top of page
Search

တော်လှန်ရေးအတွက် သင်ဘာပြင်ထားရမလဲ?

Writer: Myat Tun Oo
Myat Tun Oo
May 18, 2021
1 min read

ယခုလောလောဆယ် မြန်မာပြည်ရဲ့ အနေအထားက အပေါ်ယံမှာ ငြိမ်နေသလိုရှိနေပါတယ်။ ဒါပေမယ့်သေသေချာချာ လေ့လာကြည့်ရင် ဆူတော့မယ့် ရေနွေအိုးလို အနေအထားပါ။ လမ်းပေါ်ကလူတိုင်းတပ်ထဲကလူတိုင်း စကားပြောကြည့်လိုက်ရင် အခြေအနေ မဟန်တော့တာ သိသာပါတယ်။ ဒါဆို ရှေ့မှာ ဘာတွေဆက်ဖြစ်မလဲ? ဘာတွေကြိုပြင်ထားရမလဲ?


နိုင်ငံရေး

ပြည်ပ

ယခုအချိန်မှာ အာဆီယံရဲ့ ကြားဝင်မှုကို ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ အာဆီယံက အနိမ်းဆုံးအနေနဲ့ သမ္မတဦးဝင်းမြင့်နဲ့ DASSK ကို ပြန်လွှတ်ခိုင်းထားပါတယ်။ မအလက အချိန်ဆွဲဖို့ ကြိုးစားနေပါတယ်။ သူက ပြန်မလွှတ်နိုင်ပါ။ ပြန်လွှတ်ရင် လူတွေက ယခုထက်ပိုဆူမှာပါ။ သူ့ကို စက်တင်ဘာလအထိ အာဆီယံက စောင့်နိုင်ပါတယ်။ စက်တင်ဘာအထိ မအလက ဘာမှ မလိုက်လျောရင် နိုင်ငံရေးအရ ပွဲပြတ်ပြီး ကမ္ဘာက NUG ကို ပေါ်ပေါ်တင်တင် အသိအမှတ်ပြုလာမှာပါ။ ဒါဆိုရင် နိုဝင်ဘာလနောက်ပိုင်း မြန်မာပြည်မှာ တိုက်ခိုက်မှုတွေ နေရာအနှံ့ စဖြစ်လာမှာပါ။ အတိုပါအချိန်မှာ PDF နဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်တွေဟာ အတိုင်းအတာတစ်ခုအထိ အင်အားရှိလာမှာပါ။


ပြည်တွင်း

မအလကို ပြည်သူတွေက မုန်းတီးတာဟာ NUG က တပ်သားသစ်စုဆောင်းဖို့ အခွင့်ကောင်းပါ။ မအလက တီဗီမှာထပြော ဇော်မဲလုံးက ထပြောလေ ပြည်သူတွေက မုန်းလေပါ။ ဩဂုတ် စက်တင်ဘာမှာဆန္ဒပြပွဲတွေက ပြန်အားကောင်းလာပြီး မအလကလဲ ပစ်မှာပါ။ ဒီအခေါက်မှာတော့ ပြည်သူတွေကိုကာကွယ်မယ့် တပ်ဖွဲ့တွေနဲ့ မအလဖက်ဆစ်တပ်တွေ ထိပ်တိုက်တွေ့ကြမှာပါ။

စီးပွါးရေး

ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် အာဏာမသိမ်းခဲ့ရင်တောင် စီးပွါးရေးကျပါမယ်။ မြန်မာပြည်က မအလရဲ့အတ္တကြောင့် အာဏာသိမ်းလို့ ယခုထက်ပိုဆိုးသွားမှာပါ။ ယခုဆိုရင် အထည်ချုပ်စက်ရုံတွေပိတ်နေပြီး အခြားစက်ရုံတွေပါ လိုက်ပိတ်ပါလိမ့်မယ်။ မြန်မာပြည်သူတွေရဲ့ အဓိကဝင်ငွေက နိုင်ငံခြားက မိမိအမျိုးက ပြန်ပို့တဲ့ပိုက်ဆံအပေါ်သာ မှီခိုရပါလိမ့်မယ်။ တိုင်းပြည်မှာ တိုက်ပွဲတွေဖြစ်မှာမိုလို့ ဘယ်ရင်းနှီးမြုပ်နှံမှုမှ လာမှာမဟုတ်ပါ။ မြန်မာပြည်ရဲ့ စီးပွါးရေးကို ဖျက်စီးနေတာက အခြားလူမဟုတ်ဘဲ မအလနဲ့ သူခန့်ထားတဲ့ ဝန်ကြီးတွေ ဗဟိုဘဏ်ဥက္ကဌတွေပါဘဲ။

သာမန်ပြည်သူ ကျပ်သိန်း ၂၀၀ အောက်သာ ဘဏ်မှာရှိသူအနေနဲ့ကတော့ လက်ထဲမှာ ငွေသားကိုင်ထားတာ အကောင်းဆုံးပါ။ ဘဏ်ထဲကနေ ရသလောက်ထုတ်ပြီး အိမ်မှာ ကျင်းတူးပြီးသာ ငွေသားကိုသိမ်းထားပါ။ စစ်ဖြစ်ရင် ဘဏ်ထဲကနေ ငွေသားထုတ်ဖို့က ယခုထက်ပိုခက်သွားမှာပါ။ စီးပွါးရေးကလဲကျပ်မှာမိုလို့ မိမိစုထားတဲ့ငွေကိုသာ အများစုက ထုတ်စားရမှာပါ။ ဆန်၊ ဆီ၊ ဆား ကြက်သွန်ကို တစ်နှစ်စာ ပိုက်ဆံရှိရင် ဝယ်စုထားပါ။ စစ်က အချိန်မရွေးထဖြစ်နိုင်လို့ပါ။ သင့်လက်ထဲမှာ မှတ်ပုံတင်နဲ့နိုင်ငံကူးလက်မှတ်ကို ဖြစ်နိုင်ရင် ကိုင်ထားပါ။


စစ်ရေး

ယခုအချိန်မှာ တရုတ်နိုင်ငံကလဲ အာဆီယံရဲ့ ကြားဝင်မှုကို စောင့်နေပါတယ်။ အာဆီယံအဆင်မပြေခဲ့ရင် စက်တင်ဘာအထိ မအလက အာဆီယံတောင်းထားတာ မလိုက်လျောခဲ့ရင် NUG က လက်နက်တွေ ရရှိလာမှာပါ။ ထိုအချိန်မှာ တရုတ်နိုင်ငံကလဲ သူ့ဩဇာခံအဖွဲ့တွေကို ရှမ်းမြောက်မှာ အရှိန်မြှင့်တိုက်ခိုင်းလာနိုင်ပါတယ်။ ဒီအခေါက်မှာ စစ်ဖြစ်ခဲ့ရင်တော့ ပြည်မမှာပါ တိုက်ပွဲဖြစ်မှာဖြစ်ပြီး ဒီမိုတွေဘက်ကလဲ ယခင်စစ်ပွဲတွေကနေ သင်ခန်းစာယူပြီး ဖြစ်မှာပါ။ ဒါ့ကြောင့် မအလဖက်ဆစ်တပ်အနေနဲ့အကျအဆုံးများလာမှာပါ။ အကျအဆုံးများလာခဲ့ရင် အထက်မှာ ဘယ်လောက်စည်းလုံးစည်းလုံးအောက်ခြေမှာ တပ်ပြေးများလာပြီး လက်နက်တိုက်ဖွင့်ပေးတာအထိ ဖြစ်လာမှာပါ။ နောက်ပိုင်းမှာ သူ့လက်နက်နဲ့ သူပြန်အတိုက်ခံရမှာပါ။


အကျဉ်းချုပ်ရရင် မအလအနေနဲ့ အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်တာကို ခွင့်မပြုရင် မြန်မာပြည်ဟာနိုဝင်ဘာလမှာ အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်သွားနေပါတယ်လို့ ပြောပါရစေ။ မအလကို ဆူဒန်မှာလို တပ်တွင်းကဖြုတ်ချမလား မဟုတ်ရင် တိုင်းပြည်အပျက်ခံမလားဆိုတာကတော့ လက်ရှိတပ်ခေါင်းဆောင်ပိုင်းက စဉ်းစားသင့်ပါတယ်။ ပြည်သူကတော့ ဖက်ဆစ်မအလကို ဘယ်နည်းနဲ့မဆို ဖြုတ်ချဖို့ ပြင်နေပါပြီ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page