top of page
Search

တာလီဘန်၏ ဗျူဟာအချို့ကို လေ့လာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 15, 2021
  • 1 min read

တာလီဘန်ရဲ့ ဘာသာရေးအယူသည်းတာကအစ အများစုကို စာရေးသူတို့ မကြိုက်ပါ။ ဒါပေမယ့်ယခုရက်ပိုင်းအတွင်း တာလီဘန်ဟာ အမေရိကန်ပေးထားတဲ့ ခေတ်မှီလက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်က သင်တန်းပေးထားတဲ့ အာဖဂန်စစ်တပ်ကို နိုင်နေတာ တွေ့ရပါတယ်။ သူတိုက်လာတာတော့ နှစ်၂၀ ရှိပါပြီ။ ဘာ့ကြောင့်လဲ?

အာဖဂန်အစိုးရတပ်ဖွဲ့အများစုဟာ ခံယူချက်မရှိတာတွေ့ရပါတယ်။ ကျန်တာက တာလီဘန်ဗျူဟာပါ။ တာလီဘန်ဟာ လမ်းမှာစစ်ယဉ်တန်းကို ဗုံးခွဲပြီးရင် စစ်ကူလာတဲ့တပ်ရဲ့ လာရာလမ်းတွေကိုလဲ စနစ်တကျ ဗုံးထောင်တိုက်တာတွေ့ရပါတယ်။ ရွာတွေထဲ ဝင်ပြေးရင်လဲ သူတို့ပြေးလမ်းကြောင်းမှာ ဗုံးထောင်ခဲ့တာ တွေ့ရပါတယ်။

နောက်မြို့ပေါ်မှာ။ သူက မြို့ပေါ်မှာ ဗုံးထောင်ရင်လဲ ပထမဗုံးကွဲအပြီး နောက်လာရှင်းတဲ့ စစ်တပ်/ရဲကိုပါ ထပ်ထိအောင် ဗုံးထောင်ထားတာတွေ့ရပါတယ်။ ဒါ့ကြောင့် စစ်တပ်က ချက်ခြင်းမလာရဲတော့ပါ။

တာလီဘန်ကို အစိုးရတပ်အားသာချက်က လက်နက်ကြီးနဲ့ လေကြောင်းပါ။ တာလီဘန်က တင့်ကားမောင်းသူ၊ လက်နက်ကြီးပစ်သူများ၊ လေယဉ်ပျံမောင်းသူများကို စာရင်းကောက်ပြီး မိသားစုလိုက် လုပ်ကြံပါတယ်။ ကြာလာတော့ အာဖဂန်စစ်တပ်မှာ လေယဉ်မောင်းတတ်သူ နည်းလာပါတယ်။ အချို့က ထွက်ပြေးပါတယ်။ ဒါ့ကြောငိ့ အမေရိကန်က လေကြောင်းက ပြန်ကူပေးနေရပါတယ်။ တင့်ကားမောင်းသူ လက်နက်ကြီး ပစ်တတ်သူများလဲ အာဖဂန်တပ်မှာ ရှားပါးလာပါတယ်။လေယဉ်ပျံမောင်းတာကလဲ သင်ယူဖို့ အချိန်တခုလိုပါတယ်။

လက်ရှိဖက်ဆစ်တပ်ကို လက်နက်ထောက်တာ သင်တန်းပေးတာက ရုရှားပါ။

အထက်မှာ ရေးပြတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ လေ့လာသင့်တဲ့ နည်းဗျူဟာအချို့ပါ။ တာလီဘန်ရဲ့ ရန်သူအားသာတဲ့ လက်နက်ကြီးနဲ့ လေယဉ်တွေကို မပျံနိုင်အောင် လုပ်နိုင်တာကစစ်ပွဲမှာ သူတို့အားသာဖို့ ဖြစ်လာခဲ့ပါတယ်။ တာလီဘန်ဟာ ဒီလက်နက်ကြီးကိုင်သူတွေနဲ့ လေယဉ်မောင်းသူတွေကို စစ်မတိုက်ခင်ထဲက စနစ်တကျ သုတ်သင်ခဲ့လို့ သေသူနဲ့ ထွက်ပြေးသူ များသွားခဲ့တာပါ။ ရန်ငါပြတ်ပါတယ်။ တွေးစရာလေးတွေ မျှဝေပေးတာပါ။

News Source: BBC

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 15, 2021

ဦးမြတ်!! စကား နောက် ၊ တရား ပါသတဲ့။

မိမိတို့ လူမျိုး အလွန်ယုံကြည်ပါသည်။ စကားဆိုသည်မှာ ဝစီ ကံ ဖြစ်ပါသည်။ စေတနာ ေစ့ဆော်တိုက်တွန်းမှုကြောင့် ပေါ်လာရပါသည်။

လွန်ခဲ့သော လပိုင်းတခုလောက်က ပြောခွင့်ရ ထိပ်တန်း ပုဂ္ဂိုလ်ကြီး နှုတ်ထွက်စကား တွင်ကျယ်စွာ ကြားခဲ့ရပါသည်။

***တာလီဘန်တွေ တဲ့**

ဘန်တို့၏ အမူအကျင့်သည်

~လူ ဖမ်း

~သက် သတ်(နည်းမျိုးစုံဖြင့်)

~အခြေ ပြတ် အောင် (အိမ် မီးရှို့ ၊ အိမ်မွေးတိရစ္ဆာန်များသတ် ၊ ပရိဘောဂများဖျက်ဆီး ၊ မထင်လျှင် ဘာသာရေးအဆောက်အအုံကိုပင် အလွတ်မပေး)လုပ်တတ်သော အမူအကျင့်များရှိသောကြောင့် ကမ္ဘာလူထုက ရွံရှာကြပါသည်။

Who are ban???


*********************************

ဘန်တို့သည် နေလို မီးလို ပူပြင်းလှသဖြင့်

တတ်နိုင်လျှင် ခပ်ဝေးဝေးကပဲ ခပ်ကင်းကင်းနေပါမည်ဆိုသော သူတွေလည်း ရှိကြပါသည်။

အပူ နှင့် အအေးသည်

ဆန့်ကျင်ဘက် တစ်စုံပါ။

သို့သော် မီးများ မီးနိုင် ၊ ရေများ ရေနိုင်သဘာဝ ရှိပါသည်။

မိမိတို့လူမျိုးသည် နွေပူချိန် လွန်ကဲသောကာလ အအေးကို တ ရ၍ ၊ အေးရာ အေးကြောင်းအဖြစ် အအေးဓါတ်ပေးသည့် ဖရဲသီးများကို စားသုံးကြပါသည်။

ဖရဲသီး သဘာဝသည်

~ွမေမွှေးပြီးတော့လည်း ချိုပါသည်

~အေးပြီးတော့လည်း ချိုပါသည်။

ယခုကာလ သတင်းစကားများအရ ဖရဲသီးများ မ​ွှေး၍ ချိုနေကြောင်း သိရပါသည်။

နာခေါင်း အနံ့ရသ ပေးစွမ်းမှုမှတဆင့်

လျှာ အရသာ ေအး အောင် ပေးစွမ်းနိုင်ပါက မွှေးချို အေးချို ဖရဲသီးများ တန်ဘိုးကြီးမားလှပါပြီ။

ဘာရယ်မဟုတ်ပါ။ ကလေးဘဝက ကြားဖူးခဲ့သော သီချင်းလေးပါ။

**သူ့အချစ်ဟာ ဖရဲသီး ၊ စားလိုက်ရင် အရမ်းချိုသည်။**


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page