top of page
Search

တော်လှန်ရေး၊ DASSK၊ နိုင်ငံတကာနှင့် သဉ္ဇာရွှန်းလဲ့ရည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 4, 2022
  • 2 min read



စာရေးသူတို့ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလို့ ဆန္ဒပြခဲ့ကြပါတယ်။ မအလတပ်ကပစ်လို့လက်နက်ကိုင်တော်လှန်ရေးကို စခဲ့ကြပါတယ်။ အချို့က မိမိဖာသာ လက်နက်ကိုင်တာဖြစ်ပြီး အများစုက NUG အောက်မှာပါ။ စာရေးသူတို့အစပိုင်းမှာ နေတိုးကို မျှော်ခဲ့ကြပါတယ်။ စာရေးသူတောင် အမေရိကန်တပ်ကိုမမျှော်ပေမယ့် မောင်းသူမဲ့လောက်တော့ မျှော်ခဲ့ပါတယ်။

သမ္မတဘိုင်ဒန်က ရိုဟင်ဂျာကိစ္စကို သူရွေးကောက်ပွဲမဝင်ခင်ကထဲက Twitter ပေါ်မှာ အသံကျယ်ခဲ့လို့မအလသာတက်ခဲ့ရင် ဘာများလုပ်မလဲလို့ မျှော်ခဲ့ပါတယ်။ မအလရိုဟင်ဂျာကိုသတ်တာကို လူအစုလိုက်အပြုံလိုက်သတ်မှု Genocide လို့ သတ်မှတ်ဖို့ အာဏာသိမ်းအပြီး တစ်နှစ်ကျော်ကြာခဲ့ပါတယ်။သတ်မှတ်လို့ စီးပွါးရေးပိတ်ဆို့တာရှိနိုင်ပေမယ့် ချက်ခြင်းဘာမှ မဖြစ်သွားပါ။ အမေရိကန်လွှတ်တော်မှာ ဥပဒေထွက်လာတာက DASSK ကို လေးစားတဲ့ ရီပတ်ပလီကန်အမတ် Senator Mitch McConnell မက်ကော်နယ်ကြောင့်ပါ။ ယခုအချိန်အထိ အမေရိကန်နဲ့ အနောက်အုပ်စုက စာရေးသူတို့တော်လှန်ရေးကို အပ်တိုတစ်ချောင်းတောင် မထောက်ပံ့သေးပါ။

ယခုအချိန်မှာ ပြောဖို့လိုအပ်လို့ သဉ္ဇာရွှန်းလဲ့ရည်အကြောင်း ထပ်ရေးပါ့မယ်။ ယခင်ကလဲ ရေးခဲ့ပြီးသားပါ။ သူမဟာ စစ်တပ်မိသားစုက မွေးဖွားလာတာပါ။ သူ့အဖေဟာ DASSK မကောင်းကြောင်းကိုတပ်ထဲမှာ ထမင်းစားရေသောက် ပြောလာသူပါ။ တပ်ထဲအခေါ် အန်တီစု(anti Su) တွေပါ။ သူမကိုယ်တိုင် ဝန်ခံထားပါတယ်။ သူမဟာကျောင်းသားဘဝမှာ ဘာကျောင်းသားသမဂ္ဂကိစ္စမှာမ မပါခဲ့ပါ။ဘာကျောင်းသားလှုပ်ရှားမှုမှာမှ မပါခဲ့ပါ။ သူမအဖေဟာ မိုးကျအနေနဲ့ အရပ်ဖက်ကိုပြောင်းလာချိန်မှာသူမက ရန်ကုန်မှာ အင်္ဂလိပ်စာ စသင်ခဲ့ပါတယ်။ ဘစိန်လက်ထက် အာဆီယံလူငယ်ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီး အမေရိကန်ကို ပညာတော်သင်ဆုရခဲ့ပါတယ်။ အမေရိကန် သံအမတ်ရဲ့ လူငယ်အကြံပေးလုပ်ခဲ့ပါတယ်။ ဘယ်လူငယ်ညီလာခံကမှ သူ့ကိုတင်မြှောက်ခဲ့တာ မဟုတ်ပါ။ ဘစိန်လက်ထက်DASSK နဲ့ပြေလည်လို့ ပညာတော်သင်အပို့ခံရသူတွေထဲ ကျန်းမာရေးက ဒေါက်တာခင်ခင်ကြီးတို့၊နောက် ကုလက ဦးကျော်မိုးထွန်းရဲ့နေရာကို လုနေတဲ့ စစ်သံဗိုလ်မှူးကြီး အောင်သူရိန်အစ်မ ဒေါက်တာတိုးသီရိအောင်တို့တွေဟာလဲ ဘစိန်လက်ထက် နိုင်ငံခြားအပို့ခံရသူတွေပါ။ ခင်ခင်ကြီး ယောင်္ကျားစစ်ဗိုလ်ရော အောင်သူရိန်အဖေရော သင်ဉ္ဇာရွှန်းလဲ့ရည် အဖေရောဟာ အကုန်လုံး ဒေါ်စုမကောင်းကြောင်းပြောတဲ့ တပ်ထဲက အန်တုစု(anti Su) ဒေါ်စုဆန့်ကျင်ရေးသမားတွေပါ။

သူမဟာ DASSK ကို မွေးကထဲက ရန်သူအနေနဲ့ မအလတပ်ထဲမှာ ကြီးပြင်းလာသူပါ။ သူမက ဘစိန်ဖွင့်ပေးချိန် ၂၀၁၃ လောက်မှာမ DASSK ကို လေးစားသယောင်ပြောလာတာပါ။ ဒါက သူမအင်တာဗျူးတွေမှာ ထုတ်ပြောတာကို ရေးပြတာဖြစ်ပြီး သူမက DASSK ကို လေးစားတယ်ဆိုပြီး ဘာမှမလုပ်ဖူးပါ။သူမက ၂၀၁၃-၂၀၁၄ လောက်မှာ လေးစားတယ်ဆိုတာကလဲ DASSK ကြောင့် သူနိုင်ငံခြားသွားရလို့သာ ဖြစ်ဖို့များပါတယ်။ ဒါပေမယ့် ၂၀၁၇ မှာ သူမဟာ DASSK ကို သူမ မလေးစားနိုင်တော့ကြောင်းDASSK မှာ ရိုဟင်ဂျာကိစ္စအတွက် တာဝန်ရှိကြောင်း နိုင်ငံခြားက အင်တာဗျူးတိုင်းကို လိုက်ပြောပါတော့တယ်။ ဒါကြောင့် သူမက DASSK ကို အားကျတာ စံပြသတ်မှတ်ချိန်ဟာ သုံးနှစ် လေးနှစ်လောက်သာ ကြာခဲ့ပါတယ်။

သူမဟာ DASSK လက်ထက် စစ်ပွဲရပ်ဆန္ဒပြပွဲမှာသာ ပါခဲ့ပြီး နိုင်ငံခြားသတင်းသမားတွေကို ရိုကိစ္စအပြီး DASSK ကို လူငယ်တွေက သူတို့ရဲ့ စံအဖြစ်မထားတော့ကြောင်း လိုက်ပြောလေ့ရှိသူပါ။ သူမကNGO မှာ အဓိကလုပ်ပါတယ်။ နိုင်ငံခြားသတင်းဌာနတွေကလဲ သူ့ကိုမြန်မာပြည်ရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် ဦးစားပေးရေးလေ့ရှိပါတယ်။ သူမဟာ စစ်တပ်အာဏာသိမ်းပြီး လူထုလမ်းပေါ်ထွက်ချိန်မှာ မအိသဉ္ဇာမောင်တို့လို ထွက်မလာခဲ့ပါ။ သူမထွက်လာချိန်ဟာ မင်းသားရန်အောင်တို့လို ဖောရှောမျိုးလူတွေ ထွက်လာချိန်မှာသာ ထွက်လိုက်တာပါ။ သူမက ထွက်လာချိန်မှာ ဓာတ်ပုံ အမိအရ တင်ခဲ့ပါတယ်။ သူမက လူငယ့်ခေါင်းဆောင်ဆုကို အမေရိကန်က ရထားသူပါ။ သူမနောက်မြန်မာပြည်မှာ ဘယ်သူကလိုက်နေပါသလဲ? သူမအလှူခံရင် ဘယ်လောက်များ ရမယ်ထင်ပါသလဲ?

အာဏာသိမ်းတယ့်နေ့ ဖမ်းချိန်မှာ သူမနဲ့ မောင်ဆောင်းခတို့မပါပါ။ မောင်ဆောင်းခကိစ္စကနောက်မှရေးပါ့မယ်။တပ်ကလဲ သူမကိုဖမ်းတဲ့စာရင်းထဲမထည့်ပါ။ သူမရဲ့အိမ်က စရဖအိမ်ရှေ့မှာပါ။ သူမကတပ်နဲ့ DASSK ဆို DASSK ကို ဝေဖန်တာပိုများလို့ပါ။ သူမကို အာဏာသိမ်းခါစ ဖမ်းမယ့်စာရင်းထဲ မထည့်ခဲ့ပါ။ နောက်ပိုင်းလဲ သာမန် ၅၀၅ လောက်သာ ကြေညာချိန်ထွက်ပြေးသွားခဲ့တာပါ။ သူမဟာအပြင်ရောက်ချိန်မှာလဲ NUG ကို ဆက်ဝေဖန်လို့ သူမမိဘတွေရဲ့အိမ်ကို မအလက ဘာမှမလုပ်ပါ။ သူမမိဘတွေကို သွေးသောက်ကလဲ ဘာမှမလုပ်သလို ချမ်းချမ်းအိမ်လိုတောင် မအလတပ်က မချိတ်ပိတ်ပါ။ သူမက ယူကေနိုင်ငံက The Sunday Telegraph သတင်းစာမှာ လူငယ်တွေက DASSK မရှိတဲ့နိုင်ငံရေးကိုလုပ်နေပြီ DASSK က အရေးမပါတော့သယောင် အင်တာဗျူးပေးပါတယ်။ အဆိုပါသတင်းထောက်က သူမကိုထင်ရှားတဲ့ လူ့အခွင့်အရေးသမား(High Profile 30 years old Rights activist) ဆိုပြီး နာမည်တပ်ပါတယ်။ သူမဟာ မြန်မာပြည်ထဲမှာ ဘာမှအကြီးအကျယ် လူ့အခွင့်အရေးအတွက် လှုပ်ရှားသူမဟုတ်တာ သာမန်ဒီမိုတွေသိပါတယ်။ သူမက The Times Newspaper သတင်းစာနဲ့ အင်တာဗျူးမှာ သူမက ပါတီထောင်ပြီး ဒီတော်လှန်ရေးမှာ ပါဝင်မှာဖြစ်ကြောင်း NLD ရဲ့ချုပ်ကိုင်မှုကို လျှော့ချမှာဖြစ်ကြောင်း ရေးထားပါတယ်။ သူမထောင်မယ့်ပါတီက BPLA တပ်ကိုဦးဆောင်တဲ့ပါတီပါ။ AA မှာ ပါတီရှိသလိုပေါ့။ သူတို့က NUG နဲ့ မဆိုင်ပါ။

အကျဉ်းချုပ်ရရင် စာရေးသူတို့ မြန်မာပြည်ထဲမှာ ရေပန်းစားတဲ့လူနဲ့ နိုင်ငံခြားမှာ ရေးပန်းစားသူက မတူပါ။ စာရေးသူတို့တွေကို လူမျိုးရေးခွဲခြားသူ၊ DASSK ကို မျိုးစုံပြစ်တင်ပြီး ပေါ်ပြူလာဖြစ်လိုသူတွေက နိုင်ငံခြားမှာ ခေတ်စားပါတယ်။ သူမက ဒီတော်လှန်ရေးမှာ DASSK မပါတာကောင်းတယ် အဖမ်းခံထားရတာ ကောင်းတယ်ဆိုပြီး The Times သတင်းစာနဲ့ အင်တာဗျူးမှာ ပြောခဲ့သူပါ။ အင်္ဂလိပ်စာတတ်သူများ မိမိဖာသာ ဖတ်ကြည့်ပါ။ ဒီနေရာမှာ အားလုံးသိထားရမှာက DASSK ဟာ အဖမ်းခံထားရပေမယ့် ပြည်တွင်းပြည်ပက မြန်မာလူထုအများစုကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်ဆိုတာပါ။တော်လှန်ရေးအတွက်လှူကြတာဖြစ်ပေမယ့် နိုင်ငံခြားက အလှူငွေရှာပေးသူ၊ လှူသူအများစုဟာDASSK ကို ကြည်ညိုလို့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချတာမကြိုက်လို့ဆိုသူက ၇၅% ပါ။ နောက်ပြီးအမေရိကန်မှာ ဥပဒေထွက်တာတောင် သဉ္ဇာတို့ကြောင့်မဟုတ်ပါ။ DASSK ကိုလေးစားတဲ့အထက်လွှတ်တော်အမတ် မက်ကော်နယ်က လုပ်ပေးထားလို့ဆိုတာ မမေ့ပါနဲ့။ NUG ထဲမှာရော NUCC ထဲမှာရော DASSK ကို မကြိုက်သူအချို့ရှိပါတယ်။ စာရေးသူသိပါတယ်။ ယခု US က မင်းတို့ပြောတဲ့Genocide လို့ ကြေညာတော့ မင်းတို့ကို အပ်တိုတစ်ချောင်းထောက်ပံ့လားလို့ ပြန်မေးပါရစေ။ အချို့ ဒုဝန်ကြီးအချို့ သတ္တိရှိရင် နိုင်ငံခြားက ရန်ပုံငွေပွဲမှာ DASSK မကောင်းကြောင်း တက်ပြောကြည့်ပါ။မင်းတို့ဒေသ PDF အတွက် DASSK ကို ဆန့်ကျင်ပြောရင် ဘယ်လောက်ရမလဲ စမ်းကြည့်လိုက်ပါ။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပြီး DASSK ကို ပြည်သူကထောက်ခံနေလို့ ရန်ပုံငွေအများစုက ရနေတာပါ။ ပြည်သူများလဲ မိမိတို့အချင်းချင်းသာ အားကိုးကြပါ။ အချို့က NGO နဲ့လုပ်စားများရှိပြီးသူတို့က မြန်မာပြည်ကောင်းစားဖို့ထက် ဒေါ်စုဖောင်းထုပြီး မိမိကောင်းစားဖို့ပါ။ အမြင်ရှင်းရှင်းနဲ့ NUG CRPH ကိုသာလှူပါ။ ပြည်သူအချင်းချင်းသာ ကူညီကြပါ။ ယခုမြန်မာပြည်သူတွေ ခံစားနေရချိန်မှာဘယ်အနောက်နိုင်ငံက သတင်းစာက လာမကူနေပါ။ ဘယ်အနောက်နိုင်ငံကမှ လာမကူနေပါ။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးပြီးသာ မအလတပ်ကို ပြန်တိုက်ကြပါ။ သူတို့နဲ့ကိုယ်တွေနဲ့ မအလဆန့်ကျင်တာတူနိုင်ပေမယ့် အချို့က NGO ထံက ပိုက်ဆံရဖို့ ဆန့်ကျင်တာဖြစ်ပြီး မိမိတို့က ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းတာမကြိုက်လို့ ဆန့်ကျင်တာပါ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

Reference: France 24, Sunday Telegraph, The Times




 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

3 Comments


Maung Chit Khaing
Maung Chit Khaing
May 04, 2022

တော်လှန်ရေးအတွက်လှူကြတာဖြစ်ပေမယ့် နိုင်ငံခြားက အလှူငွေရှာပေးသူ၊ လှူသူအများစုဟာDASSK ကို ကြည်ညိုလို့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချတာမကြိုက်လို့ဆိုသူက 99.99% ပါ။ သတ္တိရှိရင် နိုင်ငံခြားက ရန်ပုံငွေပွဲမှာ DASSK မကောင်းကြောင်း တက်ပြောကြည့်ပါ။


Like

Nay Nann myint
Nay Nann myint
May 04, 2022

သင်ဇာ နဲ့ ဆောင်းခ တို့သည်

ထရိုဂျဲန်များ သက်သက်

Like

Spring Song
May 04, 2022

သူက မြှောက်ကြွ မြောက်ကြွ ဆောင့်ကြွားကြွားနဲ့ နေရာတကာ သူသိ သူတတ် စဆရမက စတိုင်လ်မို့ စကားသံ စနားထောင်ကတည်းက နေရာရလိုမှု၊ ထင်ပေါ်ကျော်ကြားလိုမှုတို့က ဖုံးမရ ဖိမရ ပေါ်လွင်နေတာ အတိုင်းသား

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page