top of page
Search

ထန်တလန်မှ ရသောစည်းရုံးမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 2, 2021
  • 1 min read

မအလဖက်ဆစ်တပ်က PDF တွေကိုမနိုင်လို့ရှိရင် ရွာတွေကိုမီးရှို့လေ့ရှိပါတယ်။ မအလစစ်တပ်တိုက်ရည်ခိုက်ရည် မရှိတာဟာ ကိုးကန့်စစ်ပွဲထဲက စသိသင့်နေပါပြီ။ အဲဒီအချိန်မှာ ဆင်ခြေ‌‌ ပေးတာက တရုတ်လက်နက်တွေကြောင့် သူတို့လက်နက်မကောင်းလို့ အကျအဆုံးများတယ်ဆိုတာပါ။ ကိုကန့်က လက်နက်ကောင်းတော့ ထားလိုက်ပါတော့။

နောက် ရိုဟင်ဂျာက ဝင်တိုက်တော့လဲ မနိုင်လိုက်ပါ။ တကယ်ပစ်သူကလွတ်သွားခဲ့ပြီး နောက်မှရွာတွေကို မဲတာပါ။ ဒါနဲ့သူလဲ ICC ရောက်သွားတာပေါ့။ မအလရဲ့ ဆင်ခြေက ရိုဟင်ဂျာတွေ သူတို့အိမ်သူ့တို့မီးရှို့တယ်ပေါ့။ နောက် AA က ဝင်တိုက်တော့လည်း မနိုင်လိုက်ပါ။ မအလက ရွာတွေကိုမီးရှို့ပြီး တုန့်ပြန်ခဲ့ပါတယ်။ မအလရဲ့ ဆင်ခြေက ရခိုင်တွေ သူတို့အိမ်သူ့တို့မီးရှို့တယ်ပေါ့။နောက် ဗမာတွေများတဲ့ စစ်ကိုင်းမှာလဲ စစ်ဖြစ်တိုင်း မအလ တပ်တွေ ရှုံးခဲ့ပါတယ်။ PDF ကို မနိုင်ရင် ဗမာရွာတွေကို မီးရှို့ပြီး တုန့်ပြန်ခဲ့ပါတယ်။ မအလရဲ့ ဆင်ခြေက ကင်းမရွာက ဗမာတွေ သူတို့အိမ်သူ့တို့မီးရှို့တယ်ပေါ့။ ယခုထန်တလန်မှာလဲ တကယ်တိုက်တဲ့ CDF ကို တပ်လိုက်ခံလာခဲ့ရပြီးချင်းပြည်သူ့အိမ်တွေ ဘုရားကျောင်းတွေကို မအလတပ်က မီးရှို့ပြီး တုန့်ပြန်ခဲ့ပါတယ်။ မအလရဲ့ဆင်ခြေက ထန်တလန်က ချင်းတွေ သူတို့အိမ်သူ့တို့မီးရှို့တယ်ပေါ့။ မအလဆင်ခြေကို ချီးစားသူသာ ယုံမှာပါ။

ဒါပေမယ့် မအလရဲ့ ဗြောင်လိမ်ဗြောင်စားအကွက်ကို တိုင်းရင်းသားတွေအားလုံးကသိပြီး စာထုတ်ရှုံ့ချလာကြပါတယ်။ ဆန္ဒပြသူတွေပိုများလာပြီး တောင်တန်းပြည်မ သွေးစည်းကြောင်းပြသလာကြပါတယ်။ ပြည်ပရောက်မြန်မာများကလဲ ထန်တလန်အတွက် လှူဒါန်းပြီး သွေးစည်းကြောင်း ပြသလာကြပါတယ်။

ထန်တလန်မီးက ရလိုက်တာက တိုင်းရင်းသား သွေးစည်းညီညွတ်ရေးနဲ့ မအလကို အားလုံးခံချမယ်ဆိုတာပါ။ မအလကဖိနှိပ်လေ တော်လှန်ရေးက ပိုအားကောင်းလာလေဖြစ်လာပြီးတိုင်းရင်းသားတွေကြား နားလည်မှုတွေ ပိုရလာနေကြပါတယ်။ ဒီအချိန်မှာ စာရေးသူယုံကြည်တာက ဝ UWSA အပါအဝင် တိုင်းရင်းသား အဖွဲ့အားလုံး ဝိုင်းတိုက်ရင် မအလကို ပြည်ပက ဘယ်နိုင်ငံမှ မလိုဘဲ အချိန်တိုအတွင်း လုံးဝနိုင်မယ်ဆိုတာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 02, 2021

ဦးမြတ်!!! ပြည်နယ်တောင်တန်းဒေသများနှင့် ပြည်မတို့ ပူးပေါင်းကာ ညီညွတ်စေသော ပြည်ထောင်စုစိတ်ဓါတ်ကို ကိုယ်ကျိုးစွန့်၍ အနစ်နာခံနည်းလမ်းပြ ဆောင်ယူပေးခဲ့ကြသော


~အဖေ ဖြစ်သူ သခင်အောင်ဆန်း နှင့်

~သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်

သား အဖအား ရိုသေစွာဖြင့် ဂါရဝပြုပါကြောင်း ဦးစွာ အသိပေးအပ်ပါသည်။


**သူ တစ်ထူး၏ ကျေးဇူးကို သိတတ်ရမည်**ဟူသော ကိုးကွယ်ရာ ဗုဒ္ဓဘုရားရှင် အဆုံးအမကို ထောက်ရှုအပ်ခြင်းကြောင့်ဖြစ်ပါသည်။


ညီနောင်တစ်စု

အသစ်တဖန် ပြန်လည်

တည်ထောင်ပြုမည့်

ပြည်ထောင်စုကြီး

ပေါ်ထွန်းလာတော့မည့်

အရုဏ်တက်ရောင်နီဦးကို

လှမ်း မြင်လိုက်ရပြီ။


အရုဏ်တက်ပြီးလျှင် နေရောင်ရှိန်ဝါ အလင်းသာ ရောက်ရသည်မှာ သဘာဝနိယမတစ်ရပ် အခြေခံ ရှိပါသည်။


နေမင်းရဲ့ အလင်းရောင်သည်လည်း

မနေ့ကနဲ့ မတူ

တနေ့ကလို မဆူတော့ပြီ

အားသစ်အင်သစ်တွေ

မွေးဖွါးပေးခဲ့လို့ ငါသည်

**အသစ်**အတွက်

တဖန် မွေးဖွါးခဲ့ပြီ။ ။

{{ ရှမ်းလူမျိုး တိုင်းရင်းသား အဆိုတော် အနုပညာရှင်(ကွယ်လွန်ရှာပြီးဖြစ်သော) **စိုင်းထီးဆိုင်**အား အမှတ်‌တရ ဂုဏ်ပြုသောအားဖြင့် စာသားယူသုံးမှုအပေါ် ရှမ်းလူမျိုးတိုင်းရင်းသားများအ‌ေနဖြင့်ကြည်ဖြူစွာဖြင့် ခွ်ံင့်လွတ်‌ေပးပါရန် စာမျက်နှာမှတဆင့် အသိပေး တောင်းပန်အပ်ပါသည်။ }}}


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page