top of page
Search

တော်လှန်ရေးအတွက်လိုအပ်သော စည်းလုံးခြင်းအင်အား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 8, 2022
  • 2 min read

ယခုရေးတာက စာရှည်ပါမယ်။ တော်လှန်ရေးအောင်ဖို့အတွက် ဘာအဓိကလိုအပ်လဲဆိုတာကိုအထောက်အထားနဲ့ ရေးပြလိုတာပါ။


ခေါင်းဆောင်မှု(leadership)

ဝေဖန်သူအများစုက ဘာဖြစ်ဖြစ် NUG ကိုဝေဖန်တာများပါတယ်။ တိုင်းရင်းသားတွေကို မစုစည်းနိုင်လဲ NUG ကိုဝေဖန်၊ ဘာဖြစ်ဖြစ် NUG ကိုဝေဖန်တာ တွေ့ရပါတယ်။ မြန်မာပြည်မှာဖြစ်နေတာကခေါင်းဆောင်မှုပြဿနာ leadership crisis မဟုတ်ပါ။ ဖြစ်နေတာက အဖွဲ့ကွဲပြီး ခေါင်းဆောင်ဖြစ်လိုသူတွေများနေတာပါ။ DASSK အစိုးရအနေနဲ့ အုပ်ချုပ်ခဲ့ချိန်မှာတောင် စုစည်းနိုင်မှုဟာ အကန့်အသတ်ရှိခဲ့ပါတယ်။ ယခု NUG မှာ သမ္မတကအစ အောက်ခြေအထိ လူသစ်တွေပါ။ ခြေစွမ်းပြနေတဲ့ သမ္မတ၊ကာဝန်၊ နိုင်ငံခြားရေး၊ စီမံဘဏ္ဍာ၊ ကျန်းမာရေး၊ ပြည်ထဲရေးဝန်ကြီးတို့ဟာ NLD အစိုးရလက်ထက်လူမသိခဲ့သူများပါ။ လူကယ်ပြန်ကိုသာ စာရေးသူတို့သိခဲ့တာပါ။ ဒါကြောင့် NUG ရဲ့ စွမ်းဆောင်မှုဟာရည်မှန်းချက်ထက် ကျော်လွန်နေတယ်လို့ ပြောလို့ရပါတယ်။ စာရေးသူရဲ့ မျှော်မှန်းထားတာထက်ကောင်းပါတယ်(better than expectation) ပါ။ သူ့ကို အောင်မှာလားထင်ထားတာ ဂုဏ်ထူးတောင်ထွက်နေပါတယ်။


အခြေခံဥပဒေဆွဲနိုင်ရင် အတိုင်ပင်ခံကောင်စီအလုပ်ဖြစ်ရင် တော်လှန်ရေးနိုင်မှာလား?

ဝေဖန်ရာမှာ အတိုင်ပင်ခံကောင်စီ (NUCC) က NLD ထွက်လို့ ဘာလို့ညာလို့ဆိုပြီး NLD နဲ့ ပြည်သူကိုတိုက်ပေးတာ တွေ့ရပါတယ်။ ထပ်ပြောပါ့မယ် NUG က ရွေးကောက်ပွဲကနေလာတာပါ။ တရားဝင်မှုရှိပြီးသားပါ။ ဆီးရီးယားမှာက ရွေးကောက်ပွဲကနေမလာတဲ့ အတိုက်အခံက အစိုးရဖွဲ့လိုလို့ Syrian National Council ဆိုပြီးဖွဲ့ပါတယ်။ အခြေခံဥပဒေဆွဲသလို အနောက်တိုင်းကို ဘောမသလိုသွားလုပ်ပြီး အထဲကတော်လှန်ရေးအဖွဲ့တွေနဲ့ ဝေးသွားခဲ့ပါတယ်။ မြန်မာပြည်လို သူတစ်လူ ငါတစ်မင်းနိုင်ငံမှာမိမိက ဘာအာဏာမှမရှိသေးခင် ခြေဥဆွဲခိုင်းတာ သီအိုရီအရ ကောင်းပေမယ့် ထောင်ချောက်ပါ။ လုပ်နိုင်ရင် ချီးကျူးရမှာပါ။ ဒါပေမယ့် ဒီကိစ္စမှာ အချိန်မဖြုန်းပါနဲ့။ နှစ်၅၀ ရှင်းမရတဲ့ ပြဿနာကို တစ်နှစ်အတွင်းရှင်းလို့ရဖို့ မမြင်ပါ။


အနောက်ထံက လက်နက်မရတာ NUG အပြစ်လား?

အနောက်အုပ်စုက ယူကရိန်းကို လက်နက်ထောက်ပံ့နေတာ အားလုံးသိမှာပါ။ စာရေးသူက တရုတ်နဲ့အိန္ဒိယကိုကြည့်ရာမှာ နဂိုထဲက မကူညီဘူးလို့ ပြောထားတဲ့ အိမ်နီးချင်းက မကူညီလို့ ထူးပြီး ဝမ်းနည်းစရာ အကြောင်းမရှိပါ။ အမေရိကန်၊ အင်္ဂလိပ်နဲ့ အနောက်အုပ်စုဟာ ရိုဟင်ဂျာကိစ္စမှာ ဝင်ကူမလို ဂျိုးပြောမိုးပြောနဲ့ ယခုက လက်နက်မပြောနဲ့ စစ်ကိုင်းက ဒုက္ခသည်ကိုတောင် ရိုလိုမထောက်ပံ့ပါ။ စာရေးသူက အနောက်မှာမနေတာကြောင့် စာရေးသူရဲ့ တွေးခေါ်မှုဟာ အနောက်မမျှော်ပါ။ သမ္မတ ဂျိုဘိုင်ဒင်က သူသမ္မတမဖြစ်ခင် ရိုဟင်ဂျာအရေးဘာညာ တီတာ(Twitter) မှာ လေလုံးမိုးလုံး ကြီးထားသူပါ။ ထိုအချိန်မှာ တရုတ်နဲ့ အိန္ဒိယက အာမချောင်နေပါ။

အနောက်အုပ်စုက မြန်မာပြည်သူတွေကိုလက်နက်မထောက်ပံ့တာဟာ NUG ညံ့လို့မဟုတ်ဘဲ သမ္မတဘိုင်ဒင်ရဲ့ ပေါ်လစီကြောင့်ပါ။ ယခုလေယာဉ်ပစ်ရတာလဲ အမေရိကန်ကြောင့်မဟုတ်တာ ကြိုပြောထားပါရစေ။ ဘယ်သူလဲဆိုတာ စာဖတ်သူများ ခန့်မှန်းနိုင်ပါတယ်။


ပြည်တွင်းလက်နက်ကိုင်စည်းရုံးမှု

ယခုအချိန်မှာ တိုင်းရင်းသား EAO ဒေသတွေက PDF တွေက ထိုဒေသက အဖွဲ့အောက်မှာ အမိန့်နာခံရမှာပါ။ ဒါပေမယ့် အခြားဗမာနယ်နဲ့ EAO မရှိတဲ့ဒေသက လက်နက်ကိုင်များက NUG စစ်အမိန့်ကို နာခံရပါမယ်။ ဗိုလ်နဂါးကအစပါ။ ဥပမာ ဗိုလ်နဂါးက NUG က ဘာမှနားမလည်ဘူး မသိဘူးဆိုရင် သူဟာလဲမအလလို စစ်ဗိုလ်တစ်ယောက်သာ ဖြစ်သွားမှာပါ။ လက်နက်ကိုင်အဖွဲ့အားလုံးဟာ အရပ်သားအောက်မှာ ရှိရမှာပါ။ civilian supremacy ကို တော်လှန်ရေးကာလမှာထဲက မကျင့်သုံးရင် မအလနောက်တစ်ယောက်ထပ်ပေါ်လာဖို့သာ ရှိမှာပါ။ ပြည်သူတိုင်းက NUG ကတဆင့်ထောက်ပံ့မှာလား စစ်ဘုရင်လေးတွေဖြစ်အောင်ထောက်ပံ့ပြီး ဆီးရီးယားနဲ့ လစ်ဗျားလို မြန်မာပြည်ကို ဖြစ်သွားစေချင်လားဆိုတာ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။

ဒီနေရာမှာ အားလုံးက လေယာဉ်ပစ်လက်နက်လိုချင်ပါတယ်။ ဒီနေရာမှာ တပ်ဖွဲ့တိုင်းက NUG ရဲ့အမိန့်နာခံမှ လက်နက်ပေးလို့ အဆင်ပြေလာမှာပါ။ အမိန့်နာခံတယ်ဆိုပြီး လိုင်းပေါတက်ပြောရုံနဲ့မရပါ။ စစ်အမိန့်နာခံတယ်ဆိုတာ သေဆိုသေ ရှင်ဆိုရှင်ပါ။ ဥပမာ အနုမြူရေငုပ်သင်္ဘောမောင်းတဲ့တပ်ဆိုရင်စက်ပျက်လို့ အင်ဂျင်ပိတ် သတ်သေဆို သတ်သေရပါတယ်။ စစ်တပ်ထဲမှာ ဒီမိုကရေစီလိုချင်လို့ မရပါဘူး။ အမိန့်နာခံရပါမယ်။ နောက် PDF လို့ခံယူသူ စစ်သားများအနေနဲ့ အင်တာဗျူးပေတာ လျှော့ပါ။ဗိုလ်နဂါးကစလို့ပါ။ မဟုတ်ရင် သင်ဟာရန်သူကို သတင်းပေးဖြစ်မှန်းမသိ ဖြစ်သွားတတ်ပါတယ်။ AA၊KNU၊ KIA ဘယ်တပ်သားက အင်တာဗျူးပေးနေပါလဲ?


ပေါက်မှာ တိုက်သွားတာဆိုရင် NUG အောက် စနစ်တကျအင်အားစုပြီး လက်နက်တွေနဲ့ စနစ်တကျဝင်တိုက်တာမျိုးပါ။ ယခင်က ပစ်ပြေးတာ မိုင်းစွဲပြေးတာက မအလတပ်ကို အင်အားဖြုန်းရာမှာ အသုံးဝင်ခဲ့ပေမယ့် ရန်သူ့စခန်းကိုဝင်တိုက်ဖို့ ဝင်သိမ်းဖို့ဆိုရင်တော့ စုစည်းဖို့ အမိန့်နာခံဖို့လိုပါတယ်။


ဒါဆိုမင်းက NUG ကို ဘာဝေဖန်မှာလဲ?

ဘာမှဝေဖန်စရာမရှိပါ။ NUG အနေနဲ့ AA ကို လေ့လာပါ။ သတင်းစာရှင်းလင်းပွဲလုပ်တာကအစ AA ကဘယ်သူတက်ဆိုတာ သေချာရွေးပါတယ်။ သူ့နယ်မြေထဲမှာ လက်နက်ကိုင်နှစ်ဖွဲ့မထားပါ။ AA ရဲ့ဝင်ငွေရှာတာက NUG က အစိုးရမိုလို့ အတုယူလို့မရတာကလွဲရင် ကျန်တာတွေ အတုယူပါ။ ရှင်းစရာရှိသူကို ပြတ်ပြတ်သားသားရှင်းပါ။ အနောက်ကိုမျှော်ပြီး မူဝါဒမချပါနဲ့။ မိမိနိုင်ငံနဲ့ လက်တွေ့ကျတာကိုချပြပြီး လက်တွေ့ကျကျ ကူမယ့်နိုင်ငံနဲ့ အပေးအယူလုပ်ပြီးသာ ဆက်လုပ်ပါလို့ ပြောပါရစေ။


အကျဉ်းချုပ်ရရင် ဒီပွဲက ပြည်သူတွေညီရင် သေချာပေါက်နိုင်မှာပါလို့ ပြောပါရစေ။ မေးခွန်းက NUG ရဲ့ ဦးဆောင်မှုမဟုတ်ဘဲ ပြည်သူတွေရဲ့ ညီညွတ်စွာ နောက်လိုက်ကောင်းမှုသာ တော်လှန်ရေးကိုအဆုံးအဖြတ်ပေးမှာပါလို့ ပြောပါရစေ။ လူတိုင်းအဖွဲ့ထောင် ခေါင်းဆောင်/ဗိုလ်ဖြစ်လိုတဲ့စိတ်ကိုလျှော့ပြီး အမိန့်နာခံရင် ဒီပွဲကာမနိုင်စရာအကြောင်းကိုမရှိပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page