top of page
Search

ထရမ့်ကို အားကျနေလားအဘ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 9, 2021
  • 1 min read

ဒီနေရာမှာ အချို့သော ဖွတ်များက သူတို့ကို ထောက်ခံသူများက လွှတ်တော်ကို ဝင်စီးမရောင် ရေးလေ့ပြောလေ့ရှိတာကို တွေ့ရ ဖတ်ရပါတယ်။ သူတို့ကိုယ်သူတို့ ထရမ့်နဲ့ နှိုင်းပြီး ပြောလေ့ရှိပါတယ်။

ပထမဆုံးပြောလိုတာက ထရမ့်ဟာ ပထမ ရွေးကောက်ပွဲကို တရားဝင်နိုင်ခဲ့ပါသေးတယ်။ သူ့ကို ပြည်သူက မဲပေးခဲ့တာပါ။ ထရမ့်ဟာ သူ့ကိုမဲပေးဖို့ သူ့ပါတီမဲနိုင်ဖို့ တပ်ကို အရွှေ့အပြောင်းမလုပ်ခဲ့ပါ။နောက်ထရမ့်က ယခု ဒုတိယအခေါက် ရွေးကောက်ပွဲမှာ ၄၆.၈% မဲရခဲ့ပြီး ၇၄ သန်းနဲ့ ရှုံးခဲ့တာပါ။ ဘိုင်ဒင်က ၅၁.၄% ရခဲ့ပြီး ၈၁ သန်းပါ။ ၅% လောက်သာ ကွာပြီးရှုံးတာကို အငြင်းပွါးတာပါ။

ယခု NLD က မဲရဲ့ ၈၀% ရခဲ့တာပါ။ ဒါ့ကြောင့် အဘဟာ ထရမ့်ရဲ့ ခြေဖျားတောင် မမှီတာ တွေ့ရမှာပါ။

နောက်လူတွေက ဝင်စီးဖို့ဆိုတာက သူတို့ခေါင်းဆောင်ပြောစကားကြောင့် စိတ်တက်ကြွမှပါ။ ယခု ဖွတ်ပါတီရော၊ တပ်ထဲမှာပါ ဝင်စီးဖို့မပြောနဲ့ တပ်ပြေးတွေတောင် များနေပါတယ်။ ဒါ့ကြောင့် မဖြစ်နိုင်ပါလို့ပြောပါရစေ။

နေပြည်တော်လွှတ်တော်ရဲ့ တည်ဆောက်ပုံက ဝင်စီးလို့မရအောင် လုပ်ထားတာပါ။ တကယ်ဝင်စီးလို့ မပစ်ဖူးဆိုရင် ပြည်သူတွေက အဘတို့အိမ်ကို ဝင်စီးချင်တာပါလို့ ပြောပါရစေ။

အဘအနေနဲ့ ထရမ့်နဲ့တူတာတွေတော့ ရှိပါတယ်။ ဥပမာ Facebook, Twitter နဲ့ Google ကနေ အပိတ်ခံရတာတွေပါ။ နောက်ယခုထရမ့်ကို ခုံရုံးတင်ဖို့လုပ်နေသလို အဘကလဲ နိုင်ငံခြားမှာ တရားစွဲခံရတာတွေက တူနေပါတယ်။

ထရမ့်နဲ့ အဘတို့မတူတာက ထရမ့်က သူဌေးဖြစ်ပြီး သူခိုးမဟုတ်တာပါလို့ ပြောပါရစေ။ ယခုအမေရိကန်လွှတ်တော်ကို ဝင်စီးသူများကို ပုန်ကန်မှုနဲ့ အရေးယူဖို့ပြင်နေပါတယ်။ ဒါ့ကြောင့် လွှတ်တော်ကို ဝင်စီးဖို့ အကြံပေးရင် ခြိမ်းခြောက်ရင် အဖမ်းခံရနိုင်ပါတယ်လို့ ကြိုပြောထားပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 commentaire


Myint Soe Oo
Myint Soe Oo
09 janv. 2021

ဦးမြတ်!! ဆောင်းကုန်ကာနီး နွေဦးဆီသို့ သမယကာလမှာ

အညာမြေမှာ

လက်ပန်တို့သည်

ဖူးငုံဝေသီ ဆင့်ဆင့်စီ။

ဖူးငုံရာမှ ပွင့်

ရဲရဲနီသည့် အဆင့်

အမြင်မှာ တင့်။

ဝန်းကျင်မြင်ကွင်း

အလှအဆင်း

ကြည့်ရှုကြသူ

အားရ ချမ်းမြလေခြင်း။

ဆန့်ကျင်လားရာ

မချမ်းသာစရာ

အရမ်း ဆွဲ၊ ဖြဲ

အန္တရာယ် မဲမဲကို

အရှိတရား၊ သတိထားရမည်

လက်ပံပွင့်ချိန်မို့။


J'aime
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page