top of page
Search

တာဝါတိုင်မှပြောသော စစ်ရေး၊ နိုင်ငံရေးအောင်ပွဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 9, 2021
  • 1 min read

မအလဟာ ပြည်သူတွေကိုအထင်သေးပြီး အာဏာသိမ်းခဲ့တာပါ။ ဒါက ထင်ရှားပါတယ်။ နောက်ပြည်သူတွေရဲ့အကျိုးကို မကြည့်ဘဲ အာဏာသိမ်းခဲ့တာပေါ့။ ပထမမှာ မအလတပ်ထဲမှာက NUG အစိုးရဟာ ယခင် ၁၉၉၀ ကဖွဲ့ခဲ့တဲ့ NCGUB လိုဘဲ လေထဲမှာ ပြီးသွားမယ်လို့ ထင်ခဲ့ပါတယ်။ သူတို့မတွက်မိခဲ့တာက ပြည်သူတွေဟာ DASSK ရဲ့ နွေးထွေးတဲ့ အုပ်ချုပ်မှုအောက်မှာ ငါးနှစ်နေခဲ့ဖူးသွားတာပါ။နောက် အင်တာနက်ရှိနေတာကိုလဲ မတွက်ခဲ့မိတာပါ။ NUG ဟာ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေးဒေါင့်ပေါင်းစုံကနေ အကွက်စိတ်စိတ် လုပ်လာတာကို တွေ့ရပြီး သူ့ကို ထိုးနှက်လာပါတယ်။ နောက် မအလကို ခံချနေတာက NUG က ကြေညာတာသာဖြစ်ပြီး ဒေသခံအဖွဲ့တွေက ဝိုင်းကိုင်နေတာပါ။

လွန်ခဲ့တဲ့ရက်ပိုင်းက တာဝါတိုင်ကို မိုင်းခွဲတာကို ကြည့်လိုက်ပါ။ ဒါက ပုံမှန်မှာ ဘာမှမဟုတ်ဘူးလို့ ထင်ရပါတယ်။ အဲ့ဒီကနေ စစ်ရေးအရ သံတမန်ရေးအရ စကားပြောသွားတာတွေ အများကြီးရှိပါတယ်။ပထမ တာဝါတိုင်တစ်ခုဆောက်ဖို့ ဒေါ်လာ တစ်သိန်းခွဲကနေ သုံးသိန်းအထိ ကုန်ကျပါတယ်။ တစ်သိန်းခွဲနဲ့တွက်ပါ။ စုစုပေါင်း ၂၀ လောက်ဖျက်လိုက်လို့ ဒေါ်လာသုံးသန်းပါ။ ဒါက မအလဆုံးသွားတဲ့ ပိုက်ဆံပါ။ ဒါ့ထက်ပိုဆိုးတာက မအလဟာ အဆိုပါတာဝါတိုင်တွေကို လုံခြုံရေးမပေးနိုင်ဘူးဆိုတာ ကမ္ဘာကိုပြလိုက်တာပါ။ ဒါက ပြည်သူတွေရဲ့ အာဏာကို ပြလိုက်တာပါ။ ဒါကိုကြည့်ပြီး မအလနဲ့ စီးပွါးရေးအခြောင်လုပ်မယ့် စင်ကာပူ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်ကုမ္ပဏီတွေက နှစ်ခါပြန်စဉ်းစားပါတယ်။ သူတို့လာရင်းနှီးမြုပ်နှံရင် သူတို့လဲ မိုင်တဲတာဝါတိုင်လို ပလုံသွားမှာပါ။ ဒါ့ကြောင့် တရုတ်နဲ့ အာဆီယံဟာပြည်သူနဲ့ ပြည်သူ့ကိုယ်စားလှယ် NUG နဲ့ ဆွေးနွေးရမှာပါ။ ယခုတောင် ဟောင်ကောင်ကုမ္ပဏီက မအလနဲ့ လျှပ်စစ်ကိစ္စကို လုံခြုံရေးကြောင့် နှစ်နေရာမှာ ရပ်လိုက်ရပါပြီ။ သူလုပ်မယ့်နေရာတွေမှာလဲ မလုံခြုံရင် ရပ်ရမှာပါ။

မြန်မာပြည်ရဲ့ အချို့မြို့နယ်တွေ ရွာတွေမှာ မအလတပ်ဟာ စစ်ကားတန်းအကြီးကြီးမရှိရင် မသွားရဲလောက်အောင် ဖြစ်နေခဲ့ပါပြီ။ ရခိုင်မြောက်ဦးမှာ ဖြစ်နေသလို ဖြစ်နေတာပါ။

ဒါပေမယ့် ဆက်သွယ်ရေးအရတော့ တပ်ဟာ မြေအောက် fibre cable တွေကို အင်တာနက်အတွက် သုံးနေပါတယ်။ သူက စစ်ဖြစ်ရင် ပြည်သူရဲ့အင်တာနက်ကိုဖြတ်ချပြီး သူတို့က မြေအောက်အင်တာနက်ရှိနေမယ်ပေါ့။ အဆိုပါစစ်တပ်အင်တာနက်လမ်းကြောင်းဟာ ပြည်လမ်းကနေ နေပြည်တော်အထိရှိပါတယ်။ အဲ့ဒါကိုသွားပြီး ဗုံးခွဲတာတွေ၊ မီးရှို့တာတွေ၊ မိုင်းထောင်တာတွေ မလုပ်ကြပါနဲ့။ လုပ်ရင် မအလတပ်အနေနဲ့ အဆက်အသွယ်ခက်သွားနိုင်ပါတယ်။ ဒါ့ကြောင့်မလုပ်ကြပါနဲ့ 😀။ တောင်းပန်ပါတယ်။အမေရိကန်ကတော့ သူစစ်တိုက်ရင် အဲ့ဒီလိုနေရာတွေကို အရင်ဗုံးကြဲလေ့ရှိပါတယ်။ ဒါတွေက စစ်ရေးပစ်မှတ်ပါ။

ယခုစာရေးသူတို့ နိုင်နေလားဆိုရင် ဖေဖော်ဝါရီ ၁ ရက်နေ့က စာရေးသူတို့မှာ PDF တပ်ရှိခဲ့ပါသလား? ယခုဘာတွေရှိနေပါပြီလဲ? ယခုဘယ်သူတွေတွေ နေ့တိုင်းအသတ်ခံနေရပါသလဲ? နိုင်မှာလားဆိုတော့နိုင်မှာ ပိုပိုပြီးသေချာလာနေပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူက နိုင်မှဖြစ်မှာမိုလို့ပါ။ မေမေနိုင်မှဖြစ်မှာပါမဟုတ်ဘဲ ပြည်သူနိုင်မှဖြစ်မှာပါ။ အမေဟာ အဖမ်းခံထားရချိန်မှာ ပြည်သူဟာ မိမိကိုယ်ကို နိုင်အောင်ထမ်းရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 09, 2021

ဦးမြတ်!!! ဆောင်းပါးကို ကိုးကား၍ စကားအထောက်အထားပါ။

လိပ်အဖြစ်မို့ ခေါင်းမပြူဝံပါ။ ရှိသမျှ မြေသဲမှန်သမျှ ကိုယ့်ဖက် ကိုယက် ပက်ပက်စက်စက် ပက်ထည့်ခဲ့တာကိုး။

ရိုင်းရင်ခွင့်လွှတ်ပါ။ အဘိုးဆုံးမခဲ့သော စကားမို့ပါ။

**ပါးစပ်အလို စအိုတောင် မခံနိုင်ဘူး၊ ကြည့် စား** ။

နေရာတကာ ငါတွေ ပါခဲ့လို့၊ ပြည် မငြိမ်းတဲ့ လမ်း ပေါက်သွားရပါသည်။

ဦးမြတ် အရင်ဆောင်းပါးတပုဒ်မှာရေးသလို အုပ်ကြီးနှင့်အလိုကျဘက်တော်သားဒလန်တွေ အဝုန်း ခံရရင် နယ်တွေမှာ ချက်ချင်းရောက်လာကြတယ်လို့ ရေးခဲ့တာမှတ်မိလို့ပါ။

ယခုရက်ပိုင်း သတိထားမိသလောက် ရုပ်ကြွင်းအလောင်းကို ကျေးလက်တွေမှာ လာမကောက်နိုင်တော့ကြောင်း သတင်းစာမျက်နှာများမှတဆင့် သိရပါသည်။ ယခင်က အလောင်းလာကောက်ဖော်ရပေမယ့် ၊ ခုနောက်ပိုင်း ယာဥ်တန်း ကို ဝုန်းတာတွေများလာတော့ အုပ်ကြီးဒလန်အလောင်းတွေ ကူသယ်ရာမဲ့ရောက်နေရပါပြီ။

~တပ်အင်အားနည်းလို့ အင်အားချွေတာ တာလား?

~ယာဥ်တန်းအပြန်မှာ အဝုန်းခံရမှာ စိုးရိမ်လို့လား?

ဖော်ပြပါနှစ်ချက်အရ ပြည်သူ နိုင်၍

သူတို့ မှိုင် ရသည့် အချိန်ရောက်နေပြီဟူ၍သာ မြင်မိပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page