top of page
Search

တာလီဘန်နှင်တူသော မအလတပ်မတော်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 18, 2021
  • 1 min read

လက်ရှိမှာ ပြည်သူတွေက တပ်မတော်သားတွေကို စစ်ခွေးလို့ ခေါ်ကြပါတယ်။ ကြိုက်သလားဆိုတော့မကြိုက်ပါ။ မှားသလားဆိုတော့ မမှားဘဲ မှန်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် မအလလက်အောက်မှာ တပ်မတော်ဟာ တာလီဘန်အဖွဲ့ကြီးနဲ့ သွားတူတာ တွေ့ရပါတယ်။ ဘာကြောင့်လဲ ဘာအထောက်အထားရှိလဲ?


တာလီဘန်အဖွဲ့ဟာ ရုရှားနယ်ချဲ့ကိုတိုက်ဖို့ အစပိုင်းမှာ ပေါ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘာသာရေးအစွန်းရောက်တွေက နေရာယူပြီး ဗလီဆရာနဲ့ စစ်တပ်ပေါင်း ရိုက်စားလုပ်ထားတာပါ။ လက်ရှိတပ်မတော်ဟာလဲ အစပိုင်းမှာ နယ်ချဲ့ကိုတိုက်ဖို့ ပေါ်လာခဲ့တာပါ။ ဒါပေမယ့် မအလလက်ထက်မှာအစွန်းရောက်ဘုန်းကြီးအချို့နဲ့ မအလပေါင်းပြီး တိုင်းပြည်ကို ဘာသာရေးမှိုင်းသွင်းပြီး အုပ်ချုပ်ဖို့ကြံစည်လာခဲ့ကြပါတယ်။


တာလီဘန်ဟာ ဘာသာရေးဗန်းပြပေမယ့် ဘိန်း၊ ဆေးပြား အကုန်လုပ်ပါတယ်။ မအလလက်အောက်က ဗိုလ်ကြီးငယ် အသွယ်သွယ်ကလဲ လူ၊ ဆေး၊ ဘိန်း မှောင်ခို အကုန်သယ်ပေးပါတယ်။


စစ်ဖြစ်ခဲ့ရင် တာလီဘန်က အရပ်သားတွေကို အကာအကွယ်ယူပါတယ်။ ဗလီတွေ ကျောင်းတွေဆေးရုံတွေမှာ တပ်စွဲထားပါတယ်။ မအလတပ်ကလဲ ရွာထဲဝင်ရင် ဘုန်းကြီးကျောင်း ခရစ်ယန်ဘုရားရှိခိုးကျောင်းတွေ စာသင်ကျောင်းတွေ ဆေးရုံတွေမှာ တပ်စွဲပါတယ်။ ရွာသားတွေကို တာလီဘန်ကဲ့သို့ လူသားဒိုင်း အသုံးပြုပါတယ်။ မိုင်းရှင်းခိုင်းပါတယ်။

တာလီဘန်က သူ့ကိုမထောက်ခံတဲ့ရွာကလူတွေကို သတ်သလို ရွာကိုမီးရှို့ပါတယ်။ မအလတပ်ကလဲထို့အတူလုပ်ပါတယ်။ တာလီဘန်တပ်က ရန်သူ့ရွာက ဘာသာမတူ အမျိုးသမီးတွေကို မုဒိမ်းကျင့်လေ့ရှိပါတယ်။ မအလဖက်ဆစ်တပ်က တာလီဘန်ထက် ပိုဆိုးသွားပြီး မိမိနဲ့ ဘာသာတူ လူမျိုးတူကိုလဲ သူ့မထောက်ခံရင် မုဒိမ်းကျင့်တာ ဖမ်းဆီးစဉ် လိမ်အကြမ်းဖက်တာတွေ လုပ်ဆောင်ပါတယ်။


တာလီဘန်တွေဟာ ရွာထဲက ပစ္စည်းတွေကို ခိုးယူတာ လုယက်တာ လုပ်လေ့ရှိပြီး မအလတပ်မတော်ကလဲ စျေးကိုဝင်ခိုးလုယက်ပြီး မီးရှို့တဲ့အထိ လုပ်တာတွေ့ရပါတယ်။ ဒီနေရာမှာ မအလတပ်က တာလီဘန်ထက် ခိုး ဆိုးလုယက်တဲ့နေရာမှာ ပိုသာနေတာ တွေ့ရပါတယ်။

တာလီဘန်က မူးယစ်ဆေးဝါး ရောင်းဝယ်ပေမယ့် သူ့တပ်သားတွေ စိတ်ကြွဆေး မသုံးရပါ။ မအလတပ်ထဲမှာတော့ သုံးသူများစွာ ရှိလာနေပါပြီ။ တာလီဘန်က လူများစုဝေးရာကို ဗုံးထောင်လေ့ရှိပြီး သူကဝန်ခံပါတယ်။ မအလတပ်ကတော့ အချို့နေရာတွေမှာ ပြည်သူတွေ ထိပ်လန့်အောင် ဗုံးထောင်ပေမယ့် ဝန်ခံလေ့မရှိပါ။ တာလီဘန်က သူပစ်ရင် ဝန်ခံလေ့ရှိပေမယ့် မအလတပ်က ပစ်ပြီး ဝန်မခံပါ။


အကျဉ်းချုပ်ရရင် မအလရဲ့ အုပ်ချုပ်မှုအောက်မှာ တပ်မတော်ဟာ တာလီဘန်ကဲ့သို့ အကြမ်းဖက်အဖွဲ့ကြီးအဖြစ် ကူးပြောင်းသွားပြီး ICJ နဲ့ ICC အထိ ရောက်သွားခဲ့ပါပြီ။ ဒီအကြမ်းဖက်အဖွဲ့ကြီးကို ပြည်သူတွေက ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး တိုက်ထုတ်ကြရမှာပါ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါလို့ ထပ်ခါထပ်ခါ ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page