Myat Tun Oo
တာဝန်ယူမှုတာဝန်ခံမှုရှိသောကုမ္ပဏီမဟုတ်ရင်
Unicode version
တာဝန်ယူမှုတာဝန်ခံမှုရှိသောကုမ္ပဏီမဟုတ်ရင်
မြန်မာပြည်မှာဝန်ကြီးနဲ့ဒုဝန်ကြီးကိုမိမိကုမ္ပဏီကတင်ဒါမအောင်လို့စိန်ခေါ်ရဲတာEver အဖွဲ့ပါဘဲ။လေးစားပါတယ်။သူ့သတင်းစာရှင်းလင်းပွဲကဘာနဲ့တူလဲဆိုတော့လွှတ်တော်မှာထကန့်ကွက်တဲ့စစ်တလင်းအဖွဲ့ကြီးကိုသတိရမှတ်မိစေပါတယ်။
ယခင်ကရောမီတာတွေကိုဘယ်လိုတင်ဒါအောင်ခဲ့လဲရှင်းပြပေးပါလား။
ဒါနဲ့အကယ်၍မီတာတွေကရှော့ဖြစ်လို့အိမ်တွေမီးလောင်ရင်ကုမ္ပဏီပိုင်ရှင်ဒါရိုက်တာအဖွဲ့ကိုဖမ်းပြီးစစ်လို့ရမလား? အဲ့ဒါလေးလဲသိချင်မိပါတယ်။
သူတို့ဟာအရပ်ဖက်ထောင်မှာထောင်ကျခံမလား။အရပ်ဖက်တရားရုံးမှာအစစ်ခံမလား။နောက်အယူခံကိုအရပ်တရားရုံးကသာပေးဆုံးဖြတ်မလား?
ဒီကိစ္စကနေတိုင်းပြည်အတွက်ရင်လေးစရာမေးခွန်းတွေထပ်ပေါ်လာပါတယ်။
မီတာမဟုတ်ဘဲတံတားဖြစ်ခဲ့ရင်၊သင်္ဘောဖြစ်ခဲ့ရင်စသည်ဖြင့်ပေါ့။
ကြုံလို့အဂတိကိုပြောချင်တာကပြည်ထဲရေးကိုလဲလျှပ်စစ်ဝန်ကြီးဌာနကိုစစ်သလိုစစ်ပေးပါလို့။