ ဖိတ်ခေါ်နေချိန် ထရမ့်က ဒုက္ခသည်အသစ် ထပ်ခေါ်တာကို သုံးလဆိုင်းငံ့လိုက်တာက ရေကန်အသင့် ကြာအသင့် ဘုရင့်နောင် ဖောင်ဖျက်လိုက်သလိုပါ။

ဒုတိယက အကူအညီပေးမှု လျှော့ချတာပါ။

ဘိုင်ဒင်လက်ထက်က အကူအညီက သတင်းဌာနများ၊ Fortify Right လိုအဖွဲ့များ၊ ရိုဒုက္ခသည်စခန်းများ၊ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အချို့ကို UNAIDS က တဆင့် ကူညီတာများပါတယ်။ တော်လှန်ရေးအတွက် USAIDS ရဲ့ ၁၀% တောင် ထောက်ပံ့တာမရှိပါ။ PDF အတွက် အမေရိကန်က ထောက်ပံ့တာက 0% ပါ။ သူက မထောက်ပံ့ဘူးတရားဝင်ပြောလို့ NUG ကိုဝေဖန်သူတွေအနေနဲ့ ပါးစပ်ပိုပိတ်သွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့လဲ ငါတို့အစိုးရ ငါတို့လှူပြီး တွန်းရမည်ဆိုတဲ့ ကိုယ့်အားကိုယ်ကိုရစိတ် ပိုဝင်လာမှာပါ။ ဘိုင်ဒင်က မမဆောင်းလုပ်နေလို့ NUG က နာမည်ကြီး ထမင်းငတ်ဖြစ်နေတာပါ။ Elon Musk ဖြတ်မယ့် DEI (Diversity, Equity & Inclusion) ပညာတော်သင် ၄၅ သန်းက NGO/CSO အလုပ်နဲ့ ပညာတော်သင် သမားတွေပါ။ ထိုသူအများစုက တော်လှန်ရေးမှာ ဘာမှမကူဘဲ NUG ကိုဝေဖန်သူများပါတယ်။

ယခု CSO တွေက ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ထရမ့်ကြောင့် ချက်ချင်းရပ်တယ်ဆိုပြီး ကြေငြာတာကြားလို့ အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်။ IRC ဆိုတဲ့အဖွဲ့က အောက်ဆီဂျင်လူနာတောင် ဖြုတ်ပြီးဆင်းခိုင်းတာက ရက်စက်ပါတယ်။ အမေရိကန်ကရပ်လို့ဆိုရင် ဥရောပက ဘာလုပ်နေပါသလဲ? မကူတော့ဘူးလား? ဒါပေမယ့် ဒီတိုင်းရင်းသားဒုက္ခသည်တွေအတွက် သူတို့အဖွဲ့ KNU ရော၊ ဗမာတွေအတွက် NUG ရောက ငါတို့တိုင်းပြည် ငါတို့ပြန်ရဖို့အတွက် ဝိုင်းကြိုးစားရမယ်ဆိုပြီး မကောင်းတဲ့ကြားက တွန်းအားဖြစ်သွားမှာပါ။ KNU လဲ မိမိလူမျိုးအတွက် မြဝတီလိုမျိုးကို တိုက်ယူမလား ဘာလုပ်မလဲ စဉ်းစားရမှာပါ။ ထိုင်း-မြန်မာနယ်စပ်က USAIDS ရဲ့ ၁၀% လောက်ရတဲ့ CSO တွေက အသံထွက်ပြီး USAIDS ရဲ့ အကူအညီအများစုရဲ့ ရိုစခန်းတွေက အသံမထွက်လို့ ထရမ့်က ရိုဟင်ဂျာဒုက္ခသည်စခန်းက အကူအညီမရပ်တာလာ ထရမ့်ကိုမုန်းအောင်လုပ်တာလား မသိပါ။ IRC က ရိုစခန်းကို မထောက်ပံ့ဘူးလား? ထရမ့်ဟာ သူ့တိုင်းပြည်ထဲမှာလဲ federal grant လို့ခေါ်တဲ့ ပြည်ထောင်စုအကူအညီကို ရပ်ထားပါတယ်။ သူ့တိုင်းပြည် သူ့လူမျိုးကိုကူညီတာတောငိရပ်လို့ အားလုံးကိုရပ်မှာပါ။

နောက်ဆုံးဝေဖန်ချက်က ထရမ့်ကမြန်မာ့အရေး စိတ်မဝင်စားဘူးဆိုတာပါ။ သူတက်နေလို့ ၂၀၁၆-၂၀၂၀ ရိုအရေးမှာ မြန်မာပြည်ကို ဖိအားအကြီးကြီး မလာခဲ့တာ မမေ့ပါနဲ့။ ထိုအချိန်က သူ့ဒုသမ္မတ မိုက်ပက့်စ်(Mike Pence) က DASSK ကို ပြောပေမယ့် ဝတ်ကျေတမ်းကျေပါ။ ထရမ့် နိုင်ငံခြားရေးဝန်ကြီးအသစ် မာကိုရူဘီရို(Marco Rubio) က မြန်မာပြည်အကြောင်းသိပြီး ယခင်ဒီမိုကရတ်ထက် မလျော့တဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတော့ရှိမှာပါ။ တရုတ်ကို ဘယ်လောက် ဖိအားပေးလိုတဲ့အပေါ်မူတည်ပြီး NUG နဲ့ စကားပြောမှု၊ ထောက်ပံ့မှုက လာနိုင်ပါတယ်။ ယခုထက်ပိုဆိုးဖို့တော့ မရှိပါ။ မထောက်ပံ့လဲ NUG အနေနဲ့ လက်တွေ့ကျကျ တရုတ်နဲ့ အပေးအယူလုပ်သွားရမှာပါ။ ယခုက အမေရိကန်က သတင်းသမားတွေ/ NGO/CSO တွေကိုထောက်ပံ့ သတင်းကနေ တရုတ်ဆန့်ကျင်၊ တရုတ်က အချိုးမပြေနဲ့ NUG ကို လှုပ်မရအောင် လုပ်ထားသလိုလဲဖြစ်နေပါတယ်။

အကျဉ်းချုပ်ရလျင် ထရမ့်တက်တာက မြန်မာ့တော်လှန်ရေးအတွက် ပိုမကောင်းရင်တောင် ပိုဆိုးသွားဖို့မရှိပါ။ အချို့ကိစ္စတွေမှာ တွေဝေနေသူများတောင် ငါတို့ဖာသာ ရှေ့ဆက်သွားရမယ်ဆိုပြီး ဆုံးဖြတ်ချက်ကို ပိုခိုင်သွားစေမှာပါ။ ထရမ့်က လက်တွေ့သမားဖြစ်လို့ အချို့ကိစ္စတွေမှာ NUG ကို ချည်နှောင်ထားတဲ့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ နှောင်ကြိုးတွေ မရှိနိုင်တော့ပါ။ ပြည်သူအားလုံးက ဒီတော်လှန်ရေးမှာ အနောက်မမျှော်၊ အမေရိကန်မမျှော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မမျှော်ဘဲ ငါတို့အာဏာ ငါတို့ပြန်ပေးဆိုပြီး ညီညီညာညာနဲ့ NUG အောက်က တိုက်ကြရင် ၂၀၂၅ မှာ ပြည်သူတွေ လွတ်မြောက်မှာပါ။ ဟိုမျှော် ဒီမျှော်နဲ့ မမဆောင်းလုပ်နေကြရင် ကြာမှာပါ။ KNU လဲ ကျားဖြန့်ကိစ္စ လာမှာမိုလို့ မြဝတီကအစ မြို့တွေကို မိမိလူမျိုးအတွက် တိုက်ပြီးကျားဖြန့်နှိမ်နင်းရေးမှာ ပါမလား ဆုံးဖြတ်ရမှာပါ။

ထရမ့်ကိစ္စက NUG ကိုပြောင်းလဲဖို့ပြောသူ‌ရော အလကားအာခြောင်သူအဖွဲ့တွေရော ပါးစပ်ပိတ်စေပြီး NUG လဲ မိမိငွေကို အညာဒေသမှာအာရုံစိုက်ဖို့ တွန်းအားပေးသလိုဖြစ်သွားမှာပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page