top of page
Search

တော်လှန်ရေးအတွက် ဆုံးဖြတ်မည့် ဒေါနတောင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 8, 2024
  • 1 min read

ယခုအချိန်မှာ မအလဟာ စစ်မျက်နှာများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ အချို့က တရုတ်ဖိအားကြောင့် ရပ်နိုင်တာရှိသလို အချို့ကလဲ မိမိပြည်နယ်ရရင် ကျေနပ်ပြီး ရပ်လိုသူတွေ ရှိနိုင်ပါတယ်။ အချို့ကလဲ မိမိအကျိုးစီးပွားလုပ်ခွင့်ရရင် ရပ်သွားနိုင်ပါတယ်။

ထိုအထဲမှာမ ဒီမိုစနစ်ကို အခြေခံပြီး ဒီမိုဘိုးအေကြီးတွေက KIA နဲ့ KNU ပါ။ နှစ်ဖွဲ့စလုံးဟာ NUG နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပါတယ်။ KIA မှာလဲ ခွဲထွက်အဖွဲ့တွေ ရှိခဲ့ပေမယ့် သူတို့က ယခုအသစ် PDF အင်အားကို မယှဉ်နိုင်ပါ။ လက်နက်ပိုင်းမှာလဲ မြောက်ပိုင်းမှာက လက်နက်ထုတ်လုပ်နိုင်စွမ်း ပိုပါတယ်။ တောင်ပိုင်းကတော့ ပြည်ပနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပြီး NUG ရော KNU ကိုပါ အနောက်ကမ္ဘာနဲ့ ဆက်သွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် မအလဟာ ‌ကချင်၊ ရခိုင်နဲ့ ကယား/ကရင်နီမှာ စစ်ရှုံးနေပေမယ့် ကရင်ကိုသာ မဲတိုက်နေတာ တွေ့ရမှာပါ။

ယခုအောင်ဇေယျစစ်ကြောင်းက ဘယ်မှာလဲ? နာမည်ရွေးချယ်မှုက နမိတ်ယုံသူ မအလအတွက် နိမိတ်မကောင်းစေခဲ့ပါ။ အောင်ဇေယျစစ်ကြောင်းဟာ အစပိုင်း ပိတ်ဆို့တိုက်ခိုက်မှုတွေကို ကျော်လွှားနိုင်ခဲ့တာတော့ အမှန်ပါ။ စစ်ပွဲမှာ သေသူဘယ်နှစ်ယောက်မသိပေမယ့် ဒဏ်ရာရအပြီး ဆေးရုံမှာသေသူက ၂၀ ကျော်ပါတယ်။ ဒဏ်ရာရပြီး အတွင်းလူနာအဖြစ် ကုနေရသူက ၁၀၀ ကျော်ပါတယ်။ ဒါက အတည်ပြုနိုင်တာပါ။ ဒါကိုကြည့်ရင် သေသူ/အလောင်းပြန်မရသူက ၁၀၀ ကျော်နိုင်ပါတယ်။ စုစုပေါင်း တပ်အင်အားရဲ့ ၂၀၀ လောက်ထိသွားတာပါ။ ယခင်ကလို လူသစ်ဖြည့်ဖို့က မလွယ်လို့ ပထမပိုင်းမှာ တပ်ပြန်ဖြည့်နိုင်ပေမယ့် ဒေါနတောင်ပေါ်တက်လေ ထောက်ပို့လမ်းက ပိုရှည်ပြီး ဖြတ်တိုက်ခံရနိုင်လေပါ။

ဒါထက်အရေးကြီးတာက ယခု‌‌ မေလအကုန်/ဇွန်လဆန်းမှ ဒေါနတောင်မကျော်နိုင်ရင် မိုးကြောင့် လေကြောင်းပစ်ကူက ပိုခက်မှာဖြစ်သလို ထောက်ပို့ရတာလဲ ပိုခက်လာမှာပါ။ ဒါကြောင့် ဇွန်လဆန်းမှ ဒေါနတောင်မသိမ်းနိုင်ရင် မအလစစ်ရှုံးမှာပါ။

ဒေါနတောင်က ဘာကိုဆုံးဖြတ်မလဲ? ဒီကိစ္စက မအလနဲ့ စိုးဝင်းသာမက တပ်ထောက်ခံသူတွေအတွက်ပါ စိတ်ဓာတ်စစ်ဆင်ရေးအရ အလွန်ကို အရေးကြီးပါတယ်။ စိုးဝင်းဆင်းတိုက်လို့မှ မနိုင်ရင် သူတို့မှာ ကယ်သူမရှိတာ သူတို့သိသွားမှာပါ။ နောက် ဒေါနတောင်ကို မကျော်နိုင်ခဲ့ရင် မြဝတီကို KNU က ပြန်ဖိအားပေးမှာပါ။ နောက်မအလတပ်လန်သွားရင် ကော့ကရိတ်ဂွင်ကလဲ ကြာကြာဆက်ထိန်းထားဖို့ ခက်မှာပါ။ မြဝတီကလဲ ထိုအချိန်မှာ မအလတပ်က ပြန်ဆုတ်ရမှာပါ။

မြဝတီကျရင် စိတ်ဓာတ်အရ မအလတပ်ကျသွားမှာဖြစ်ပြီး ထိုင်းကတဆင့် မအလကို အဖြေရှာဖို့ ဖိအားက ယခုထက်ပိုတိုးလာမှာပါ။ နောက်မြဝတီကတဆင့်လဲ အနောက်အုပ်စုက ထောက်ပံ့ပြရပါတော့မယ်။ ယခင်ကလို ရူးချင်ယောင်ဆောင်ဖို့ ခက်သွားမှာပါ။

မြဝတီကို KNU ထံကျသွားခဲ့ရင် တရုတ်က အမေရိကန်မဝင်အောင် သူ့လူနေရာများများရအောင် ရှမ်းမြောက်က ပြန်စလာနိုင်ပါတယ်။ ဒါကြောင့် မအလအတွက်ဖိအားက ပိုကြီးလာမှာပါ။

ဒီထက်ကြီးတာက KIA က ကချင်ပြည်နယ်တစ်ခုလုံးနီးပါး သိမ်းလာနေပြီး ကချင်ကနေ အောက်ဆင်းလာရင် မအလအနေနဲ့ အင်မတန်ထိန်းရခက်သွားမှာပါ။ မအလတပ် စစ်ကိုင်း၊ မကွေး ဒေသအချို့မှာ ယမ်းကားနေနိုင်တာက နဂါးလိုအဖွဲ့တွေက NUG အောက်မှာ ရှိမနေဘဲ ကွဲနေလို့ပါ။ နယ်မြေထိစပ်လာပြီး လက်နက်ထောက်ပံ့လာနိုင်ရင် လူသူအင်အားရှိပြီးသား အညာဒေသဟာ မအလအတွက် စစ်ရှုံးဒေသဖြစ်မှာပါ။ ဒါကမအလတပ် ဒေါနတောင်ကျော်နိုင်လဲ KIA စစ်နိုင်နေတာကို မအလကထိန်းမရတာကို ပြောပြတာပါ။ ဒေါနတောင်လဲရှုံး ကချင်လဲ စစ်ရှုံးဆိုရင် မအလတပ်က မိအေးနှစ်ခါနာပါ။

အကျဉ်းချုပ်ရရင် ဒေါနတောင်ဟာ တော်လှန်ရေး ဘယ်လောက်မြန်မလဲဆိုတာကို အဆုံးအဖြတ်ပေးမှာပါ။ တော်လှန်ရေးက အနိုင်လမ်းကိုရောက်နေပါပြီ။ ခရီးမြန် မမြန်က ပြည်သူကသာ ဆုံးဖြတ်သွားမှာပါလို့ ပြောပါရစေ။ ပြည်သူက တပ်တော်တွေနဲ့ ငွေခေါင်းမကွဲရင် အသံထက်မြန်သွားနိုင်သလို တပ်တော်တွေလှူ ဇတ်တော်တွေကွဲရင်တော့ လိပ်သွားသလို ဖြစ်သွားနိုင်သလို ဆီးရီးယားလိုလဲ အဆုံးသတ်သွားနိုင်ပါတယ်။ ဒါကြောင့် ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ ပြည်သူက NUG အောက်က PDF ကိုသာ မျက်နှာမူပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
May 09, 2024

 ဆီးရီးယားလို အဆုံးသတ်သွား မှာပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page