top of page
Search

တော်လှန်ရေးက စစ်ရေးအရ နိုင်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 3, 2021
  • 1 min read

ဒီမေးခွန်းကို မအလဘောမများကိုမေးရင် ဗကပကိုတောင်နိုင်လာတာ KNU ကို နိုင်လာတာ၊ KIA ကိုနိုင်လာတာ ဒါ့ကြောင့် နိုင်မယ်လို့ သူတို့ကဖြေပါလိမ့်မယ်။ တပ်မတော်ကြီးက နှစ် ၇၀ ကျော်ကြာ ခိုးလာတဲ့ Sorry ရှိလာတဲ့ အဖွဲ့အစည်းကြီးမိုလို့ နိုင်မှာ ဘာညာဆိုပြီး ပြောကြပါလိမ့်မယ်။

ပထမဆုံးက KNU နဲ့ KIA ကို မနိုင်သေးပါ။ သူတို့ပြည်နယ်တွေမှာ ရှိနေပါသေးတယ်။ ဝ ဆို ကိုယ်ပိုင်နိုင်ငံလိုတောင် ဖြစ်နေပါပြီ။ ဝ ဟာ ဗကပရဲ့ လက်ကျန်ပါ။ ဒါ့ကြောင့် ဗကပကို နိုင်တယ်ဆိုတာလဲ လုံးဝမမှန်ပါ။

ဖေဖော်ဝါရီ (၁) ရက်မတိုင်ခင်က ပြည်သူ့အစိုးရမှာ တပ်မရှိခဲ့ပါ။ NLD ဟာ ပါတီနိုင်ငံရေးကလွဲလို့အခြားနည်းမသုံးခဲ့ပါ။ ဧပြီနောက်ပိုင်းမှာ ပြည်သူက လက်နက်စွဲကိုင်ပြီး စတော်လှန်လာကြပါပြီ။ စစ်သဘောအရ တိုက်ပွဲများလေ အတွေ့အကြုံများလာလေပါ။ ဥပမာ ဗုံးခွဲတာတောင် ဗျူဟာကျကျ ခွဲလာနိုင်နေပါတယ်။ စစ်တိုက်တာကိုကြည့်ရင်လဲ စစ်ပွဲတစ်ပွဲထက်တစ်ပွဲမှာ PDF က မအလတပ်ကိုအကျအဆုံးများအောင် လုပ်နေနိုင်တယ်ဆိုတာ ပုံပြင်မဟုတ် လက်တွေ့ပါ။ တိုက်ပွဲများလာလေ PDF တွေက ပိုတော်လာလေပါ။ နောက် PDF က ဒေသခံ အသိပညာရှင် အတတ်ပညာရှင်များနဲ့ ဖွဲ့စည်းထားလို့ မအလတပ်ထက် ပိုပညာတတ်သလို ခံယူချက်လဲ ပိုပြင်းပါတယ်။ ပြည်သူ့ထောက်ခံမှုကလဲ PDF က အပြည့်အဝရထားတာပါ။ မအလက ရေရှည်မှာ PDF တွေ စစ်ပန်းမယ်လို့ တွက်ထားပေမယ့်စာရေးသူက PDF က ကြာလေတိုက်တာ ပိုတော်လာလေ ဖြစ်လာပြီး အင်အားကောင်းတဲ့ တပ်မတော်ဖြစ်လာမှာပါ။ PDF ကို ပြည်သူ သန်း ၆၀ ကို ပြန်ဖြည့်လို့ရပေမယ့် မအလက ၅ သိန်းသေရင် ပြန်မရပါ။ နောက်လက်နက်ကလဲ နိုဝင်ဘာမှာ မအလက အာဆီယံကို DASSK နဲ့ ပေးမတွေ့ရင် PDF ထံကိုလက်နက်ရောက်ဖို့ လမ်းစပွင့်သွားမှာပါ။ ဖိအားမရှိရင် မအလ မကြောက်ဖူးဆိုတာ တရုတ်သိပါတယ်။

နောက် PDF တွေကို ဘယ်သူလူစုပေးနေလဲ မေးစရာရှိပါတယ်။ လက်နက်ကိုင်တယ်ဆိုတာ နိုင်ငံရေးလမ်းမရှိလို့ပါ။ ဒီလိုမျိုးဖြစ်အောင်လုပ်နေတာက မအလတပ်ကိုယ်တိုင်ပါ။ မအလဘောမသူများကသူတို့ရှုံးရင် ဧည့်စာရင်းစစ် ဖြတ်လေးဖြတ်ဆိုပြီး စစ်ရာဇဝတ်မှု ပိုကျူးလွန်ခိုင်းပါတယ်။ မြေပြင်မှာဖြစ်နေတာက သူကရွာကိုမီးရှို့ရင် အဲ့ဒီတစ်ရွာလုံးက ငါတို့ PDF ဆိုပြီး မခံချင်လို့ စစ်သင်တန်းလာတက်ပါတယ်။ မအလ မမေ့ဖို့က အဆိုပါရွာတွေမြို့တွေဟာ မအလလို အခြောက်မဟုတ်ဘဲ ဗန္ဓုလတို့ဦးအောင်ဇေယျတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ထွက်တဲ့ ဗမာနယ်တွေပါ။ အချို့ကိစ္စတွေမှာ လက်နက်မလောက်တာက PDF သင်တန်းဆင်းကများလွန်းလို့ လက်နက်အလုံအလောက်ပေးဖို့က ခက်နေတာပါ။သူတို့က KIA/ KNU ထံသွားတာမဟုတ်ဘဲ သူတို့ဒေသမှာဘဲ သင်ထားတာပါ။

နောက်မအလသီအိုရီက စားဝတ်နေရေး လုံးပမ်းနေရရင် သူ့ကို မတိုက်နိုင်ဘူးထင်နေတာပါ။ ယခုနယ်မှာက စားစရာမရှိလဲ ငါ့မျိုးဆက်အတွက် ဒီဖက်ဆစ်စစ်တပ်ကို တိုက်ရမယ်ဆိုပြီး လုပ်နေကြတာပါ။ယခုအချိန် DASSK က မတိုက်ပါနဲ့လို့ ထပြောရင်တောင် မအလမဆင်းပေးရင် မလွယ်တော့ပါ။ လူတွေက အဲ့ဒီလောက်ကို မအလကို မုန်းနေကြပါပြီ။

အကျဉ်းချုပ်ရရင် တော်လှန်ရေးက စစ်ရေးအရတိုက်ပြီး နိုင်ကိုနိုင်မှာပါ။ ဆွေးနွေးရတာလဲအဆုံးသတ်မှာရှိမှာပါ။ ဒါပေမယ့် ထိုအဆင့်ကိုရောက်ဖို့က စစ်ရေးအရ အသာစီးရရမှာပါ။ ပြည်သူကတိုက်ဖို့ဆုံးဖြတ်ပြီးသားမိုလို့ နိုင်ကိုနိုင်မှာပါ။ နောက်ဆုံးက ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 04, 2021

ဦးမြတ်!!!ဖတ် မှတ် သိရ​သော စာမျက်နှာ သတင်းများအရ ​အောင် ပါမည်။

■♤♤နှင်းခါးရွာ ပြည်သူတစ်ဦးရဲ့ ရင်တွင်းစကား။ **သူတို့ လုပ်​လေ​လေ၊ နာကျည်းလွန်းပြီး ရတဲ့​နေရာက ​ချောင်း​မြောင်းပြီး ပြန်လုပ်မှာပဲ။ ပျက်ဆီးသွားတဲ့ ဥစ္စာ​တွေကလည်း ​မြေယာရိှ​နေသ​ရွေ့ ​ချွေးနဲ့ရင်းရင် ပြန်ရနိုင်တယ်။***

■♡♡မိုက်တဲကိုဖျက်လို့ စွပ်စွဲအဖမ်းခံ​သော လူငယ်က သူ့မိခင်ကို ​​ပြော​သောစကား~

**သား မလုပ်ပဲ လုပ်တယ်လို့ ဝန်ခံတာက တကယ်လုပ်တဲ့ အကို​တွေ(PDF ကို ညွှန်းဆိုပါသည်)လွတ်​မြောက်သွားပြီး ​နောက်ထပ် အခွင့်အ​ရေး​တွေ သူတို့(PDFs)ပိုလုပ်နိုင်​အောင်လို့ပါ**

ကျွန်မရဲ့ ပြည်သူ​တွေ **မ အ**​တော့ပါလို့ ဒါ​ကြောင့် ​ပြောခဲ့သည်ဟု ယူဆမိပါသည်။

●အသက် ၂၀ ဝန်းကျင် လူငယ်တစ်ယောက်၏ စိတ်ထား●

●နှမ်းခါးရွာက ​တောင်သူလယ်လုပ်ပြည်သူတစ်ဦးရဲ့ အမြင်●


သည်လို ခံယူချက် စိတ်ထားရိှသူ​တွေ တ​နေ့တခြား ကမ်းတက်ဒီ​ရေအလား များပြားလာ​နေသမျှ စကစ အရှုံးဖက်ကသာ ရိှပါ​တော့မည်။ ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page