top of page
Search

တော်လှန်ရေးအတွက် လိုနေတာက ငွေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 20, 2021
  • 1 min read

စာရေးသူကို နိုင်ငံခြားကတူက မေးပါတယ်။ ဦးလေး ကျွန်တော်တို့နိုင်မှာလားတဲ့။ အဖြေက နိုင်ဖို့ကသေချာပါတယ်။ လိုနေတာက လက်နက်ဝယ်ဖို့ ငွေပါလို့။ သူက ဘယ်လောက်လိုမလဲလို့ မေးပါတယ်။စာရေးသူက ဒေါ်လာသန်း ၁၀၀ လို့ ဖြေလိုက်ပါတယ်။

ဘာ့ကြောင့်လဲ? စာရေးသူ ယခုအချိန်မှာ ဘယ်နား ဘယ်ဒေသဟာ NUG အစိုးရရဲ့ လွတ်မြောက်နယ်မြေဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရနေပါပြီ။ NUG က ဝန်ကြီးတစ်ပါးထံ ယခုလိုထင်ထားတဲ့အတိုင်း မဖြစ်ခင်ကတောင် တော်လှန်ရေး အစပိုင်းမှာ စာတမ်းပို့ခဲ့ပါသေးတယ်။ သူက ကာကွယ်ရေးဝန်ကြီးထံပေး မပေးတော့ မသိပါ။ ယခုကလဲ စာရေးသူတွက်ထားတဲ့အတိုင်း မြေပြင်မှာ တိုက်ဆိုင်စွာဖြစ်လာနေတာပါ။

ဆရာ သန်း ၁၀၀ က မများဘူးလားဆိုရင် ဒီငွေဟာ မအလတပ်ခိုးနေတဲ့ပိုက်ဆံရဲ့ အစွန်းထွက်သာရှိပါတယ်။ စစ်ပွဲမှာ နယ်မြေထိန်းထားဖို့ လက်နက်ကြီးတွေ လေယဉ်ပစ်အမြောက်တွေ လိုပါတယ်။ ဒါမှ ဝမှာလို ဝင်မပစ်ရဲမှာပါ။ ခေတ်မှီလက်နက်သာရရင် စာရေးသူတို့နိုင်မှာက မြေကြီးလက်ခတ်မလွဲပါ။စာရေးသူတို့ရဲ့ အင်္ဂလိပ်၊ အမေရိကန်က လေသာရှိပြီး လက်တွေ့တော်လှန်ရေးအတွက် လက်နက်မလာသေးပါ။

ဒီနေရာမှာ တာလီဘန်က ပြည်ပအားမကိုးဘဲ ဘိန်းခွန်၊ ဝင်ငွေခွန်၊ လယ်ယာခွန်၊ အိမ်ခွန်၊ လုပ်ငန်းခွန်ကောက်ပြီး ငွေရှာသွားခဲ့ပါတယ်။ ဝ အဖွဲ့လဲ အဆိုပါနည်းနဲ့ ငွေရှာခဲ့ပါတယ်။ AA လဲ ထို့အတူပါဘဲ။စာရေးသူတို့က ဒီမိုဆိုတော့ ဘိန်းနဲ့ပတ်သက်လို့ မရပါ။ ဒါဆိုရင် ထီနဲ့ ဝင်ငွေရှာရပါမယ်။ လုပ်ငန်းရှင်တွေထံက အခွန်ကောက်ရပါမယ်။

မြန်မာပြည်က ပြည်သူတွေက

ပြည်တွင်းမှာ နွေဦးထီကိုအားပေးပြီး ပြည်ပမှာ Raffle million ထိုးပြီး တော်လှန်ရေးကို အားပေးပါလို့ပြောပါရစေ။ သူက ငါးသန်းသာ မှန်းထားတာပါ။ ငွေဟာ တော်လှန်ရေးမှာ စိတ်ဓာတ်ကဲ့သို့ အရေးကြီးပါတယ်။ လေနဲ့ စစ်တိုက်လို့မရပါ။ ငွေနဲ့ စိတ်ဓာတ်ပေါင်းတိုက်မှ နိုင်မှာပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 20, 2021

ဦးမြတ်!!! ဆောင်းပါးတွင်ဖော်ပြချက်အရ အခြားလက်နက်ကိုက်အဖွဲ့အစည်းများ လက်နက်ကိုင် တပ်ဆင်နိုင်ခြင်းနောက်ကွယ်မှာ မူးယစ် သစ် တွင်းထွက်သယံဇာတ တခုခုဖြင့် ထောက်ကန်ထားသည်ကို တွေ့ရှိရပါသည်။

NUG & PDF တို့နောက်မှာ ယင်းသို့ ရပေါက်ရလမ်း မရှိပါ။

**NUG PDF ဟူသော ရင်

**ထောက်ခံသူ ပြည်သူ ဟူသော ကျော

ရင် နှင့် ကျောကပ်လျက် ဖြေရှင်းမှသာ ရနိုင်မည့်အခြေဖြစ်ပါသည်။ ကျောသား ရင်သား မခဲွဲခြားပဲ တသားတည်းအခြေရောက်ဖို့ လိုအပ်နေပါသည်။

လှူဒါန်းသူပြည်သူအနေဖြင့် ခုကာလ ဂုဏ်မဆာကြရန်လည်း လိုပါသည်။

ခုကာလ ဖေစ ့်ဘုတ်စာမျက်နှာပါ ပို့စ်တွေတက်လာရင် up တို့ လှူနိုင်ကြပါစေတို့ အလှုရှင်များ တိုးပွါးကြပါစေတို့ ဖေ့စ်ဘုတ် လေ မေတ္တာများသာ အတွေ့များရပါသည်။ သည်လိုရေးမည့်အစား ၅၀၀/၁၀၀၀ မှသည် စုဆောင်း၍ ထောင်ကြီး ပမာဏတစ်ခုရပါက အဆက်သွယ်ရှာ၍ လှူလိုက်ပါ။ လှူလိုက်ပြီး မည်သည့် တုန့်ပြန်မှု မျှော်လင့်ချက် မထားပါနှင့်။

တစ်ပါးသူ ကောင်းစားရေးသာ ဦးတည်၍

~ဗဟုဇန ဟိတာယ

~ဗဟုဇန သုခါယ

အများကောင်းကျိုး ရည်ရွယ်သည့်မို့ သန့်ရှင်းသော အလှူသည် သန့်ရှင်းစွာ အကျိုးပေးမြန်ရရှိပါမည်။

မနော ကံ မေတ္တာ

ဝစီကံ ကံ မေတ္တာ မှသည်

ကာယ ကံ မေတ္တာထိ

ခရီးပေါက် ရောက်ရှိအောင်

ကြိုးစား လှုဒါန်းနိုင်ကြပါစေ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page