top of page
Search

တာဝန်ယူမှု တာဝန်ခံမှုနှင့် မေတ္တာ၏ အကန့်အသတ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 28, 2021
  • 1 min read

ဒီမိုရှိတဲ့ နိုင်ငံခြားတိုင်းပြည်များမှာ နိုင်ငံရေးသမားကလဲ တာဝန်ခံရ၊ ဆရာဝန်၊ အင်ဂျင်နီယာကလဲတာဝန်ခံရပါတယ်။ ရဲတွေဟာလဲ တာဝန်ခံရသလို အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ် စစ်တပ်တွေဟာလဲသူတို့နိုင်ငံထဲတွင်မဟုတ်ဘဲ နိုင်ငံပြင်ပမှာတောင် တာဝန်ခံရပါတယ်။ သမ္မတ အိုဘားမားလက်ထက်အာဖဂန်မှာတာဝန်ကျတဲ့ ဗိုလ်ချုပ်ကြီး Stanley McChrystal ကို အလုပ်ဖြုတ်တာဟာ သူက ဒုသမ္မတဘိုင်ဒန်ကို သတင်းထောက်ရှေ့၊ သူလက်အောက်ငယ်သားတွေရှေ့မှာ ဒီလူကဘယ်သူလဲ မကြားဖူရဘူး ဘာညာနဲ့ သွားပြောလို့ ထုတ်ခဲ့တာပါ။ နောက် စစ်ရာဇဝတ်မှု ကျူးလွန်ရင်လဲ ကျူးလွန်သူကို စစ်ဆေး အပြစ်ပေးပါတယ်။အင်္ဂလိပ်ဆို အစစ်လွန်လို့ အီရတ်တွေလိမ်တိုင်တာကို လိုက်စစ်တဲ့အထိပါ။

စာရေးသူတို့ တိုင်းပြည်မှာတော့ တပ်နဲ့ရဲက ပြစ်မှုကျူးလွန်ရင် တိုင်သူကို အသေရည်ဖျက်မှုနဲ့ စဖမ်းပါတယ်။ သူတို့တိုင်းပြည်မှာကတော့ တိုင်သူကိုမဖမ်းဘဲ အတိုင်ခံရသူကို အရင်ရာထူးချ စစ်တာပါ။ ပြောင်းပြန်ပေါ့။ ဒါ့ကြောင့်မိုလို့ စစ်တပ်ဟာ ရာဇဝတ်မှုတွေကို မိမိနိုင်ငံထဲမှာ ကျူးလွန်လို့ရသလို ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခြေဥကြောင့် စစ်တပ်ဟာ အကာအကွယ်ရသလိုဖြစ်ပြီး ပိုဆိုးလာခဲ့ပါတယ်။ သူက မြန်မာပြည်သူကိုလုပ်သလို အခြားအဆက်အသွယ်ကောင်းတဲ့ လူမျိုးစုကို သွားလုပ်ချိန်မှာတော့ သူကရုံး

ရောက် ICJ ရောက်ပြီး ဂတ်ရောက် ICC ရောက်ဖို့လဲ သေချာသွားခဲ့ပါတယ်။


ယခုတော့ သူက ဗမာအချင်းချင်း ဘာသာတူအချင်းချင်းကို သူ့အာဏာကို စိန်ခေါ်လို့ အင်အားအလွန်အကျွံသုံးပြီးနှိမ်နင်းဖို့ ကြိုးစားလာနေပါပြီ။ ဒါကို အချို့ကလဲ မေတ္တာနဲ့ တုံ့ပြန်ပါလို့ ပြောသူများလဲရှိနိုင်ပါတယ်။ ဥပမာ မိမိသမီးကို မိမိရှေ့မှာ မုဒိမ်းကျင့်နေရင် မုဒိမ်းကောင်ကို မေတ္တာနဲ့ တုံ့ပြန်မလား စဉ်းစားစရာပါ။ ဒီကောင်ကို စာရေးသူတို့က သူသေကိုယ်သေ ပြန်သတ်ရမှာပါ။ ဒါဟာ မိမိအရှက် မိမိသိက္ခာအတွက် ကာကွယ်တာပါ။ အသက်ပေးရနိုင်တာရှိပါတယ်။ စဉ်းစားရမှာက မိမိသမီးအပါခံမလား အသက်ပေးမလားဆိူတာပါ။ အင်အားမမျှလို့ အဲ့ဒီအချိန်မနိုင်ခဲ့းင်တောင် အဲ့ဒီမုဒိမ်းကျင့်သူကို ပြန်ဖမ်းတာ ပြန်ဒဏ်ပေးတာတွေ လုပ်ရမှာပါ။ ဒါက သဘာဝပေးတဲ့ တရားမျှတမှု natural justice ရှိအောင် လုပ်ရမှာပါ။


ယခုနှိမ်နင်းရာမှာ ရဲတွေဘေးက ကားလမ်းမတွေက ပွင့်နေပါတယ်။ တစ်ခါတလေ သူတို့ကို ကားနဲ့တိုက်သတ်လို့သေသွားခဲ့ရင် နောက်ဆို ပြည်သူကို ဒုက္ခပေးဖို့ နှစ်ခါပြန်စဉ်းစားတော့်မှာပါ။ ထို့အတူပါဘဲ နှိမ်နင်းတဲ့ ရဲအိမ်ကို ဝင်စီးတာ ရဲစခန်းကို မီးရှို့တာလုပ်ရင် သူတို့လဲ နှစ်ခါပြန်စဉ်းစားရမှာပါ။ သူတို့က မအလခိုင်းတာကို ကြောက်လို့လုပ်ပြီး လူထုက သူတို့ကို ကြောက်အောင်ပြန်မလုပ်နိုင်ရင် သူတို့က အနိုင်ကျင့်နေမှာပါ။ ခွေးကိုကြောက်လို့ပြေးနေရင်ခွေးကနောက်က လိုက်ကိုက်နေမှာပါ။ အချို့ခွေးက ရပ်ပြီး ပြန်ရင်ဆိုင်လိုက်မှ ရပ်သွားတာပါ။ ဒီနေရာမှာဘယ်လောက်အထိ လက်ရှိစစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ စိတ်ဓတ်ပျင်းပြလဲ အပေါ်မှာ မူတည်ပြီးတော့ ရင်ဆိုင်ရမှာပါ။ ဥပမာ မုံရွာက တပ်ထဲကမိသားစုဟာ အပြင်မထွက်လို့မရပါ။ ရခိုင်မှာလို သူတို့အပြင်ထွက်ချိန် အများကြီး ဒုက္ခပေးလို့ရပါတယ်။ မေတ္တာထားတာ ကောင်းပါတယ်။ ဒါပေမယ့် မေတ္တာဟာ အကန့်အသတ်ရှိမှာပါ။ကြောက်တတ်သူကို ကြောက်အောင်ပြန်လုပ်ရင် သူတို့က နားလည်ပိုလွယ်ပါတယ်။ ခွေးကို တရားသွားဟောနေရင်ခွေးက နားမလည်ပါ။ခွေးကို ရိုက်လိုက်ရင် ခဲနဲ့ထုလိုက်ရင် နားလည်လွယ်ပါတယ်။


တပ်ထဲမှာလဲ အုန်းကျော်မြင့်လို ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒါကအချိန်ယူရတတ်ပါတယ်။ ယခုဟာက နောက်လပိုင်းအတွင်း ပွဲအပြတ်မတတ်နိုင်ရင် ဇတ်ရှည်သွားနိုင်လို့ပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page