top of page
Search

တော်လှန်ရေးသာထွက်ပေါက်ပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 21, 2021
  • 1 min read

မအလက သက်တမ်းအကန့်အသတ်မရှိတိုးတယ်။ သဘောက တစ်သက်လုံး သေမှဆင်းမယ်ဆိုတဲ့သဘော။

NLD ပါတီကို ဖျက်မယ်ဆိုပြီး မဲမနိုင်တဲ့ ပါတီတွေနဲ့ မအလကပြောပြီ။ ဒါ့ကြောင့် ပြည်သူကို ဒဲ့စိန်ခေါ်တာပါ။

နောက် Non CDM ဝန်ထမ်းတွေကို ထီစရောင်းခိုင်းပြီ။ နောက်ဆို တပ်ထဲကလို ဘာကြေး ညာကြေးရန်ပုံငွေ စဖြတ်တော့မှာ။ နောက် စိုက်ပျိုးရေး ကြက် ဝက်မွေးဖို့ပါ လုပ်ခိုင်းလာပါလိမ့်မယ်။

သူ့အောက်က ဌာနတွေကလဲ စီးပွါးရေးကအစ YBS ၊ မြန်မာ့မီးရထားအဆုံး ဖျက်ဆီးဖို့ ကြိုးစားနေတာမျက်မြင်ကိုယ်တွေ့။

ဒါတွေကို ရပ်စေလိုရင် မအလ ပြုတ်ကျစေလိုရင် သူ့ကို တိုက်ထုတ်မှရပါမယ်။

ဖက်ဆစ်တပ်မတော်ဟာ တိုင်းပြည်ရဲ့ ကင်ဆာပါ။ ကင်ဆာကို တိုက်တဲ့အခါ မိမိလဲထိပါတယ်။ ဒါပေမယ့် ဒီကင်ဆာကို ပြည်သူတွေကအသေခံပြီး တိုက်ကြရမှာပါ။ ဒုတိယကမ္ဘာစစ်မှာလဲ နာဇီနဲ့ ဖက်ဆသ်အောက်ကို မရောက်လိုလို့ လူပေါင်းများစွာ အသက်ပေးပြီး တိုက်ခဲ့ရပါတယ်။ ဖက်ဆစ်မအလကိုလဲထို့အတူ တော်လှန်မှသာ ရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page